0 Shares 46 Views

ေဒၚလာ ၁၅၀ တန္ စမတ္ေမြ႕ရာဆန္ဆာကို Apple မိတ္ဆက္

Dec 08, 2018
0 46

Apple ရဲ႕ ပထမဆုံး Sleep Tracking device ထြက္လာပါျပီ။ အိပ္စက္မွဳဆိုင္ရာ အခ်က္အလက္ေတြကို ေစာင့္ၾကည့္မွတ္သားေပးမယ့္ ပစၥည္းတခု ျဖစ္ျပီး၊ Beddit Sleep Monitor လို႕ နာမည္ေပးထားပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက ဝယ္ယူထားတဲ့ Beddit ကုမၸဏီရဲ႕ ေမာ္ဒယ္အသစ္ပါ။

Beddit 3.5 ေမာ္ဒယ္ Sleep Monior ဟာ အထူ ၂ မီလီမီတာပဲ ရွိတဲ့ စမတ္ၾကိဳးျပားတခု ျဖစ္ပါတယ္။ ေမြ႕ရာ အေပၚ၊ အိပ္ရာခင္း ေအာက္မွာ ထားရွိ အသုံးျပဳရတာပါ။ ပါးလ်ႏူးညံ့တဲ့ အသားနဲ႕ ျပဳလုပ္ထားတာေၾကာင့္ အိပ္စက္ရတာ ခိုးလိုးခုလု ျဖစ္မေနဘဲ၊ ပုံမွန္အတိုင္း အိပ္စက္ႏိုင္မွာ ျဖစ္ပါတယ္။ အိပ္ရာခင္းေပၚ ထားအိပ္လည္း ရပါတယ္။

Beddit Sleep Monitor ဟာ အသုံးျပဳသူရဲ႕ အိပ္စက္မွဳ ပုံစံ (Sleep Patterns) ေတြကို ေလ့လာႏိုင္ျပီး၊ အိပ္စက္ဖို႕ အသင့္ေတာ္ဆုံး အခ်ိန္၊ အိပ္ရာထဖို႕ အသင့္ေတာ္ဆုံးအခ်ိန္ေတြကို အလိုအေလ်ာက္ အသိေပးႏိုင္ပါတယ္။

“ တိက်ေသခ်ာတဲ့ အလိုအေလ်ာက္ Tracking စနစ္ေၾကာင့္ ညဘက္ အိပ္စက္မွဳ အခ်ိန္၊ ႏွလုံးခုန္ႏွဳန္း၊ အသက္ရွဴႏွဳန္း၊ ေဟာက္မွဳ၊ အခန္း အပူခ်ိန္နဲ႕ စိုထိုင္းဆ တို႕ကို အျပည့္အစုံ ျပန္လည္သိႏိုင္ပါတယ္။” လို႕ Apple စတိုး စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

က်န္းမာေရး စမတ္လက္ပတ္ေတြမွာလည္း အိပ္စက္မွဳ တိုင္းတာႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါဝင္ေပမယ့္၊ Beddit ရဲ႕ အားသာခ်က္က အိပ္ရာထဲထိ ပတ္ထားစရာ မလိုပဲ သက္ေတာင့္သက္သာ အိပ္စက္ႏိုင္တာပါ။ ပတ္ဖို႕ ေမ့သြားတာမ်ိဳးလည္း မျဖစ္ႏိုင္ဘဲ အိပ္ရာေအာက္မွာ အျမဲထားထားႏိုင္ပါတယ္။ ဒါ့အျပင္ ရလဒ္ပို္င္းလည္း ပိုမိုတိက်မွဳ ရွိမွာပါ။

Beddit ကို Apple Watch ကေန အိပ္စက္မွဳဆိုင္ရာအခ်က္အလက္ Notifications ေတြ၊ Bedtime Reminders ေတြ ၾကည့္ႏိုင္ပါတယ္။ iOS 12 နဲ႕ အထက္က Health App ကေနျပီးလည္း အိပ္စက္မွဳဆိုင္ရာ ေဒတာဆန္းစစ္မွဳရလဒ္ေတြ၊ ႏွလုံးခုန္ႏွဳန္းေဒတာေတြ ၾကည့္ရွဳ မွတ္သားထားႏိုင္ပါတယ္။

Beddit Sleep Monitor ကို Apple ဝဘ္ဆိုဒ္ကေန ၁၄၉.၉၅ ေဒၚလာနဲ႕ ဝယ္ယူရရွိႏုိင္ပါျပီ။

Ref: Apple, The Verge

(Unicode)

ဒေါ်လာ ၁၅၀ တန် စမတ်မွေ့ရာဆန်ဆာကို Apple မိတ်ဆက်

Apple ရဲ့ ပထမဆုံး Sleep Tracking device ထွက်လာပါပြီ။ အိပ်စက်မှုဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်မှတ်သားပေးမယ့် ပစ္စည်းတခု ဖြစ်ပြီး၊ Beddit Sleep Monitor လို့ နာမည်ပေးထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဝယ်ယူထားတဲ့ Beddit ကုမ္ပဏီရဲ့ မော်ဒယ်အသစ်ပါ။

Beddit 3.5 မော်ဒယ် Sleep Monior ဟာ အထူ ၂ မီလီမီတာပဲ ရှိတဲ့ စမတ်ကြိုးပြားတခု ဖြစ်ပါတယ်။ မွေ့ရာ အပေါ်၊ အိပ်ရာခင်း အောက်မှာ ထားရှိ အသုံးပြုရတာပါ။ ပါးလျနူးညံ့တဲ့ အသားနဲ့ ပြုလုပ်ထားတာကြောင့် အိပ်စက်ရတာ ခိုးလိုးခုလု ဖြစ်မနေဘဲ၊ ပုံမှန်အတိုင်း အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။ အိပ်ရာခင်းပေါ် ထားအိပ်လည်း ရပါတယ်။

Beddit Sleep Monitor ဟာ အသုံးပြုသူရဲ့ အိပ်စက်မှု ပုံစံ (Sleep Patterns) တွေကို လေ့လာနိုင်ပြီး၊ အိပ်စက်ဖို့ အသင့်တော်ဆုံး အချိန်၊ အိပ်ရာထဖို့ အသင့်တော်ဆုံးအချိန်တွေကို အလိုအလျောက် အသိပေးနိုင်ပါတယ်။

“ တိကျသေချာတဲ့ အလိုအလျောက် Tracking စနစ်ကြောင့် ညဘက် အိပ်စက်မှု အချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ ဟောက်မှု၊ အခန်း အပူချိန်နဲ့ စိုထိုင်းဆ တို့ကို အပြည့်အစုံ ပြန်လည်သိနိုင်ပါတယ်။” လို့ Apple စတိုး စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး စမတ်လက်ပတ်တွေမှာလည်း အိပ်စက်မှု တိုင်းတာနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပေမယ့်၊ Beddit ရဲ့ အားသာချက်က အိပ်ရာထဲထိ ပတ်ထားစရာ မလိုပဲ သက်တောင့်သက်သာ အိပ်စက်နိုင်တာပါ။ ပတ်ဖို့ မေ့သွားတာမျိုးလည်း မဖြစ်နိုင်ဘဲ အိပ်ရာအောက်မှာ အမြဲထားထားနိုင်ပါတယ်။ ဒါ့အပြင် ရလဒ်ပိုင်းလည်း ပိုမိုတိကျမှု ရှိမှာပါ။

Beddit ကို Apple Watch ကနေ အိပ်စက်မှုဆိုင်ရာအချက်အလက် Notifications တွေ၊ Bedtime Reminders တွေ ကြည့်နိုင်ပါတယ်။ iOS 12 နဲ့ အထက်က Health App ကနေပြီးလည်း အိပ်စက်မှုဆိုင်ရာ ဒေတာဆန်းစစ်မှုရလဒ်တွေ၊ နှလုံးခုန်နှုန်းဒေတာတွေ ကြည့်ရှု မှတ်သားထားနိုင်ပါတယ်။

Beddit Sleep Monitor ကို Apple ဝဘ်ဆိုဒ်ကနေ ၁၄၉.၉၅ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

Ref: Apple, The Verge

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category