0 Shares 80 Views


Dec 07, 2018
0 80




Ref : businessinsider

[Unicode]

ကယ်လီဖိုးနီးယားရဲ့ နေအိမ်အသစ်တိုင်းမှာ Solar Panel များ တပ်ဆင်ရမည်

ကယ်လီဖိုးနီးယား အာဏာပိုင်များက ပြည်နယ်ရဲ့ နေအိမ်အသစ်တိုင်းမှာ Solar Panel များ တပ်ဆင်ဖို့ ဥပဒေတစ်ခုကို အတည်ပြုလိုက်ပါတယ်။ အဲဒီ အတွက် ကယ်လီဖိုးနီးယားဟာ နေအိမ်အသစ်တိုင်းမှာ Solar Panel များ တပ်ဆင်ရမယ့် အမေရိကန်ရဲ့ ပထမဆုံး ပြည်နယ် ဖြစ်လာပါတယ်။ Technology Advancement for the California Solar & Storage Association (CALSSA) ရဲ့ ဒါရိုက်တာ ဖြစ်သူ Kelly Knutsen က Solar Builder Magazine ကို ပြောပါတယ်။ ၂၀၂၀ ခုနှစ်က စပြီး ကယ်လီဖိုးနီးယားရဲ့ နေအိမ်အသစ်တိုင်းမှာ Solar Panel များကို တပ်ဆင်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ လုံးချင်းအိမ်များ၊ လူနေ အဆောက်အဦးကြီးများ၊ ကွန်ဒိုမီနီယမ်များ အားလုံးမှာ Solar Panel များ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရိပ်ကျနေတဲ့ နေအိမ်များနဲ့ Solar Panel များ တပ်ဆင်လို့ မရလောက်အောင် သေးငယ်တဲ့ အိမ်ခေါင်မိုးများ ရှိတဲ့ အိမ်များမှာတေ့ တပ်ဆင်ဖို့ မလိုအပ်ပါဘူး။

ကယ်လီဖိုးနီးယား စွမ်းအင် ကော်မရှင်က ဒီ ဥပဒေ အသစ်ဟာ နေအိမ် အသစ်ဆောက်မယ့် မိသားစုတိုင်းအတွက် ဒေါ်လာ ၁၀ ၀၀၀ ဝန်းကျင် ထပ်မံ ကုန်ကျမယ်လို့ ပြောပါတယ်။ ဒါပေမယ့် Solar Panel များကနေ ရရှိတဲ့ လျှပ်စစ် စွမ်းအင်ကြောင့် ရေရှည်မှာ မီတာခများ သက်သာသွားမှာ ဖြစ်ပါတယ်။ နေအိမ်တစ်လုံးဟာ နှစ်ပေါင်း ၃၀ ကာလအတွက် မီတာခ ဒေါ်လာ ၁၉ ၀၀၀ လောက် ကုန်ကျနေတယ်လို့ သိရပါတယ်။

Ref : businessinsider

You may be interested

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

Leave a Comment

Most from this category