0 Shares 399 Views

6.18” PureDisplay နဲ႔ Dual-Camera မ်ား ပါတဲ့ Nokia 8.1

Dec 06, 2018
0 399

HMD က Nokia 8.1 ကို ေၾကညာလိုက္ပါတယ္။ သူဟာ Nokia 7 Plus ရဲ႕ မ်ိဳးဆက္ ျဖစ္ပါတယ္။ သူ႔ကို အေနာက္ ႏိုင္ငံမ်ားမွာ Nokia X7 အမည္ျဖင့္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ Nokia 8.1 ကို ဒီဇင္ဘာလလယ္မွာ ယူရို ၄၀၀ ျဖင့္ ကမာၻအ၀န္းမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Nokia 8.1 မွာ ၆.၁၈ လက္မ PureDisplay IPS LCD ထည့္သြင္းထားၿပီး FullHD+ Resolution ျဖစ္ပါတယ္။ Notch မွာ 20MP Selfie Camera တစ္လံုး ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 12+13MP Dual Camera ပါပါတယ္။ ပင္မ 12MP မွာ OIS နည္းပညာ ပါပါတယ္။ 13MP က Depth Sensor ျဖစ္ပါတယ္။

Nokia 8.1 ကို Snapdragon 710 Chipset ေမာင္းႏွင္ထားပါတယ္။ 4GB RAM , 64GB Storage ထည့္သြင္းထားပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ Android One Phone ျဖစ္ၿပီး Android Pie ေမာင္းႏွင္ထားပါတယ္။ သူဟာ ၂ ႏွစ္အထိ OS Update မ်ားကို ရရွိမွာ ျဖစ္ပါတယ္။ Security Update မ်ားကို ၃ ႏွစ္အထိ ရယူႏိုင္မွာပါ။

သူ႔ရဲ႕ ကိုယ္ထည္ကို အလူမီနီယမ္ျဖင့္ တည္ေဆာက္ထားပါတယ္။ Blue / Silver, Steel / Copper နဲ႔ Iron / Steel အေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ ဘက္ထရီက 3500mAh ျဖစ္ပါတယ္။ 18W Fast Charging ထည့္သြင္းထားပါတယ္။

Ref : gsmarena

[Unicode]

6.18” PureDisplay နဲ့ Dual-Camera များ ပါတဲ့ Nokia 8.1

HMD က Nokia 8.1 ကို ကြေညာလိုက်ပါတယ်။ သူဟာ Nokia 7 Plus ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ သူ့ကို အနောက် နိုင်ငံများမှာ Nokia X7 အမည်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Nokia 8.1 ကို ဒီဇင်ဘာလလယ်မှာ ယူရို ၄၀၀ ဖြင့် ကမ္ဘာအဝန်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Nokia 8.1 မှာ ၆.၁၈ လက်မ PureDisplay IPS LCD ထည့်သွင်းထားပြီး FullHD+ Resolution ဖြစ်ပါတယ်။ Notch မှာ 20MP Selfie Camera တစ်လုံး ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 12+13MP Dual Camera ပါပါတယ်။ ပင်မ 12MP မှာ OIS နည်းပညာ ပါပါတယ်။ 13MP က Depth Sensor ဖြစ်ပါတယ်။

Nokia 8.1 ကို Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM , 64GB Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Android One Phone ဖြစ်ပြီး Android Pie မောင်းနှင်ထားပါတယ်။ သူဟာ ၂ နှစ်အထိ OS Update များကို ရရှိမှာ ဖြစ်ပါတယ်။ Security Update များကို ၃ နှစ်အထိ ရယူနိုင်မှာပါ။

သူ့ရဲ့ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။ Blue / Silver, Steel / Copper နဲ့ Iron / Steel အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီက 3500mAh ဖြစ်ပါတယ်။ 18W Fast Charging ထည့်သွင်းထားပါတယ်။

Ref : gsmarena

You may be interested

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares0 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Caviar က Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares81 views

Caviar က Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းမည္

Ko Thuya - May 23, 2019

Samsung Galaxy Fold ရဲ႕ တန္ေၾကးဟာ ေဒၚလာ ၁၉၈၀ ရွိတဲ့ အတြက္ တန္ဖိုးက မေသးပါဘူး။ အခုေတာ့ သူ႔ထက္ ေလးဆ ပိုေစ်းမ်ားတဲ့ Model ထြက္လာေတာ့မွာပါ။ ရုရွား ကုမၸဏီ Caviar က Samsung Galaxy…

ZTE က တန္ဖိုးနည္း Blade A5 2019 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares14 views

ZTE က တန္ဖိုးနည္း Blade A5 2019 ကို ေၾကညာ

Ko Thuya - May 23, 2019

ZTE က တန္ဖိုးနည္း Blade A7 ကို ယခုလ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ထက္ ေစ်းသက္သာတဲ့ ZTE Blade A5 2019 ကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ 18:9 Screen ထည့္သြင္းထားပါတယ္။ Octa-core…

Leave a Comment

Most from this category