667 Shares 225 Views

၃ လအတြင္းမွာ အလံုးေရ ၇ သိန္း ေရာင္းခ်ႏုိင္ခဲ့တဲ့ Xiaomi Pocophone F1

Dec 07, 2018
667 225

Xiaomi က ၾသဂုတ္လမွာ Pocophone F1 ကို ေၾကညာခဲ့ပါတယ္။ သူ႕ရဲ႕ ေရာင္းအားမ်ားဟာလည္း အလြန္ ေကာင္းခဲ့ပါတယ္။ သူ႔ကို ကမာၻအ၀န္းမွာ အလံုးေရ ၇ သိန္း ေရာင္းခ်ၿပီးၿပီလို႔ ကုမၸဏီက ေၾကညာပါတယ္။ Poco ဟာ စပိန္ ဘာသာစကားအရ ေသးငယ္တယ္လို႔ အဓိပၸါယ္ရပါတယ္။ ဒါေပမယ့္ Poco Fans မ်ားကေတာ့ လအနည္းငယ္အတြင္းမွာတစ္ဟုန္ထိုး မ်ားျပားလာပါတယ္။ Counterpoint ရဲ႕ စာရင္းမ်ားအရ အိႏၵိယမွာ ယခုႏွစ္ ကြာတား ၃ တြင္ သူဟာ ေရာင္း အေကာင္းဆံုး စမတ္ဖုန္း ျဖစ္လာပါတယ္။

သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူဟာ Snapdragon 845 ပါတဲ့ ေစ်းအေပါဆံုး ဖုန္း ျဖစ္ပါတယ္။ သူ႔မွာ ၆.၁၈ လက္မ LCD Full HD+ Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18.7:9 ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ Physical Buttons မ်ား မပါပါဘူး။ Face Unlock အတြက္ အနီေအာက္ေရာင္ျခည္ Sensor ကို Notch မွာ ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ကို Gorilla Glass ျဖင့္ ကာကြယ္ထားပါတယ္။

64GB , 128GB , 256GB Storage မ်ား ထုတ္လုပ္ေပးထားပါတယ္။ အေနာက္ဘက္မွာ 12+5MP Dual Camera မ်ား ပါပါတယ္။ Selfie Camera အတြက္ 20MP ကို ထည့္ေပးထားပါတယ္။ Android Oreo အေျချပဳ MIUI 9.6 ထည့္ထားပါတယ္။ ဒါေပမယ့္ OS မွာ Poco Theme ကို သံုးထားပါတယ္။ Android Pie အေျချပဳ MIUI 10 ကို ရရွိမွာပါ။

Quick Charge 3.0 ပါတဲ့ 4000mAh Battery ထည့္သြင္းထားပါတယ္။ ဖုန္းကို အပူ မလြန္ကဲေစမယ့္ LiquidCool နည္းပညာ ပါပါတယ္။ အနက္၊ အျပာနဲ႔ အနီေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ ႏုိင္ငံအလုိက္ ေစ်းႏႈန္းမ်ား ကြာျခားပါတယ္။ ျပင္သစ္မွာ 64GB ကို ယူရို ၃၆၀ နဲ႔ 128GB ကို ယူရို ၄၀၀ သတ္မွတ္ထားပါတယ္။ စပိန္မွာ 64GB ကို ယူရို ၃၃၀ သတ္မွတ္ထားပါတယ္။ 128GB ကေတာ့ ယူရို ၄၀၀ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

၃ လအတွင်းမှာ အလုံးရေ ၇ သိန်း ရောင်းချနိုင်ခဲ့တဲ့ Xiaomi Pocophone F1

Xiaomi က သြဂုတ်လမှာ Pocophone F1 ကို ကြေညာခဲ့ပါတယ်။ သူ့ရဲ့ ရောင်းအားများဟာလည်း အလွန် ကောင်းခဲ့ပါတယ်။ သူ့ကို ကမ္ဘာအဝန်းမှာ အလုံးရေ ၇ သိန်း ရောင်းချပြီးပြီလို့ ကုမ္ပဏီက ကြေညာပါတယ်။ Poco ဟာ စပိန် ဘာသာစကားအရ သေးငယ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် Poco Fans များကတော့ လအနည်းငယ်အတွင်းမှာတစ်ဟုန်ထိုး များပြားလာပါတယ်။ Counterpoint ရဲ့ စာရင်းများအရ အိန္ဒိယမှာ ယခုနှစ် ကွာတား ၃ တွင် သူဟာ ရောင်း အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူဟာ Snapdragon 845 ပါတဲ့ ဈေးအပေါဆုံး ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၆.၁၈ လက်မ LCD Full HD+ Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18.7:9 ဖြစ်ပါတယ်။ အရှေ့ဘက်မှာ Physical Buttons များ မပါပါဘူး။ Face Unlock အတွက် အနီအောက်ရောင်ခြည် Sensor ကို Notch မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။

64GB , 128GB , 256GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 12+5MP Dual Camera များ ပါပါတယ်။ Selfie Camera အတွက် 20MP ကို ထည့်ပေးထားပါတယ်။ Android Oreo အခြေပြု MIUI 9.6 ထည့်ထားပါတယ်။ ဒါပေမယ့် OS မှာ Poco Theme ကို သုံးထားပါတယ်။ Android Pie အခြေပြု MIUI 10 ကို ရရှိမှာပါ။

Quick Charge 3.0 ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်းကို အပူ မလွန်ကဲစေမယ့် LiquidCool နည်းပညာ ပါပါတယ်။ အနက်၊ အပြာနဲ့ အနီရောင်များ ထုတ်လုပ်ထားပါတယ်။ နိုင်ငံအလိုက် ဈေးနှုန်းများ ကွာခြားပါတယ်။ ပြင်သစ်မှာ 64GB ကို ယူရို ၃၆၀ နဲ့ 128GB ကို ယူရို ၄၀၀ သတ်မှတ်ထားပါတယ်။ စပိန်မှာ 64GB ကို ယူရို ၃၃၀ သတ်မှတ်ထားပါတယ်။ 128GB ကတော့ ယူရို ၄၀၀ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category