210 Shares 69 Views

50W Warp Chaging ပါလာမယ့္ OnePlus 6T McLaren Edition

Dec 08, 2018
210 69

OnePlus 6T ရဲ႕ အထူးထုတ္ McLaren Edition ကို ကုမၸဏီက ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား ထြက္ေနပါတယ္။ OnePlus ရဲ႕ စမတ္ဖုန္းမ်ားမွာ ပါတဲ့ Dash Charge ဟာ အလြန္ လွ်င္ျမန္စြာ အားသြင္းေပးႏုိင္တဲ့ နည္းပညာ ျဖစ္ပါတယ္။ အခုေတာ့ သူ႕ထက္ စြမ္းရည္ျမင့္မားတဲ့ အားသြင္းနည္းပညာကို အထူးထုတ္ McLaren Edition မွာ ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။

OnePlus 6T McLaren Edition ရဲ႕ Teaser တစ္ခုကို တြစ္တာမွာ ကုမၸဏီက မွ်ေ၀လိုက္ပါတယ္။ OnePlus 6T မွာ မပါတဲ့ 50W Warp Charging ကို သူ႔မွာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ကုမၸဏီက ယခုႏွစ္ အေစာပိုင္းမွာ Warp Charge ကို မွတ္ပံုတင္ထားပါတယ္။

OnePlus က ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ McLaren နဲ႔ ပူးေပါင္း ဖန္တီးထားတဲ့ အထူးထုတ္ 6T ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ သတင္းမ်ားအရ အဲဒီ စမတ္ဖုန္းမွာ 10GB RAM , 256GB Storage မ်ား ပါလာမယ္လို႔ သိရပါတယ္။ အေနာက္ဘက္မွာ McLaren Logo လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ လန္ဒန္မွာ မိတ္ဆက္ၿပီးေနာက္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ အိႏၵိယတြင္ ေၾကညာမယ္လို႔ သိရပါတယ္။ အကန္႔အသတ္ျဖင့္သာ ေရာင္းခ်မွာပါ။

အျခား Specs မ်ားကေတာ့ သာမာန္ ေမာ္ဒယ္မ်ားနဲ႔ တူညီမွာပါ။ OnePlus 6T ရဲ႕ Specs မ်ားကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ Waterdrop စတုိင္ Notch နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ၊ အရြယ္ႀကီး ဘက္ထရီမ်ား ထည့္သြင္းထားပါတယ္။ သူဟာ ယခင္မ်ိဳးဆက္ထက္ စကရင္ရဲ႕ အထက္နဲ႔ ေအာက္မွ ေဘာင္မ်ားဟာ ပါးလႊာပါတယ္။ လက္ေဗြရာ ကိရိယာကို စကရင္ရဲ႕ ေအာက္ဘက္ျခမ္းမွာ ျမွပ္ႏွံထားပါတယ္။

သူ႔မွာ ၆.၄ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ယခင္မ်ိဳးဆက္ရဲ႕ ၆.၂၈ လက္မထက္ အနည္းငယ္ ႀကီးမားပါတယ္။ OnePlus 6 ရဲ႕ 3300mAh ထက္ပိုႀကီးတဲ့ 3700mAh Battery ထည့္သြင္းထားပါတယ္။ ကင္မရာ ဟာ့ဒ္၀ဲမ်ားဟာ OnePlus 6 နဲ႔ တူညီပါတယ္။ ဒါေပမယ့္ ေဆာ့ဖ္၀ဲ အပိုင္းမွာ ကြာျခားပါတယ္။ အေနာက္ဘက္မွာ 16MP f/1.7 OIS Camera နဲ႔ 20MP f/1.7 Camera မ်ား ထည့္သြင္းထားၿပီး 2x Telephoto Shot ကို ေထာက္ပံ့ပါတယ္။ အေရွ႕ဘက္မွာ 16MP f/2.0 Camera ပါပါတယ္။ Snapdragon 845 Chipset , Android 9 Pie အေျချပဳ OxygenOS ပါပါတယ္။

[Unicode]

50W Warp Chaging ပါလာမယ့် OnePlus 6T McLaren Edition

OnePlus 6T ရဲ့ အထူးထုတ် McLaren Edition ကို ကုမ္ပဏီက ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်နေပါတယ်။ OnePlus ရဲ့ စမတ်ဖုန်းများမှာ ပါတဲ့ Dash Charge ဟာ အလွန် လျှင်မြန်စွာ အားသွင်းပေးနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ အခုတော့ သူ့ထက် စွမ်းရည်မြင့်မားတဲ့ အားသွင်းနည်းပညာကို အထူးထုတ် McLaren Edition မှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

OnePlus 6T McLaren Edition ရဲ့ Teaser တစ်ခုကို တွစ်တာမှာ ကုမ္ပဏီက မျှဝေလိုက်ပါတယ်။ OnePlus 6T မှာ မပါတဲ့ 50W Warp Charging ကို သူ့မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ယခုနှစ် အစောပိုင်းမှာ Warp Charge ကို မှတ်ပုံတင်ထားပါတယ်။

OnePlus က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ McLaren နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ အထူးထုတ် 6T ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သတင်းများအရ အဲဒီ စမတ်ဖုန်းမှာ 10GB RAM , 256GB Storage များ ပါလာမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ McLaren Logo လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လန်ဒန်မှာ မိတ်ဆက်ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယတွင် ကြေညာမယ်လို့ သိရပါတယ်။ အကန့်အသတ်ဖြင့်သာ ရောင်းချမှာပါ။

အခြား Specs များကတော့ သာမာန် မော်ဒယ်များနဲ့ တူညီမှာပါ။ OnePlus 6T ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့မှာ Waterdrop စတိုင် Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၊ အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းထားပါတယ်။ သူဟာ ယခင်မျိုးဆက်ထက် စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ပါးလွှာပါတယ်။ လက်ဗွေရာ ကိရိယာကို စကရင်ရဲ့ အောက်ဘက်ခြမ်းမှာ မြှပ်နှံထားပါတယ်။

သူ့မှာ ၆.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ရဲ့ ၆.၂၈ လက်မထက် အနည်းငယ် ကြီးမားပါတယ်။ OnePlus 6 ရဲ့ 3300mAh ထက်ပိုကြီးတဲ့ 3700mAh Battery ထည့်သွင်းထားပါတယ်။ ကင်မရာ ဟာ့ဒ်ဝဲများဟာ OnePlus 6 နဲ့ တူညီပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲ အပိုင်းမှာ ကွာခြားပါတယ်။ အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။ Snapdragon 845 Chipset , Android 9 Pie အခြေပြု OxygenOS ပါပါတယ်။

You may be interested

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen
NEWS, Softwares & Application
12 shares3 views

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen

Nigma - Dec 16, 2018

(Zawgyi) လက္ကိုင္ဂိမ္းစက္နဲ႕ Comics ဖတ္ခ်င္တဲ့လူေတြအတြက္ InkyPen ရဲ႕ လစဥ္ေၾကးသြင္း Comics ဝန္ေဆာင္မွဳကို ဒီဇင္ဘာ ၁၇ ရက္ေန႕မွာ မိတ္ဆက္သြားမွာပါ။ Nintendo Switch မွာ စတင္ ရရွိမယ့္ Subscription ဝန္ေဆာင္မွဳ ျဖစ္ျပီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္
ASUS, Mobiles & Tablets, NEWS
131 shares54 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ ေမာ္ဒယ္သစ္ Zenfone Max M2 နဲ႕ Zenfone Max Pro M2 စမတ္ဖုန္းေတြကို ျမန္မာႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။ Zenfone Max M2 Series နဲ႕အတူ ႏိုင္ငံတကာေစ်းကြက္မွာ…

Puzzle Game ႀကိဳက္သူမ်ားအတြက္ Faraway 4: Ancient Escape
Android, FEATURES, Games
74 shares34 views

Puzzle Game ႀကိဳက္သူမ်ားအတြက္ Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ္ထြက္ရွိလာတဲ့ Puzzle/ Escape Game အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဂိမ္းမွာ ေရွးေခတ္ေဟာင္း ကာလကို အေျချပဳထားပါတယ္။ အလုပ္သြား၊ အလုပ္ျပန္ခ်ိန္မ်ားနဲ႔ အားလပ္ခ်ိန္မ်ားမွာ အျပင္းေျပ ကစားဖို႔ သင့္ေတာ္ပါတယ္။ သူဟာ Puzzle…

Leave a Comment

Most from this category