176 Shares 45 Views

Apple Watch Series 4 မွာ ECG ရၿပီ

Dec 07, 2018
176 45

Apple က Watch Series 4 မွာ ႏွလံုးခုန္ႏႈန္း မူမမွန္ျခင္းကို တိက်စြာ တိုင္းတာေပးႏိုင္တဲ့ ECG လုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးမယ္လို႔ ေျပာထားေပမယ့္ သက္ဆိုင္ရာ ႏိုင္ငံမ်ားရဲ႕ ခြင့္ျပဳခ်က္ကို ရရွိဖို႔ ေစာင့္ခဲ့ရပါတယ္။ အခုေတာ့ အေမရိကန္မွာ ECG ကို watchOS Update 5.1.2 ျဖင့္ ထည့္သြင္းေပးလိုက္ပါတယ္။ တ

လက္ရွိမွာ ECG ကို အေမရိကန္မွာသာ အသံုးျပဳႏိုိင္ပါေသးတယ္။ Apple Watch 4 ဟာ သူ႔ရဲ႕ ဆန္ဆာကို သံုးၿပီး ၀တ္ဆင္သူရဲ႕ ႏွလံုးခုန္ႏႈန္းကို တိုင္းတာေပးပါတယ္။ သူ႔ရဲ႕ ECG ဟာ AFib ကို ျဖစ္ေစတာနဲ႔ ဆက္စပ္ေနတဲ့ ႏွလံုးခုန္ႏႈန္း အလြန္ျမန္ျခင္း၊ ေႏွးျခင္းနဲ႔ မူမမွန္ျခင္းမ်ားကို စစ္ေဆးေပးႏုိင္ပါတယ္။ အဲဒီအရာမ်ားကို စစ္ေဆးေတြ႕ရွိတာနဲ႔ သူက ၀တ္ဆင္သူကို သတိေပးႏုိင္ပါတယ္။

Apple ဟာ အေမရိကန္ FDA ကေန အသိအမွတ္ျပဳလက္မွတ္ ရရွိဖို႔အတြက္ သူ႔ စမတ္နာရီအသစ္ကို သုေတသန ျပဳလုပ္ၿပီး ရလဒ္မ်ားအား တင္ျပခဲ့ရပါတယ္။ သုေတသန ရလဒ္မ်ားအရ စမတ္နာရီရဲ႕ ECG Software ဟာ Atrial Fibrillation(AFib) လို အႏၱရာယ္ရွိတဲ့ အေျခအေနကို တိုင္းတာရာမွာ ၉၈ ရာခုိင္ႏႈန္းေက်ာ္ မွန္ကန္တယ္လို႔ သိရပါတယ္။

ကေနဒါ က်န္းမာေရး အာဏာပိုင္မ်ားနဲ႔ Apple က ေဆြးေႏြးေနတဲ့ သတင္းမ်ားလည္း ယခင္က ထြက္ခဲ့ဖူးပါတယ္။ နာရီရဲ႕ ECG ကို ကေနဒါမွ User မ်ား အသံုးျပဳႏိုင္ေအာင္ ျဖစ္ပါတယ္။ ကေနဒါ FDA ဟာ အေမရိကန္ထက္ ပိုမို စည္းကမ္းမ်ား တင္းၾကပ္တဲ့အတြက္ ECG ကို အနာဂတ္မွာ ကေနဒါတြင္ သံုးႏုိင္ဖို႔က မေသခ်ာေသးပါဘူး။

Ref : gsmarena

[Unicode]

Apple Watch Series 4 မှာ ECG ရပြီ

Apple က Watch Series 4 မှာ နှလုံးခုန်နှုန်း မူမမှန်ခြင်းကို တိကျစွာ တိုင်းတာပေးနိုင်တဲ့ ECG လုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ်လို့ ပြောထားပေမယ့် သက်ဆိုင်ရာ နိုင်ငံများရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ စောင့်ခဲ့ရပါတယ်။ အခုတော့ အမေရိကန်မှာ ECG ကို watchOS Update 5.1.2 ဖြင့် ထည့်သွင်းပေးလိုက်ပါတယ်။ တ

လက်ရှိမှာ ECG ကို အမေရိကန်မှာသာ အသုံးပြုနိုင်ပါသေးတယ်။ Apple Watch 4 ဟာ သူ့ရဲ့ ဆန်ဆာကို သုံးပြီး ဝတ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါတယ်။ သူ့ရဲ့ ECG ဟာ AFib ကို ဖြစ်စေတာနဲ့ ဆက်စပ်နေတဲ့ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း၊ နှေးခြင်းနဲ့ မူမမှန်ခြင်းများကို စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီအရာများကို စစ်ဆေးတွေ့ရှိတာနဲ့ သူက ဝတ်ဆင်သူကို သတိပေးနိုင်ပါတယ်။

Apple ဟာ အမေရိကန် FDA ကနေ အသိအမှတ်ပြုလက်မှတ် ရရှိဖို့အတွက် သူ့ စမတ်နာရီအသစ်ကို သုတေသန ပြုလုပ်ပြီး ရလဒ်များအား တင်ပြခဲ့ရပါတယ်။ သုတေသန ရလဒ်များအရ စမတ်နာရီရဲ့ ECG Software ဟာ Atrial Fibrillation(AFib) လို အန္တရာယ်ရှိတဲ့ အခြေအနေကို တိုင်းတာရာမှာ ၉၈ ရာခိုင်နှုန်းကျော် မှန်ကန်တယ်လို့ သိရပါတယ်။

ကနေဒါ ကျန်းမာရေး အာဏာပိုင်များနဲ့ Apple က ဆွေးနွေးနေတဲ့ သတင်းများလည်း ယခင်က ထွက်ခဲ့ဖူးပါတယ်။ နာရီရဲ့ ECG ကို ကနေဒါမှ User များ အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ ကနေဒါ FDA ဟာ အမေရိကန်ထက် ပိုမို စည်းကမ်းများ တင်းကြပ်တဲ့အတွက် ECG ကို အနာဂတ်မှာ ကနေဒါတွင် သုံးနိုင်ဖို့က မသေချာသေးပါဘူး။

Ref : gsmarena

You may be interested

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen
NEWS, Softwares & Application
12 shares3 views

Switch နဲ႕ Comic ဖတ္ႏိုင္မယ့္ InkyPen

Nigma - Dec 16, 2018

(Zawgyi) လက္ကိုင္ဂိမ္းစက္နဲ႕ Comics ဖတ္ခ်င္တဲ့လူေတြအတြက္ InkyPen ရဲ႕ လစဥ္ေၾကးသြင္း Comics ဝန္ေဆာင္မွဳကို ဒီဇင္ဘာ ၁၇ ရက္ေန႕မွာ မိတ္ဆက္သြားမွာပါ။ Nintendo Switch မွာ စတင္ ရရွိမယ့္ Subscription ဝန္ေဆာင္မွဳ ျဖစ္ျပီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္
ASUS, Mobiles & Tablets, NEWS
131 shares54 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ႕ ROG Phone တို႕ကို ျပည္တြင္းေစ်းကြက္တြင္ စတင္ မိတ္ဆက္

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ ေမာ္ဒယ္သစ္ Zenfone Max M2 နဲ႕ Zenfone Max Pro M2 စမတ္ဖုန္းေတြကို ျမန္မာႏိုင္ငံမွာ တရားဝင္ မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။ Zenfone Max M2 Series နဲ႕အတူ ႏိုင္ငံတကာေစ်းကြက္မွာ…

Puzzle Game ႀကိဳက္သူမ်ားအတြက္ Faraway 4: Ancient Escape
Android, FEATURES, Games
74 shares34 views

Puzzle Game ႀကိဳက္သူမ်ားအတြက္ Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ္ထြက္ရွိလာတဲ့ Puzzle/ Escape Game အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဂိမ္းမွာ ေရွးေခတ္ေဟာင္း ကာလကို အေျချပဳထားပါတယ္။ အလုပ္သြား၊ အလုပ္ျပန္ခ်ိန္မ်ားနဲ႔ အားလပ္ခ်ိန္မ်ားမွာ အျပင္းေျပ ကစားဖို႔ သင့္ေတာ္ပါတယ္။ သူဟာ Puzzle…

Leave a Comment

Most from this category