1263 Shares 151 Views


Dec 07, 2018
1263 151




Ref : gsmarena

[Unicode]

Xiaomi Mi Mix 3 5G Model မှာ Snapdragon 855 ပါမည်

China Mobile က ဘေဂျင်းမှာ ကျင်းပနေတဲ့ Partner Conference ပွဲကို Xiaomi တက်ရောက်နေပါတယ်။ သူက ပွဲမှာ Snapdragon X50 Modem ပါတဲ့ Mi Mix 3 5G ရဲ့ နမူနာမော်ဒယ်ကို ပြသလိုက်ပါတယ်။ သူ့မှာ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားပြီး အခြား Specs များကတော့ မူလမော်ဒယ်များနဲ့ တူညီပါတယ်။ Design ကလည်း တူညီပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ Notched Screen ထည့်ထားပါတယ်။ 960fps Video Recording ကို ရရှိပါတယ်။

ရှောင်မီက Mi Mix 3 5G မှာ Qualcomm ရဲ့ နောက်မျိုးဆက် Modem ပါတဲ့ Chipset ကို သူ့ရဲ့ In-house Antenna နဲ့ ပေါင်းစပ်ထားတယ်လို့ ပြောပါတယ်။ ဒေါင်းလုပ် အမြန်နှုန်းဟာ 2Gbps အထိ ရရှိနိုင်ပါတယ်။ သရုပ်ပြသတဲ့ အခါမှာ ဖုန်းဟာ 5G ကွန်ယက်ကို လျှင်မြန်စွာ ဆက်သွယ်နိုင်ပြီး ဝက်ဘ်စာမျက်နှာများကို ဖွင့်ခြင်း၊ ဗီဒီယိုများ ကြည့်ခြင်းများကို လျှင်မြန်စွာ ပြုလုပ်နိုင်တာကို မြင်ရပါတယ်။

ရှောင်မီက 5G Phone ကို ၂၀၁၆ ခုနှစ်ကတည်းက စတင် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ပွဲမှာ ပြောပါတယ်။ ၂၀၁၇ ခုနှစ်ကျမှ ဖိုင်နယ် ဒီဇိုင်းကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ Lin Bin က 5G Device ကို စမ်းသပ်နေတာကို ဝီဘိုမှာ မျှဝေခဲ့ပါတယ်။ ရှောင်မီက တရုတ်မှာ China Mobile နဲ့ ပူးပေါင်းပြီး အဲဒီဖုန်းကို စမ်းသပ်မှာ ဖြစ်ပြီး လာမယ့်နှစ် ကွာတား ၁ မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple
Apple, HUBS, Mobiles & Tablets
0 shares0 views

မျက်နှာပြင် အရွယ်အစား လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲခံလိုက်ရတဲ့ Apple

Ko Thuya - Dec 17, 2018

Apple User ၂ ဦးက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သောကြာနေ့က ကုမ္ပဏီကို တရားစွဲလိုက်ပါတယ်။ Apple ဟာ iPhone X, XS, XS Max များကို ကြေညာရာမှာ မျက်နှာပြင် အရွယ်အစားများကို မှားယွင်းစွာ ဖော်ပြထားတယ်လို့ တိုင်ကြားထားပါတယ်။…

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
23 shares18 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
457 shares180 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Leave a Comment

Most from this category