189 Shares 61 Views


Dec 07, 2018
190 61





Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၂ လုံး ပါတဲ့ Galaxy S10 ဓါတ်ပုံ ထွက်ပေါ်လာ

အနောက်ကင်မရာ ၄ လုံးပါတဲ့ Galaxy S10+ ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ အနောက်ကင်မရာ ၂ လုံး ပါတဲ့ Galaxy S10 ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။ လာမယ့်နှစ်မှာ အနည်းဆုံး စွမ်းရည်မြင့် Galaxy S10 Series ၃ ခု ထွက်လာမှာပါ။ S10+ ကတော့ စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး ကင်မရာ ၄ လုံးနဲ့ အရွယ်ကြီး မျက်နှာပြင်ကွေး ပါလာမှာပါ။

၅.၈ လက်မ မော်ဒယ် ၂ ခု ပါလာမှာပါ။ တစ်ခုက မျက်နှာပြင်ကွေး ဖြစ်ပြီး နောက်တစ်ခုက မျက်နှာပြင်ပြား ( အခြေခံ မော်ဒယ် )ဖြစ်ပါတယ်။ ဒီပုံမှာပါတဲ့ မော်ဒယ်က အလယ်အလတ် တန်းစား ဖြစ်နိုင်ပါတယ်။ သူ့မှာ မျက်နှာပြင်ကွေးနဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။

အခြေခံ မော်ဒယ်မှာ ဘေးဘက်တွင် လက်ဗွေရာ ကိရိယာပါပါတယ်။ ဒီပုံရဲ့ ဘေးဘက်များကိုတော့ မမြင်ရပါဘူး။ Case ရဲ့ ဘေးဘက်မှာတော့ ပါဝါနဲ့ လက်ဗွေရာ ကိရိယာအတွက် အပေါက်များ မပါပါဘူး။ Exynos 9820 ပါတဲ့ S10+ ရဲ့ သတင်းအချက်အလက်များ AnTuTu ကနေ ထွက်ပေါ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် Snapdragon 855 Version က ပိုပြီး မြန်ပါတယ်။

Benchmark အရ Qualcomm ရဲ့ Chip အသစ်ဟာ Samsung Chipset နဲ့ Kirin 980 တို့ထက် CPU, GPU နဲ့ AI စွမ်းရည်များမှာ သာလွန်ပါတယ်။ အရမ်းကြီးတော့ မကွာခြားပါဘူး။ စိတ်ဝင်စားစရာ အကောင်းဆုံးက စွမ်းအင် ချွေတာမှု အပိုင်း ဖြစ်ပါတယ်။ Qualcomm ဟာ အဲဒီ အပိုင်းမှာ အကောင်းဆုံးပါ။

Ref : gsmarena

You may be interested

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple

Ko Thuya - Dec 17, 2018

Apple User ၂ ဦးက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သောကြာနေ့က ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ Apple ဟာ iPhone X, XS, XS Max များကို ကြေညာရာမှာ မျက်နှာပြင် အရွယ်အစားများကို မှားယွင်းစွာ ဖော်ပြထားတယ်လို့ တိုင်ကြားထားပါတယ်။…

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
23 shares18 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
457 shares180 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Leave a Comment

Most from this category