0 Shares 160 Views


Dec 07, 2018
0 160




Ref : gsmarena

[Unicode]

အနောက်ကင်မရာ တစ်လုံး ပါတဲ့ ဖုန်းများထဲမှာ အကောင်းဆုံး ဖြစ်သွားတဲ့ iPhone XR

DxOMark က iPhone XR ရဲ့ အနောက်ကင်မရာကို စမ်းသပ်လို့ရတဲ့ ရမှတ်များကို ကြေညာလိုက်ပါတယ်။ သူဟာ ရုပ်သေ ဓါတ်ပုံ အပိုင်းမှာ ၁၀၃ မှတ်နဲ့ ဗီဒီယို အပိုင်းမှာ ၁၀၁ မှတ် ရရှိသွားပါတယ်။ စုစုပေါင်း ရမှတ်က ၁၀၁ ဖြစ်ပါတယ်။ အနောက်ကင်မရာ တစ်လုံး ပါတဲ့ ဖုန်းများထဲမှာတော့ သူဟာ ရမှတ် အများဆုံး ဖြစ်သွားပါတယ်။ ဒါပေမယ့် Pixel 3 / 3 XL တို့ရဲ့ DxOMark ရမှတ်များကို စောင့်ကြည့်ရဦးမှာပါ။

အနောက်ကင်မရာ တစ်လုံး သာ ပါပေမယ့် iPhone XR ဟာ Portrait Mode မှာ Edge Detection အလွန် ကောင်းပါတယ်။ ဒါပေမယ့် Telephoto Lens မပါတဲ့ အတွက် Zoom Function က သိပ်မကောင်းပါဘူး။ ကင်မရာဟာ အလင်းရောင် အခြေအနေမျိုးစုံမှာ Exposure ကောင်းမွန်ပါတယ်။ Wide Dynamic Range ကလည်း လန်းပါတယ်။ Noise ကို လျှော့ချမှုနဲ့ အသေးစိတ် ဖမ်းယူမှု အပိုင်းများမှာ Balance ကောင်းပါတယ်။ Auto Focus စနစ်ကလည်း ထိပ်တန်း အဆင့်ပါ။

ဒါပေမယ့် Low Light နဲ့ Indoor များမှာ Noise နဲ့ Blur ပြဿနာများ အနည်းငယ် ရှိပါတယ်။ ဗီဒီယို အပိုင်းမှာ ကင်မရာဟာ Dynamic Range အလွန် လန်းပါတယ်။ Image Stabilization ကလည်း ရှယ်ပါပဲ။ Auto Focus က အဆင့်မှီပါတယ်။ Indoor မှာ White Balance နဲ့ Noise များက အားနည်းချက်များ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category