ရေ သုံးစွဲမှု ချွေတာနိုင်အောင် ကူညီပေးမယ့် Hydrao စမတ်ရေပန်း ကို ဖန်တီးနေ

Jan 09, 2016
0 7

 

hydrao_eco_sensitive_smart_shower_ap_246

 

ပြင်သစ်နိုင်ငံက အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Gabriel Della-Monica ဟာ တန်ဖိုးရှိလှတဲ့ ရေ တွေ အလဟဿ မကုန်ဆုံးသွားစေဖို့ ကူညီပေးနိုင်မယ့် စမတ် ရေပန်း တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

Della-Monica ဟာ သူ့ရဲ့သမီး ၄ ယောက်နဲ့ သူတို့ ရေချိုးချိန်တွေကို စိတ်ထဲမှာတွေးမိသွားပြီး လူတွေကို ရေ ပမာဏ ဘယ်လောက်ထိ သုံးစွဲပြီး ရေချိုးခဲ့တယ် ၊ ဘယ်အချိန်မှာ ရေချိုးခြင်းကို ရပ်နားသင့်တယ်ဆိုတာကို အသိပေးနိုင်မယ့် စမတ် ရေပန်း တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။

မနှစ်ကတော့ သူဟာ ပြင်သစ်နိုင်ငံမှာ အခြေစိုက်တဲ့ Smart & Blue ဆိုတဲ့ ကုမ္မဏီ တစ်ခုကိုတည်ထောင်ကာ Hydrao လို့အမည်ပေးထားတဲ့ စမတ်ရေပန်းကို လတ်စ်ဗီးဂတ်စ် မှာ ကျင်းပခဲ့တဲ့ CES ပွဲတော်မှာ မိတ်ဆက်ပြသနိုင်အောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ သမီးလေးတွေကို ရေချွေတာခြင်းရဲ့ အရေးပါမှုတွေကို သိရှိစေလိုတဲ့ အိုင်ဒီယာ နဲ့ Hydrao ကို တီထွင် ဖန်တီးခဲ့တာပါ။ ကျွန်တော်က ရေချိုးတဲ့အချိန်ကို ပျော်စရာတွေဖြစ်စေချင်ပြီး လူငယ်တွေကိုလည်း ကောင်းတဲ့အလေ့အကျင့် တွေ ဖြစ်လာစေချင်တာပါ” လို့ Della-Monica က ပြောပါတယ်။

Hydrao ရဲ့ လုပ်ဆောင်ချက်ကတော့ ထို စမတ်ရေပန်းအတွင်းဖြတ်သန်းသွားတဲ့ ရေစီးဆင်းမှုတွေကို မှတ်သားထားပြီး ရေပန်းမှာပါတဲ့ LED က အဆင့်ဆင့်ဖော်ပြပေးမှာပါ။ ရေပန်းစတင်အသုံးပြုတဲ့အခါမှာ LED က အစိမ်းရောင်ပြသ မှာဖြစ်ပြီး သုံးစွဲတဲ့ ပမာဏ အဆင့်ဆင့်ကို အပြာရောင် ၊ အနီရောင်များနဲ့ ပြသသွားမှာပါ။ ရေ လီတာ ၅၀ ခန့်အထိ အသုံးပြုပြီးသွားတဲ့အချိန်မှာ LED က အနီရောင်ပြသပြီး သတိပေးသွားမှာပါ။ ထို LED အတွက် လိုအပ်တဲ့ လျှပ်စစ်ကိုလည်း ရေပန်းအတွင်းထည့်သွင်းပေးထားတဲ့ Mini Hydro Power Plant ကနေ ရရှိမှာဖြစ်တဲ့အတွက် ဘက်ထရီ အသုံးပြုစရာမလိုပါဘူး။

ဒါ့အပြင် Hydrao စမတ်ရေပန်းဟာ စမတ်ဖုန်း ၊ တတ်ဘလတ်များနဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်ပြီး iOS ကိရိယာများနဲ့ Android ကိရိယာ များအတွက် စမတ်ရေပန်း နဲ့ချိတ်ဆက်ရမယ့် App တစ်ခုကိုလည်း ရေးဆွဲဖန်တီးထားတယ်လို့ သိရပါတယ်။ ထို App ထဲမှာတော့ အသုံးပြုသူတွေဟာ Profile ဖန်တီးထားနိုင်တဲ့အတွက် လူတစ်ယောက်ချင်းစီရဲ့ ရေသုံးစွဲမှု ပမာဏကို ဖော်ပြပေးနိုင်တာပဲဖြစ်တယ်လို့ Smart & Blue ကုမ္မဏီ ရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ Claire Curaba က AFP သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ထို စမတ်ရေပန်းကို ထုတ်လုပ်နိုင်ဖို့အတွက်တော့ လက်ရှိမှာ ဆောင်ရွက်နေဆဲ ကာလဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၀၀ မကျော်နိုင်ဘူးလို့ သိရပါတယ်။

Ref : Gadgets 360

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Leave a Comment

Most from this category