226 Shares 134 Views

ဘာသာစကား သင္ၾကားေပးမယ့္ Anygram

Dec 06, 2018
226 134

ဘာသာစကားအသစ္တစ္ခုကို သင္ၾကားရတာ မလြယ္ကူပါဘူး။ Anygram ကို အသံုးျပဳရင္ေတာ့ ကမာၻအႏွံ႕မွ သူငယ္ခ်င္းမ်ားကို မိတ္ဖြဲ႕ႏုိင္ၿပီး ဘာသာစကား အသစ္မ်ား သင္ၾကားႏုိင္ပါတယ္။ Anygram Team က ဖန္တီးထားတာ ျဖစ္ၿပီး ဘာသာျပန္စြမ္းရည္ပါရွိပါတယ္။ Angram ကို အသံုးျပဳဖို႔ အေကာင့္တစ္ခုျပဳလုပ္ရမွာ ျဖစ္ပါတယ္။ Google , Facebook အေကာင့္မ်ားနဲ႔လည္း အသံုးျပဳႏုိင္ပါတယ္။ ၿပီးရင္ေတာ့ သူငယ္ခ်င္းမ်ားကို မိတ္ဖြဲ႕ႏုိင္ပါၿပီ။ ဘာသာစကား ၊ တည္ေနရာမ်ား အေပၚ အေျခခံၿပီး သူငယ္ခ်င္းမ်ားကို ရွာေဖြႏုိင္ပါတယ္။

Anygram ကို အသံုးျပဳၿပီး ဘာသာစကား သင္ၾကားရတာ လြယ္ကူပါတယ္။ ဥပမာအားျဖင့္ A နဲ႔ B ဟာ ဘာသာစကား မတူညီတဲ့ ႏုိင္ငံမ်ားမွ လူမ်ားျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးဟာ အေစာပိုင္းမွာ ဘာသာျပန္စြမ္းရည္ရဲ႕ အကူအညီနဲ႔ စတင္ စကားေျပာႏုိင္မွာ ျဖစ္ပါတယ္။ နည္းနည္း ကြ်မ္းက်င္သြားရင္ေတာ့ ဘာသာျပန္စြမ္းရည္ရဲ႕ အကူအညီမလိုဘဲ စကားေျပာႏုိင္၊ ဆက္လက္သင္ၾကားႏုိင္မွာ ျဖစ္ပါတယ္။ Anygram မွာ ဘာသာစကားေပါင္း ၈၀ ေက်ာ္ကို ဘာသာျပန္ေပးႏုိင္ပါတယ္။ အေကာင့္ထဲမွာ အမွတ္ရွိေနသူတိုင္း သူ႔ကို အခမဲ့ အသံုးျပဳႏုိင္ပါတယ္။ ဘာသာစကား အမွားမ်ားကို ျပင္ဆင္ေပးရင္ အမွတ္မ်ား ရရွိႏုိင္ပါတယ္။ Facebook မွာ ပို႔စ္မ်ား မွ်ေ၀ရင္လည္း အမွတ္မ်ား ရရွိမွာျဖစ္ပါတယ္။ အျခား လူမ်ားရဲ႕ပို႔စ္မ်ားကို ေ၀ဖန္သံုးသပ္ေပးရင္လည္း အမွတ္မ်ား ရရွိႏုိင္ပါတယ္။


Anygram ဟာ ဘာသာစကား ေလ့လာခ်င္သူမ်ားအတြက္ လူမႈကြန္ရက္လည္း ျဖစ္ပါတယ္။ Android 2.3 နဲ႔ သူ႕အထက္မွာ အသံုးျပဳႏုိင္ၿပီး ဖိုင္အရြယ္အစားမွာ 17MB ျဖစ္ပါတယ္။ စိတ္၀င္စားစရာေကာင္းတဲ့ စကားနပန္းက႑မ်ားမွာလည္း ပါ၀င္ေဆြးေႏြး ျငင္းခုန္ႏုိင္ပါတယ္။ Debate အမ်ိဳးအစားမ်ားစြာကို လြယ္ကူ လွွ်င္ျမန္စြာ ရွာေဖြႏုိင္ပါတယ္။ သူငယ္ခ်င္းမ်ားကို Follow လုပ္ႏုိင္ၿပီး သူတို႔ရဲ႕ ပို႔စ္မ်ားကို Like ျပဳလုပ္ႏုိင္ပါတယ္။ ကမာၻအ၀န္းမွ လူမ်ားကို သင့္အေၾကာင္း၊ သင့္ စိတ္ကူးအေတြးမ်ားကို မွ်ေ၀ႏိုင္ပါတယ္။

Anygram လို စြမ္းရည္ပါတဲ့ ေနာက္ထပ္ Android App တစ္ခုမွာ Hello Pal ျဖစ္ပါတယ္။ အဲဒီ Apps မ်ားဟာ ဘာသာစကား သင္ၾကားလိုသူမ်ားအတြက္ အလြန္ အသံုး၀င္ပါတယ္။ ေနာက္ဆံုး ဗားရွင္းမွာ စာဖတ္ရတာ လြယ္ကူေအာင္ ဖန္တီးထားၿပီး App ရဲ႕ စြမ္းေဆာင္ရည္ဟာ ပိုမို သြက္လက္လာပါတယ္။ Minor Bugs မ်ားကိုလည္း ျပင္ဆင္ထားပါတယ္။ ဘာသာစကားသင္ၾကားေပးတဲ့ Mobile Apps မ်ားထဲမွာေတာ့ Anygram ဟာ အလြန္ အစြမ္းထက္ပါတယ္။

Download

[Unicode]

ဘာသာစကား သင်ကြားပေးမယ့် Anygram

ဘာသာစကားအသစ်တစ်ခုကို သင်ကြားရတာ မလွယ်ကူပါဘူး။ Anygram ကို အသုံးပြုရင်တော့ ကမ္ဘာအနှံ့မှ သူငယ်ချင်းများကို မိတ်ဖွဲ့နိုင်ပြီး ဘာသာစကား အသစ်များ သင်ကြားနိုင်ပါတယ်။ Anygram Team က ဖန်တီးထားတာ ဖြစ်ပြီး ဘာသာပြန်စွမ်းရည်ပါရှိပါတယ်။ Angram ကို အသုံးပြုဖို့ အကောင့်တစ်ခုပြုလုပ်ရမှာ ဖြစ်ပါတယ်။ Google , Facebook အကောင့်များနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပြီးရင်တော့ သူငယ်ချင်းများကို မိတ်ဖွဲ့နိုင်ပါပြီ။ ဘာသာစကား ၊ တည်နေရာများ အပေါ် အခြေခံပြီး သူငယ်ချင်းများကို ရှာဖွေနိုင်ပါတယ်။

Anygram ကို အသုံးပြုပြီး ဘာသာစကား သင်ကြားရတာ လွယ်ကူပါတယ်။ ဥပမာအားဖြင့် A နဲ့ B ဟာ ဘာသာစကား မတူညီတဲ့ နိုင်ငံများမှ လူများဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အစောပိုင်းမှာ ဘာသာပြန်စွမ်းရည်ရဲ့ အကူအညီနဲ့ စတင် စကားပြောနိုင်မှာ ဖြစ်ပါတယ်။ နည်းနည်း ကျွမ်းကျင်သွားရင်တော့ ဘာသာပြန်စွမ်းရည်ရဲ့ အကူအညီမလိုဘဲ စကားပြောနိုင်၊ ဆက်လက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ Anygram မှာ ဘာသာစကားပေါင်း ၈၀ ကျော်ကို ဘာသာပြန်ပေးနိုင်ပါတယ်။ အကောင့်ထဲမှာ အမှတ်ရှိနေသူတိုင်း သူ့ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဘာသာစကား အမှားများကို ပြင်ဆင်ပေးရင် အမှတ်များ ရရှိနိုင်ပါတယ်။ Facebook မှာ ပို့စ်များ မျှဝေရင်လည်း အမှတ်များ ရရှိမှာဖြစ်ပါတယ်။ အခြား လူများရဲ့ပို့စ်များကို ဝေဖန်သုံးသပ်ပေးရင်လည်း အမှတ်များ ရရှိနိုင်ပါတယ်။


Anygram ဟာ ဘာသာစကား လေ့လာချင်သူများအတွက် လူမှုကွန်ရက်လည်း ဖြစ်ပါတယ်။ Android 2.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 17MB ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စကားနပန်းကဏ္ဍများမှာလည်း ပါဝင်ဆွေးနွေး ငြင်းခုန်နိုင်ပါတယ်။ Debate အမျိုးအစားများစွာကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ သူငယ်ချင်းများကို Follow လုပ်နိုင်ပြီး သူတို့ရဲ့ ပို့စ်များကို Like ပြုလုပ်နိုင်ပါတယ်။ ကမ္ဘာအဝန်းမှ လူများကို သင့်အကြောင်း၊ သင့် စိတ်ကူးအတွေးများကို မျှဝေနိုင်ပါတယ်။

Anygram လို စွမ်းရည်ပါတဲ့ နောက်ထပ် Android App တစ်ခုမှာ Hello Pal ဖြစ်ပါတယ်။ အဲဒီ Apps များဟာ ဘာသာစကား သင်ကြားလိုသူများအတွက် အလွန် အသုံးဝင်ပါတယ်။ နောက်ဆုံး ဗားရှင်းမှာ စာဖတ်ရတာ လွယ်ကူအောင် ဖန်တီးထားပြီး App ရဲ့ စွမ်းဆောင်ရည်ဟာ ပိုမို သွက်လက်လာပါတယ်။ Minor Bugs များကိုလည်း ပြင်ဆင်ထားပါတယ်။ ဘာသာစကားသင်ကြားပေးတဲ့ Mobile Apps များထဲမှာတော့ Anygram ဟာ အလွန် အစွမ်းထက်ပါတယ်။

Download

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category