244 Shares 262 Views
Dec 07, 2018
244 262
Ref : gsmarena
[Unicode]
5G Smartphone များကို ပြသလိုက်တဲ့ OPPO နဲ့ Vivo
BBK Electronics ရဲ့ ကုမ္ပဏီများ ဖြစ်တဲ့ OPPO နဲ့ Vivo တို့က ဘေဂျင်းမှာ ကျင်းပနေတဲ့ China Mobile Partners Conference ကို တက်ရောက်နေပါတယ်။ ပွဲမှာ ကုမ္ပဏီများက Qualcomm Snapdragon X50 Modem ထည့်သွင်းထားတဲ့ 5G နမူနာ မော်ဒယ်မျးကို ပြသလိုက်ပါတယ်။
OPPO က 5G Speed ဖြင့် ဝက်ဘ်စာမျက်နှာများ ဖွင့်ခြင်းနဲ့ ဗီဒီယိုများ ကြည့်ခြင်းများကို Find X ဖြင့် သရုပ်ပြသခဲ့ပါတယ်။ တစ်စက္ကန့်အတွင်းမှာ သတင်းအချက်အလက်ပေါင်းများစွာကို ရယူနိုင်တာကို တွေ့ရပါတယ်။ Vivo ကလည်း Nex S ကို မွမ်းမံထားတဲ့ Nex 5G Smartphone ကို ပြသခဲ့ပါတယ်။ ကင်မရာကနေ ရိုက်ကူးတဲ့ ဗီဒီယိုများကို တိုက်ရိုက် ထုတ်လွှင့်နိုင်ပြီး ဗီဒီယို အရည်အသွေးကလည်း မကျဆင်းသွားတာကို မြင်ရပါတယ်။
5G နည်းပညာ အကြောင်း ပြောသွားတဲ့ နောက်ထပ် ကုမ္ပဏီက ရှောင်မီ ဖြစ်ပါတယ်။ Mi Mix 3 5G ကို လာမယ့်နှစ် ပထမသုံးလအတွင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားပြီး အခြား Specs နဲ့ ဒီဇိုင်းက မူလမော်ဒယ်များနဲ့ တူညီပါတယ်။ OPPO နဲ့ Vivo တို့ဟာ လာမယ့်နှစ် အစောပိုင်းမှာ 5G Smartphone များကို ကြေညာမှာ ဖြစ်ပါတယ်။
5G iPhone ကို ၂၀၂၀ ခုနှစ် မတိုင်ခင်မှာ ရောင်းချမှာ မဟုတ်ဘူးလို့ ဘလွန်းဘတ်က ပြောထားပါတယ်။ ယခင် သတင်းများအရ ၂၀၂၀ ခုနှစ် အိုင်ဖုန်းမှာ 5G ပါလာမယ်လို့ သိခဲ့ရပါတယ်။ ပြိုင်ဖက် Android Company များကတော့ ၂၀၁၉ ခုနှစ်မှာ 5G Phone များကို ရောင်းချမှာပါ။
Ref : gsmarena
You may be interested
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Android, FEATURES, Games
0 shares0 views
စကိတ်စီး ၀ါသနာရှင်များအတွက် Epic Skater 2
Ko Thuya - Feb 23, 2019
Epic Skater 2 ဟာ စကိတ်စီး ၀ါသနာရှင်များအတွက် ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ဘယ်လို ရှာမလဲ
Ko Thuya - Feb 23, 2019
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့…
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Android, HUBS, Mobiles & Tablets
466 shares79 views
လာမယ့်တစ်ပတ်မှာ Redmi Note 7 Pro ကို ကြေညာမည်
Ko Thuya - Feb 23, 2019
Redmi ရဲ့ စီအီးအိုက Note 7 Pro ကို လာမယ့်တစ်ပတ်မှာ ကြေညာမယ်လို့ ၀ီဘိုကနေ အတည်ပြုလိုက်ပါတယ်။ သူ့မှာ 48MP Camera ပါလာမှာ ဖြစ်ပြီး Sony IMX586 ဖြစ်ပါတယ်။ မကြာခင်ကလည်း Redmi India က…
Leave a Comment
Most from this category