9971 Shares 1048 Views

3G မိုဘိုင္းအင္တာနက္လိုင္း အခုမွရတဲ့ က်ဴးဘား

Dec 06, 2018
9971 1048

(Zawgyi)

ယေန႕ ၾကာသပေတးေန႕က စျပီး က်ဴးဘားႏိုင္ငံသားတိုင္း ဖုန္းနဲ႕ အင္တာနက္ သုံးႏိုင္ျပီ ျဖစ္ပါတယ္။

က်ဴးဘားအစိုးရပိုင္ တယ္လီကြန္းကုမၸဏီ Etecsa က ႏိုင္ငံသားတိုင္းကို ဒီဇင္ဘာ ၆ ရက္ေန႕ကစျပီး 3G မိုဘိုင္းအင္တာနက္ ေပးမယ့္ အစီအစဥ္ကို ျပီးခဲ့တဲ့ အဂၤါေန႕က ေၾကညာခဲ့တာပါ။

အရင္တုန္းက က်ဴးဘားမွာ အင္တာနက္သုံးခ်င္ရင္ အင္တာနက္ကေဖးေတြနဲ႕ အမ်ားသုံး Wi-Fi Hotspots ေတြကိုပဲ အားကိုး ခဲ့ၾကရပါတယ္။ 3G အင္တာနက္လိုင္းကို အစိုးရဂ်ာနယ္လစ္ေတြ၊ ျပည္ပ လုပ္ငန္းေတြေလာက္ပဲ အကန္႕အသတ္နဲ႕ေပးခဲ့တာပါ။

အခုေတာ့ က်ဴးဘားႏိုင္ငံသားတိုင္း ဖုန္းအင္တာနက္ေလး ဖြင့္ျပီး ကမၻာနဲ႕ အဆင္ေျပေျပ ဆက္သြယ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အဆင္ေျပေျပလို့ ဆိုရျခင္းက အရင္က အင္တာနက္သုံးခ်င္ရင္ အမ်ားသုံး Hotspot ေတြကို သြားျပီး ပိုးေကာင္မႊားေကာင္ေတြ အကိုက္ခံ သုံးခဲ့ရတာေၾကာင့္ပါ။ Privacy လည္း မရွိသုံးခဲ့ရတာပါ။ အခုေတာ့ ကိုယ့္အိမ္ကေန ကိုယ္ ဖုန္းေလးနဲ႕ ေအးေဆးသုံးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

သို႕ေပမယ့္လည္း စိတ္မေကာင္းစရာတခုကေတာ့ 3G မိုဘိုင္းအင္တာနက္ကို က်ဴးဘားႏိုင္ငံသားတိုင္း လက္လွမ္းမီမွာ မဟုတ္ပါဘူး။ ဘာလို႕လည္းဆိုေတာ့ Data Package ေစ်းေတြက မိုးထိေနလို႕ပါ။ 600MB Package ကို ၇ ေဒၚလာေလာက္ ေပးရမွာျဖစ္ျပီး၊ 4GB ဆိုရင္ ေဒၚလာ ၃၀ ေလာက္ ေပးရမွာပါ။

ကၽြန္းႏိုင္ငံ က်ဴးဘားရဲ႕ ၁၁.၂ သန္းေသာ လူဦးေရရဲ႕ ပွ်မ္းမွ်လစာက ေဒၚလာ ၃၀ ေလာက္ပဲ ရွိတာေၾကာင့္ 600MB ေတာင္ သူေဌးမွ မွန္းႏိုင္ဖြယ္ ရွိပါတယ္။

ကမၻာ့ႏိုင္ငံအမ်ားစုမွာ ျမန္ႏွဳန္းျမင့္ 5G လိုင္းေတြ စတင္စမ္းသပ္ေနျပီ ျဖစ္ေပမယ့္ က်ဴးဘားကေတာ့ ၁၉၉၈ ခုႏွစ္ေလာက္က မိတ္ဆက္ခဲ့တဲ့ 3G လိုင္းကို အခုမွ ရတာပါ။ ဒါေပမယ့္လည္း သမၼတ အေျပာင္းအလဲ ျဖစ္ထားတဲ့ က်ဴးဘားအတြက္ ယခု ေျပာင္းလဲမွဳက ဝမ္းသာစရာ ျဖစ္ပါတယ္။ ယခု က်ဴးဘားသမၼတ Miguel Diaz-Canel ဟာ Twitter အေကာင့္ေတြ ဘာေတြ ဖြင့္သုံးေနျပီး၊ ႏိုင္ငံရဲ႕ ဆက္သြယ္ေရးက႑ကို ျမွင့္တင္ဖို႕လည္း ေဆာင္ရြက္လ်က္ ရွိပါတယ္။

Ref: BBC,  CNBC

(Unicode)

3G မိုဘိုင်းအင်တာနက်လိုင်း အခုမှရတဲ့ ကျူးဘား

ယနေ့ ကြာသပတေးနေ့က စပြီး ကျူးဘားနိုင်ငံသားတိုင်း ဖုန်းနဲ့ အင်တာနက် သုံးနိုင်ပြီ ဖြစ်ပါတယ်။

ကျူးဘားအစိုးရပိုင် တယ်လီကွန်းကုမ္ပဏီ Etecsa က နိုင်ငံသားတိုင်းကို ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး 3G မိုဘိုင်းအင်တာနက် ပေးမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာခဲ့တာပါ။

အရင်တုန်းက ကျူးဘားမှာ အင်တာနက်သုံးချင်ရင် အင်တာနက်ကဖေးတွေနဲ့ အများသုံး Wi-Fi Hotspots တွေကိုပဲ အားကိုး ခဲ့ကြရပါတယ်။ 3G အင်တာနက်လိုင်းကို အစိုးရဂျာနယ်လစ်တွေ၊ ပြည်ပ လုပ်ငန်းတွေလောက်ပဲ အကန့်အသတ်နဲ့ပေးခဲ့တာပါ။

အခုတော့ ကျူးဘားနိုင်ငံသားတိုင်း ဖုန်းအင်တာနက်လေး ဖွင့်ပြီး ကမ္ဘာနဲ့ အဆင်ပြေပြေ ဆက်သွယ်နိုင်တော့မှာ ဖြစ်ပါတယ်။ အဆင်ပြေပြေလို့ ဆိုရခြင်းက အရင်က အင်တာနက်သုံးချင်ရင် အများသုံး Hotspot တွေကို သွားပြီး ပိုးကောင်မွှားကောင်တွေ အကိုက်ခံ သုံးခဲ့ရတာကြောင့်ပါ။ Privacy လည်း မရှိသုံးခဲ့ရတာပါ။ အခုတော့ ကိုယ့်အိမ်ကနေ ကိုယ် ဖုန်းလေးနဲ့ အေးဆေးသုံးနိုင်တော့မှာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း စိတ်မကောင်းစရာတခုကတော့ 3G မိုဘိုင်းအင်တာနက်ကို ကျူးဘားနိုင်ငံသားတိုင်း လက်လှမ်းမီမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ Data Package ဈေးတွေက မိုးထိနေလို့ပါ။ 600MB Package ကို ၇ ဒေါ်လာလောက် ပေးရမှာဖြစ်ပြီး၊ 4GB ဆိုရင် ဒေါ်လာ ၃၀ လောက် ပေးရမှာပါ။

ကျွန်းနိုင်ငံ ကျူးဘားရဲ့ ၁၁.၂ သန်းသော လူဦးရေရဲ့ ပျှမ်းမျှလစာက ဒေါ်လာ ၃၀ လောက်ပဲ ရှိတာကြောင့် 600MB တောင် သူဌေးမှ မှန်းနိုင်ဖွယ် ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှာ မြန်နှုန်းမြင့် 5G လိုင်းတွေ စတင်စမ်းသပ်နေပြီ ဖြစ်ပေမယ့် ကျူးဘားကတော့ ၁၉၉၈ ခုနှစ်လောက်က မိတ်ဆက်ခဲ့တဲ့ 3G လိုင်းကို အခုမှ ရတာပါ။ ဒါပေမယ့်လည်း သမ္မတ အပြောင်းအလဲ ဖြစ်ထားတဲ့ ကျူးဘားအတွက် ယခု ပြောင်းလဲမှုက ဝမ်းသာစရာ ဖြစ်ပါတယ်။ ယခု ကျူးဘားသမ္မတ Miguel Diaz-Canel ဟာ Twitter အကောင့်တွေ ဘာတွေ ဖွင့်သုံးနေပြီး၊ နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့လည်း ဆောင်ရွက်လျက် ရှိပါတယ်။

Ref: BBC,  CNBC

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category