0 Shares 134 Views

Yandex Search Engine ကလည္း ကိုယ္ပိုင္ဖုန္း ထုတ္

Dec 06, 2018
0 134

Google က Pixel ဖုန္းေတြ ထုတ္ေနတဲ့ အခ်ိန္မွာ တိုက္ရိုက္ျပိဳင္ဘက္တဦးျဖစ္တဲ့ Yandex ရွာေဖြေရးအင္Search Engine ကလည္း အသာျငိမ္မေနေတာ့ပါဘူး။ ႏိုင္ငံတကာေစ်းကြက္ မဟုတ္ရင္ေတာင္ ျပည္တြင္းေစ်းကြက္ကို ကာကြယ္ဖို႕အတြက္ ကုိယ္ပိုင္စမတ္ဖုန္းတလုံး မိတ္ဆက္လိုက္ပါျပီ။

ရုရွားအေျခစိုက္ ရွာေဖြေရးအင္ဂ်င္ Yandex က ထုတ္တဲ့ စမတ္ဖုန္းကို Telephone လို႕ပဲ ရုိးရိုးရွငး္ရွင္း အမည္ေပးထားပါတယ္။ ကိုယ္ပိုင္ အသံထိန္းခ်ဳပ္ အကူအညီစနစ္ (Voice Assistant) Alissa နဲ႕ ထြက္လာတာပါ။ Amazon ရဲ႕ Alexa နဲ႕ အသံထြက္ ဆင္ပါတယ္။

Yandex Telephone ဟာ Mid-range လို႕ ေျပာရမယ့္ ဖုန္းတလုံးပါ။ Snapdragon 630 Chipset ၊ 4GB RAM နဲ႕ 64GB Storage တို႕ ပါရွိပါတယ္။ SIM ႏွစ္ကတ္ (သို႕) SIM တကတ္ နဲ႕ microSD တကတ္ ထည့္သုံးႏိုင္တဲ့ Hybrid slot ပါ။ microSD ကတ္ စိုက္မယ္ဆိုရင္ 128GB အထိ စိုက္ႏိုင္ပါတယ္။

Display ကေတာ့ ၅.၆၅ လက္မအရြယ္ Full HD+ LCD Display ျဖစ္ပါတယ္။ Notch ပါဝင္လာျခင္း မရွိပါဘူး။

Telephone ရဲ႕ အဓိက ဆြဲေဆာင္ခ်က္ကေတာ့ Alissa ပါပဲ။ ရုရွားဘာသာစကား ေျပာမယ့္ Alissa ဟာ ဖုန္းပိုင္ရွင္ရဲ႕ အလုပ္သြား အလုပ္ျပန္ လမ္းေၾကာင္း ခန္႕မွန္းၾကာခ်ိန္ေတြကို ေျပာျပေပးေနႏိုင္သလို၊ မိုးေလဝသ သတင္းေတြလည္း ဖတ္ေပးႏိုင္ပါတယ္။ လူတေယာက္ကို အသံနဲ႕တင္ ဖုန္းေခၚခိုင္းတာ၊ ႏွိဳးစက္ေပးတာ စတဲ့ လက္ရွိ Digital Assistant အားလုံး လုပ္ေဆာင္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ဆိုေပမယ့္ ရုရွားဘာသာစကားနဲ႕ ျဖစ္တာေၾကာင့္ ျပည္တြင္းေစ်းကြက္မွာ အသုံးဝင္မယ့္ဖုန္းပါ။

Yandex Telephone ကို Android 8.1-based Yandex Launcher နဲ႕ အသုံးျပဳရမွာျဖစ္ျပီး၊ NFC ၊ Quick Charge 3.0 နဲ႕ USB-C Port တို႕ ပါဝင္ပါတယ္။ ဘက္ထရီကေတာ့ 3,050 mAh ဘက္ထရီျဖစ္ျပီး၊ ဖုန္းနဲ႕ တြဲသုံးဖို႕ ေက့စ္မ်ိဳးစုံလည္း ထုတ္ေပးထားပါတယ္။

Yandex ဟာ Telephone ကို ၂၇၀ ေဒၚလာေစ်းနဲ႕ ေရာင္းခ်သြားမွာပါ။ ဖုန္းဝယ္ရင္ Yandex Plus ဝင္ခြင့္၊ Yandex Money အေကာင့္ထဲ ၇ ေဒၚလာ ျပန္ထည့္ေပးတာ၊ ၁၀ ရာခိုင္ႏွဳန္း ေငြျပန္အမ္း အစီအစဥ္ နဲ႕ တကၠစီ အထူးႏွဳန္းထားေတြ ရရွိသြားမွာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Yandex ရဲ႕ Premium ဂီတဝန္ေဆာင္မွဳေတြကိုလည္း ေပးသြားမွာျဖစ္သလို၊ ဖုန္းကိုလည္း အိမ္တိုင္ရာေရာက္ အခမဲ့ လာပို႕ေပးမွာ ျဖစ္တယ္လို႕ သိရပါတယ္။

Ref: GSM Arena

(Unicode)

Yandex Search Engine ကလည်း ကိုယ်ပိုင်ဖုန်း ထုတ်

Google က Pixel ဖုန်းတွေ ထုတ်နေတဲ့ အချိန်မှာ တိုက်ရိုက်ပြိုင်ဘက်တဦးဖြစ်တဲ့ Yandex ရှာဖွေရေးအင်Search Engine ကလည်း အသာငြိမ်မနေတော့ပါဘူး။ နိုင်ငံတကာဈေးကွက် မဟုတ်ရင်တောင် ပြည်တွင်းဈေးကွက်ကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်စမတ်ဖုန်းတလုံး မိတ်ဆက်လိုက်ပါပြီ။

ရုရှားအခြေစိုက် ရှာဖွေရေးအင်ဂျင် Yandex က ထုတ်တဲ့ စမတ်ဖုန်းကို Telephone လို့ပဲ ရိုးရိုးရှင်းရှင်း အမည်ပေးထားပါတယ်။ ကိုယ်ပိုင် အသံထိန်းချုပ် အကူအညီစနစ် (Voice Assistant) Alissa နဲ့ ထွက်လာတာပါ။ Amazon ရဲ့ Alexa နဲ့ အသံထွက် ဆင်ပါတယ်။

Yandex Telephone ဟာ Mid-range လို့ ပြောရမယ့် ဖုန်းတလုံးပါ။ Snapdragon 630 Chipset ၊ 4GB RAM နဲ့ 64GB Storage တို့ ပါရှိပါတယ်။ SIM နှစ်ကတ် (သို့) SIM တကတ် နဲ့ microSD တကတ် ထည့်သုံးနိုင်တဲ့ Hybrid slot ပါ။ microSD ကတ် စိုက်မယ်ဆိုရင် 128GB အထိ စိုက်နိုင်ပါတယ်။

Display ကတော့ ၅.၆၅ လက်မအရွယ် Full HD+ LCD Display ဖြစ်ပါတယ်။ Notch ပါဝင်လာခြင်း မရှိပါဘူး။

Telephone ရဲ့ အဓိက ဆွဲဆောင်ချက်ကတော့ Alissa ပါပဲ။ ရုရှားဘာသာစကား ပြောမယ့် Alissa ဟာ ဖုန်းပိုင်ရှင်ရဲ့ အလုပ်သွား အလုပ်ပြန် လမ်းကြောင်း ခန့်မှန်းကြာချိန်တွေကို ပြောပြပေးနေနိုင်သလို၊ မိုးလေဝသ သတင်းတွေလည်း ဖတ်ပေးနိုင်ပါတယ်။ လူတယောက်ကို အသံနဲ့တင် ဖုန်းခေါ်ခိုင်းတာ၊ နှိုးစက်ပေးတာ စတဲ့ လက်ရှိ Digital Assistant အားလုံး လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ဆိုပေမယ့် ရုရှားဘာသာစကားနဲ့ ဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်မှာ အသုံးဝင်မယ့်ဖုန်းပါ။

Yandex Telephone ကို Android 8.1-based Yandex Launcher နဲ့ အသုံးပြုရမှာဖြစ်ပြီး၊ NFC ၊ Quick Charge 3.0 နဲ့ USB-C Port တို့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 3,050 mAh ဘက်ထရီဖြစ်ပြီး၊ ဖုန်းနဲ့ တွဲသုံးဖို့ ကေ့စ်မျိုးစုံလည်း ထုတ်ပေးထားပါတယ်။

Yandex ဟာ Telephone ကို ၂၇၀ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။ ဖုန်းဝယ်ရင် Yandex Plus ဝင်ခွင့်၊ Yandex Money အကောင့်ထဲ ၇ ဒေါ်လာ ပြန်ထည့်ပေးတာ၊ ၁၀ ရာခိုင်နှုန်း ငွေပြန်အမ်း အစီအစဉ် နဲ့ တက္ကစီ အထူးနှုန်းထားတွေ ရရှိသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Yandex ရဲ့ Premium ဂီတဝန်ဆောင်မှုတွေကိုလည်း ပေးသွားမှာဖြစ်သလို၊ ဖုန်းကိုလည်း အိမ်တိုင်ရာရောက် အခမဲ့ လာပို့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena

You may be interested

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares0 views

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ

Ko Thuya - May 23, 2019

OPPO က စြမ္းေဆာင္ရည္သင့္ K3 စမတ္ဖုန္းကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ၆.၅ လက္မ Full HD+ AMOLED Display တပ္ဆင္ထားၿပီး Notch မပါပါဘူး။ Screen-to-body Ratio မွာ ၉၁.၁ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္…

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search

Nigma - May 23, 2019

Google က Mobile Devices ေတြအတြက္ Search Result ေဖာ္ျပတဲ့ စာမ်က္ႏွာကို ဒီဇိုင္းအနည္းငယ္ ေျပာင္းလဲလိုက္ပါတယ္။ အခုဆိုရင္ Search Result တခုခ်င္းစီရဲ႕ ေခါင္းစီးစာသား (Title) ေပၚမွာ website ရဲ႕ icon နဲ႔ နာမည္တို႔ကို…

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares43 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Leave a Comment

Most from this category