545 Shares 140 Views

Snapdragon 855 ကို OnePlus 2019 ဖုန္းမွာ ပထမဆုံး အသုံးျပဳသြားမည္

Dec 06, 2018
545 140

(Zawgyi)

Qualcomm ရဲ႕ Flagship Chipset အသစ္ Snapdragon 855 ကို မေန႕က Hawaii မွာ ျပဳလုပ္ခဲ့တဲ့ Qualcomm’s Tech Summit မွာ မိတ္ဆက္သြားခဲ့ပါျပီ။

အဆိုပါပြဲမွာ OnePlus ပရိတ္သတ္ေတြ ေပ်ာ္ရမယ့္ သတင္းတခုလည္း ထြက္ေပၚခဲ့ပါတယ္။ OnePlus ကုမၸဏီ CEO Pete Lau ကိုယ္တိုင္ စင္ေပၚတက္ ေၾကညာသြားခဲ့တာပါ။ ၂၀၁၉ ခုႏွစ္ထုတ္မယ့္ OnePlus ဖုန္းအသစ္ဟာ Snapdragon 855 သုံး ပထမဆုံးဖုန္း ျဖစ္လာမွာပါတဲ့။

ဒါ့အျပင္ Snapdragon 855 အသစ္နဲ႕ OnePlus ဖုန္းဟာ ဥေရာပရဲ႕ ပထမဆုံး 5G ဖုန္းလည္း ျဖစ္လာမွာပါ။ 5G နည္းပညာအတြက္ကိုေတာ့ U.K ဆက္သြယ္ေရးကုမၸဏီ EE က ကူညီေပးမွာ ျဖစ္တယ္လို႕ ဆိုပါတယ္။

ယခုပြဲမတိုင္ခင္ကတည္းက Snapdragon 855 ကို OnePlus အရင္ဆုံး ရခဲ့တယ္ဆိုတဲ့ အေၾကာင္း က်ေနာ္တို႕ ၾကားေနခဲ့ရတာပါ။ OnePlus ဖုန္းေတြဟာ Flagship Chipset ေတြကိုပဲ သုံးေနၾကဆိုေတာ့ Snapdragon 855 ပါလာဖို႕က ေသခ်ာေနေတာ့ ရင္ခုန္စရာ သိပ္မရွိပါဘူး။ ဒါေပမယ့္ ပထမဆုံး Snapdragon 855 ဖုန္း ျဖစ္လာမွာကေတာ့ ရင္ခုန္စရာပါပဲ။

ဥေရာပရဲ႕ ပထမဆုံး 5G ဖုန္းကို OnePlus က တာဝန္ယူထားျခင္းက စိတ္ဝင္စားဖုိ႕ ေကာင္းပါတယ္။ အေမရိကန္ျပည္ေထာင္စုရဲ႕ 5G စမတ္ဖုန္းေတြအတြက္ Verizon နဲ႕ AT&T တို႕ဟာ Samsung ကို အားကိုး ထားၾကတာပါ။ ဘာလို႕လည္းဆိုေတာ့ Samsung ဟာ 5G ကြန္ယက္စံႏွဳန္းသစ္ ေဖာ္ေဆာင္ရာမွာ အဓိက ေနရာက ပါဝင္ခဲ့သူတဦးျဖစ္ျပီး၊ ဆက္သြယ္ေရးကုမၸဏီႏွစ္ခုလုံးနဲ႕လည္း ကာလရွည္ဆက္ဆံေရး ရွိခဲ့သူ ျဖစ္ပါတယ္။

OnePlus ဟာ Samsung ေလာက္ အစဥ္အလာ မေတာင့္တင္းေပမယ့္ 5G Device အတြက္ကို လြန္ခဲ့တဲ့ လအနည္းငယ္ကတည္းက စတင္ လုပ္ေဆာင္ေနတာပါ။ Twitter မွာလည္း ျမန္ႏွဳန္းျမင့္ 5G လိုင္းကေန ဖုန္းေခၚဆိုမွဳေတြနဲ႕ Tweet ေတြ တင္ခဲ့ျပီးျဖစ္ေၾကာင္းကိုလည္း Pete Lau ရဲ႕ Twitter မွာ ေၾကညာခဲ့ျပီးပါျပီ။

OnePlus ရဲ႕ Snapdragon 855 သုံး 5G ဖုန္းကို လာမယ့္ ၂၀၁၉ ခုႏွစ္ အစပိုင္းေလာက္မွာ မိတ္ဆက္ဖို႕ ရွိတယ္လို႕ သတင္းထြက္ထားပါတယ္။ MWC 2019 ပြဲ ဝန္းက်င္ေလာက္မွာပါ။ ဒါေပမယ့္ OnePlus 6T ျပီးေနာက္ OnePlus 7 ဆိုတဲ့ နာမည္နဲ႕ ထြက္လာဖို႕ေတာ့ မရွိေၾကာင္း ထုတ္ေဖာ္ ေျပာခဲ့ဖူးပါတယ္။ နာမည္က အေရးေတာ့ မၾကီးပါဘူး။ OnePlus 6T 5G ဆိုျပီး မထြက္္လာရင္ ျပီးတာပါပဲ။

Ref: Engadget, 9to5 Google

(Unicode)

Snapdragon 855 ကို OnePlus 2019 ဖုန်းမှာ ပထမဆုံး အသုံးပြုသွားမည်

Qualcomm ရဲ့ Flagship Chipset အသစ် Snapdragon 855 ကို မနေ့က Hawaii မှာ ပြုလုပ်ခဲ့တဲ့ Qualcomm’s Tech Summit မှာ မိတ်ဆက်သွားခဲ့ပါပြီ။

အဆိုပါပွဲမှာ OnePlus ပရိတ်သတ်တွေ ပျော်ရမယ့် သတင်းတခုလည်း ထွက်ပေါ်ခဲ့ပါတယ်။ OnePlus ကုမ္ပဏီ CEO Pete Lau ကိုယ်တိုင် စင်ပေါ်တက် ကြေညာသွားခဲ့တာပါ။ ၂၀၁၉ ခုနှစ်ထုတ်မယ့် OnePlus ဖုန်းအသစ်ဟာ Snapdragon 855 သုံး ပထမဆုံးဖုန်း ဖြစ်လာမှာပါတဲ့။

ဒါ့အပြင် Snapdragon 855 အသစ်နဲ့ OnePlus ဖုန်းဟာ ဥရောပရဲ့ ပထမဆုံး 5G ဖုန်းလည်း ဖြစ်လာမှာပါ။ 5G နည်းပညာအတွက်ကိုတော့ U.K ဆက်သွယ်ရေးကုမ္ပဏီ EE က ကူညီပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုပွဲမတိုင်ခင်ကတည်းက Snapdragon 855 ကို OnePlus အရင်ဆုံး ရခဲ့တယ်ဆိုတဲ့ အကြောင်း ကျနော်တို့ ကြားနေခဲ့ရတာပါ။ OnePlus ဖုန်းတွေဟာ Flagship Chipset တွေကိုပဲ သုံးနေကြဆိုတော့ Snapdragon 855 ပါလာဖို့က သေချာနေတော့ ရင်ခုန်စရာ သိပ်မရှိပါဘူး။ ဒါပေမယ့် ပထမဆုံး Snapdragon 855 ဖုန်း ဖြစ်လာမှာကတော့ ရင်ခုန်စရာပါပဲ။

ဥရောပရဲ့ ပထမဆုံး 5G ဖုန်းကို OnePlus က တာဝန်ယူထားခြင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ 5G စမတ်ဖုန်းတွေအတွက် Verizon နဲ့ AT&T တို့ဟာ Samsung ကို အားကိုး ထားကြတာပါ။ ဘာလို့လည်းဆိုတော့ Samsung ဟာ 5G ကွန်ယက်စံနှုန်းသစ် ဖော်ဆောင်ရာမှာ အဓိက နေရာက ပါဝင်ခဲ့သူတဦးဖြစ်ပြီး၊ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုလုံးနဲ့လည်း ကာလရှည်ဆက်ဆံရေး ရှိခဲ့သူ ဖြစ်ပါတယ်။

OnePlus ဟာ Samsung လောက် အစဉ်အလာ မတောင့်တင်းပေမယ့် 5G Device အတွက်ကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက စတင် လုပ်ဆောင်နေတာပါ။ Twitter မှာလည်း မြန်နှုန်းမြင့် 5G လိုင်းကနေ ဖုန်းခေါ်ဆိုမှုတွေနဲ့ Tweet တွေ တင်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း Pete Lau ရဲ့ Twitter မှာ ကြေညာခဲ့ပြီးပါပြီ။

OnePlus ရဲ့ Snapdragon 855 သုံး 5G ဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ် အစပိုင်းလောက်မှာ မိတ်ဆက်ဖို့ ရှိတယ်လို့ သတင်းထွက်ထားပါတယ်။ MWC 2019 ပွဲ ဝန်းကျင်လောက်မှာပါ။ ဒါပေမယ့် OnePlus 6T ပြီးနောက် OnePlus 7 ဆိုတဲ့ နာမည်နဲ့ ထွက်လာဖို့တော့ မရှိကြောင်း ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။ နာမည်က အရေးတော့ မကြီးပါဘူး။ OnePlus 6T 5G ဆိုပြီး မထွက်လာရင် ပြီးတာပါပဲ။

Ref: Engadget, 9to5 Google

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category