6589 Shares 4099 Views


Dec 07, 2018
6589 4099




Ref : gsmarena

[Unicode]

ဗြိတိန်ရဲ့ BT Telecom က လုံခြုံရေး အရ Huawei ရဲ့ 4G အစိတ်အပိုင်းများကို ဖယ်ရှား

Huawei ရဲ့ 5G ကွန်ယက် အစိတ်အပိုင်းများကို အသုံးပြုမှုအား အမေရိကန်က စတင် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အမေရိကန်က မိတ်ဖက်နိုင်ငံများအား သူ့ရဲ့ လမ်းစဉ်ကို လိုက်ဖို့ စည်းရုံးခဲ့ပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန်တို့ကလည်း ဟွာဝေးရဲ့ အစိတ်အပိုင်းများအား ပိတ်ပင်ခဲ့ပါတယ်။ အခုတော့ ဗြိတိန်ရဲ့ ထောက်လှမ်းရေး MI6 က အမေရိကန် လမ်းစဉ်ကို လိုက်လာပါပြီ။

MI6 က ဟွာဝေးဟာ တရုတ် အစိုးရနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အတွက် ဗြိတိန်ရဲ့ BT Telecom က သူ့ရဲ့ ကွန်ယက်မှ အဓိကကျတဲ့ ဧရိယာများမှာ ဟွာဝေးရဲ့ 3G , 4G အစိတ်အပိုင်းများကို ယခု ဖယ်ရှားနေပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ကပဲ အီရန်နဲ့ ကုန်သွယ်ခဲ့တဲ့ အတွက် Huawei ရဲ့ CFO ဖြစ်သူကို ကနေဒါ နိုင်ငံ ဗန်ကူးဗားမှာ ထိန်းသိမ်းခဲ့ပါတယ်။ ZTE ကလည်း အဲဒီလို ပြုလုပ်ခဲ့ဖူးတဲ့ အတွက် အမေရိကန်ရဲ့ ပိတ်ပင်မှုများကို ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဟွာဝေးကို People’s Liberation Army ရဲ့ အရာရှိ ဖြစ်ခဲ့ဖူးသူက တည်ထောင်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဟွာဝေးဟာ တရုတ်အစိုးရနဲ့ ပတ်သက်နေတယ်လို့ ယူဆကြတဲ့ အတွက် အနောက်နိုင်ငံများက စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး နည်းပညာများကနေ တစ်ဆင့် ဟွာဝေးဟာ သူတို့ နိုင်ငံရဲ့ သတင်းအချက်အလက်များကို ခိုးယူပြီး တရုတ် အစိုးရကို ပေးအပ်မှာကို ကြောက်ရွံ့နေကြတာ ဖြစ်ပါတယ်။ ဟွာဝေးကတော့ BT Telecom နဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။

Ref : gsmarena

You may be interested

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်

Ko Thuya - Feb 23, 2019

Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…

Leave a Comment

Most from this category