0 Shares 222 Views

LG က Finger Print Sensor ကို ဖုန်းရဲ့ ဖန်သားပြင်အောက်မှာ ထည့်သွင်းဖို့ စီစဉ်

နောက်ပိုင်းထွက်ရှိလာတဲ့ ဖုန်းတွေမှာတော့ ဖုန်းလုံခြုံရေးအတွက် လက်ဗွေစနစ် (Finger Print Sensor ) တွေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ ဒီစနစ်က ကိုယ့်ဖုန်းလုံခြုံရေးအတွက်တော့ ကောင်းမွန်စေပေမယ့်လည်း ကိုယ့်ဖုန်းမှာ ဒီ Finger Print Sensor အတွက် နေရာတစ်ခုကတော့ ပေးထားရပါတယ်။

Samsung နဲ့ Apple တို့ကတော့ သူတို့ရဲ့ Home ခလုတ်တွေမှာ Finger Print Sensor ကို ထည့်သွင်းထားကြပြီး Huawei , LG နဲ့ Xiaomi တို့ကတော့ ဖုန်းရဲ့နောက်ကျောမှာ Finger Print Sensor အတွက် နေရာပေးအသုံးပြုထားပါတယ်။ Sony ကတော့ ဖုန်းရဲ့ ဘေးမှာ Finger Print Sensor ကို တပ်ဆင်ထားတာတွေကို တွေ့ရပါတယ်။

အခုဆိုရင်တော့ LG က Finger Print Sensor ကို ဖုန်းရဲ့ Display မျက်နှာပြင်အောက်မှာ ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်နေပါတယ်။ ဒီလိုမျိုး ဖုန်းရဲ့ မျက်နှာပြင်အောက်မှာ Finger Print Sensor ကို ထည့်သွင်းအသုံးပြုလိုက်တာဟာဆိုရင်တော့ sensor ကို ရေနဲ့ တိုက်ရိုက်ထိတွေ့မှုတွေ ၊ ခြစ်ရာပွန်းရာဖြစ်တာတွေကနေ ကာကွယ်ပြီးသားဖြစ်စေလိမ့်မယ်လို့ LG က ပြောပါတယ်။

ဖန်သားပြင်အောက်က Sensor ဟာဆိုရင်တော့ 0.03 mm သာနေရာယူမှာဖြစ်ပြီး ဖန်သားပြင်နဲ့ sensor နှစ်ခုပေါင်း အထူဟာ 0.25 mm သာရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမှားပြုလုပ်နိုင်ချေဟာဆိုရင်လည်း 0.002% သာ ရှိပါတယ်။ ဒီ ဖန်သားပြင်အောက်က sensor ဟာ ဖန်သားပြင်ပေါ်မှာရှိနေတဲ့ menu နဲ့ home key တွေရဲ့ လုပ်ငန်းလုပ်ဆောင်မှုအပိုင်းကိုလည်း ထိခိုက်မှာ မဟုတ်ဘူးလို့ LG က ဆိုပါတယ်။

Ref : Android Authority

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category