0 Shares 960 Views


Dec 07, 2018
0 960







Ref: Polygon, Kotaku

(Unicode)

Battle Royale Mode ပါဝင်လာပြီး၊ အခမဲ့ ဖြစ်သွားတဲ့ Counter-Strike: GO

CS: GO မဝယ်ရသေးသူတွေအတွက် မင်္ဂလာသတင်းပါ။ လောလောလတ်လတ် ဝယ်ထားသူတွေကတော့ ကြေကွဲစရာလို့ ဆိုနိုင်ပါတယ်။

Valve ဟာ Counter-Strike: Global Offensive ကို ယနေ့မှာ Major Upgrade လုပ်ပေးလိုက်ပါတယ်။ အရင်က ၁၄.၉၉ ဒေါ်လာ ပေးရတဲ့ ဂိမ်းကို လုံးဝ အခမဲ့ လုပ်ပစ်လိုက်ပြီး၊ Danger Zone ဆိုတဲ့ battle royale mode အသစ် ပါ ထည့်ပေးလိုက်တာပါ။

CS: GO free-to-play မဖြစ်ခင်က ဝယ်ထားသူတွေအနေနဲ့ အမှတ်တရအဖြစ် ‘Loyalty Badge’ ရသွားမှာ ဖြစ်သလို၊ Prime Account အဖြစ်လည်း Upgrade လုပ်ပေးသွားမှာပါ။

Free-to-play CS: GO Player တွေအနေနဲ့ သူတို့အကောင့်ကို Prime ပြောင်းချင်တယ်ဆိုရင်တော့ အရင်လိုပဲ ၁၄.၉၉ ဒေါ်လာ ပေးရပါလိမ့်မယ်။

Danger Zone ကတော့ CS: GO မှ အခုမှ စပါလာတဲ့ Battle Royale Mode အသစ်ပါ။ CS: GO ပွဲတွေ ထုံးစံအတိုင်း မြန်မြန်ဆန်ဆန် ပွဲပြီးမယ့် Battle Royale Mode ဖြစ်ပါတယ်။ Solo, Duo or Trio လား အပေါ်မူတည်ပြီး Player ၁၆ ယောက်ကနေ ၁၈ ယောက် ပါမှာဖြစ်ကာ၊ Blacksite ဆိုတဲ့ Map မှာ ဆင်းသက်ရမှာပါ။ ပြီးရင်တော့ PUBG လိုပဲ သေနတ်၊ ချပ်ဝတ်၊ ပိုက်ဆံတွေ လိုက်ရှာရမှာ ဖြစ်ပါတယ်။ ပိုက်ဆံသုံးပြီး ပွဲအတွင်း သေနတ်တွေ ထပ်ဝယ်နိုင်ပြီး၊ ဝယ်ထားတာတွေကို ဒရုန်းနဲ့ လာပို့မှာပါ။ ဓားစာခံကယ်တာနဲ့ Contract mini-missions တွေ ဆော့ပြီးလည်း ပိုက်ဆံ ထပ်ရှာနိုင်ပါတယ်။

ဒါ့အပြင် ဒရုန်းလာတာနဲ့ ရန်သူနေရာကို ကြည့်နိုင်တဲ့ တက်ဘလက်တလုံး လည်း ပါဦးမှာပါ။ Battle Royale ဂိမ်းဖြစ်တာနဲ့ အညီ Health Bar နဲ့ Armor တွေကို တိုးထားတာကြောင့် ရိုးရိုး CS: GO ဂိမ်းလောက်တော့ လွယ်လွယ်သေမှာ မဟုတ်ပါဘူး။

Ref: Polygon, Kotaku

 

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category