0 Shares 63 Views

Vivo Nex 2 ရဲ႕ ဓါတ္ပံု ထြက္ေပၚလာ

Dec 05, 2018
0 63

Vivo က လာမယ့္ရက္ပိုင္းအတြင္းမွာ Nex 2 ကို ေၾကညာမယ္လို႔ ထင္ရပါတယ္။ တရား၀င္ေတာ့ မေျပာေသးေပမယ့္ ေပါက္ၾကားသတင္းမ်ားအရ ဒီဇင္ဘာလ ၁၁ ရက္ ျဖစ္ႏုိင္ပါတယ္။ ေၾကညာပြဲ မတိုင္ခင္မွာ သူ႔ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္လာပါတယ္။ တရုတ္မွ နည္းပညာ ဘေလာ့ဂါ တစ္ဦး ျဖစ္သူက သူ႔ရဲ႕ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္ပါတယ္။ အေရာင္ ၂ မ်ိဳး ထုတ္လုပ္ထားတာကို ျမင္ရပါတယ္။ အေရွ႕နဲ႔ အေနာက္ဘက္ ၂ ခုစလံုးကို ျမင္ရပါတယ္။ ဒါေပမယ့္ ဖုန္းကို ပါ၀ါ ပိတ္ထားပါတယ္။

သူရဲ႕ အေနာက္ဘက္ကို Vivo Nex S နဲ႔ ယွဥ္ၿပီး ျပသထားတဲ့ ဓါတ္ပံုလည္း ပါ၀င္ပါတယ္။ Nex 2 ရဲ႕ အေရွ႕ မ်က္နွာျပင္ ေဘာင္မ်ားဟာ အလြန္ ပါးလႊာပါတယ္။ အေနာက္ဘက္မွာ အရြယ္ေသး မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ Vivo Logo နဲ႔ အေနာက္ကင္မရာ ၃ လံုးကို ျမင္ရပါတယ္။


Nex 2 ကို အနည္းဆံုး အေရာင္ ၂ ခု ထုတ္လုပ္ေပးထားမွာ ျဖစ္တဲ့ အတြက္ အနက္ေရာင္သာ ထုတ္လုပ္ထားတဲ့ Nex S ထက္ ေရြးစရာပိုမ်ားလာပါတယ္။ Nex 2 ရဲ႕ ေအာက္ေျခမွာ USB-C Port ထည့္သြင္းထားပါတနယ္။ 3.5mm Audio Jack ကို အထက္မွာ ထည့္သြင္းထားပါတယ္။ Vivo က တရုတ္မွ တီဗီလိုင္းမ်ားနဲ႔ လူမႈကြန္ယက္မွာ Nex 2 ရဲ႕ Teaser Video ကို မွ်ေ၀ထားပါတယ္။

အေနာက္ဘက္မွာ မ်က္ႏွာျပင္ ထည့္သြင္းထားျခင္းျဖင့္ အေရွ႕ ကင္မရာမ်ား မလုိေတာ့ဘဲ ဆဲလ္ဖီး ရိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။ အေနာက္ကင္မရာျဖင့္ Video Call မ်ား ျပဳလုပ္ျခင္း၊ Selfie Photo မ်ား ရိုက္ကူးျခင္းမ်ားကို ျပဳလုပ္ႏိုင္ပါတယ္။ ႀကီးမားက်ယ္ျပန္႔တဲ့ အေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ ရုပ္ရွင္၊ ဗီဒီယိုမ်ားကို ၾကည့္ရႈႏုိင္မွာပါ။

Vivo Nex 2 ရဲ႕ Specs မ်ားကိုေတာ့ မသိရေသးပါဘူး။ သူ႔မွာ Snapdragon 845 Chipset ထည့္သြင္းထားႏုိင္ပါတယ္။ 8GB RAM နဲ႔ မ်ားျပားတဲ့ Storage မ်ား ပါလာႏုိင္ပါတယ္။ ပင္မ မ်က္ႏွာျပင္ဟာ Vivo Nex S မွာလို ၆.၅၉ လက္မ AMOLED Display ျဖစ္ႏုိင္ပါတယ္။ အပို မ်က္ႏွာျပင္ရဲ႕ အခ်ိဳးဟာ 16:9 ေလာက္ပဲ ျဖစ္ႏုိင္ပါတယ္။

[unicode]

Vivo Nex 2 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Vivo က လာမယ့်ရက်ပိုင်းအတွင်းမှာ Nex 2 ကို ကြေညာမယ်လို့ ထင်ရပါတယ်။ တရားဝင်တော့ မပြောသေးပေမယ့် ပေါက်ကြားသတင်းများအရ ဒီဇင်ဘာလ ၁၁ ရက် ဖြစ်နိုင်ပါတယ်။ ကြေညာပွဲ မတိုင်ခင်မှာ သူ့ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်လာပါတယ်။ တရုတ်မှ နည်းပညာ ဘလော့ဂါ တစ်ဦး ဖြစ်သူက သူ့ရဲ့ ဓါတ်ပုံများကို မျှဝေလိုက်ပါတယ်။ အရောင် ၂ မျိုး ထုတ်လုပ်ထားတာကို မြင်ရပါတယ်။ အရှေ့နဲ့ အနောက်ဘက် ၂ ခုစလုံးကို မြင်ရပါတယ်။ ဒါပေမယ့် ဖုန်းကို ပါဝါ ပိတ်ထားပါတယ်။

သူရဲ့ အနောက်ဘက်ကို Vivo Nex S နဲ့ ယှဉ်ပြီး ပြသထားတဲ့ ဓါတ်ပုံလည်း ပါဝင်ပါတယ်။ Nex 2 ရဲ့ အရှေ့ မျက်နှာပြင် ဘောင်များဟာ အလွန် ပါးလွှာပါတယ်။ အနောက်ဘက်မှာ အရွယ်သေး မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Vivo Logo နဲ့ အနောက်ကင်မရာ ၃ လုံးကို မြင်ရပါတယ်။


Nex 2 ကို အနည်းဆုံး အရောင် ၂ ခု ထုတ်လုပ်ပေးထားမှာ ဖြစ်တဲ့ အတွက် အနက်ရောင်သာ ထုတ်လုပ်ထားတဲ့ Nex S ထက် ရွေးစရာပိုများလာပါတယ်။ Nex 2 ရဲ့ အောက်ခြေမှာ USB-C Port ထည့်သွင်းထားပါတနယ်။ 3.5mm Audio Jack ကို အထက်မှာ ထည့်သွင်းထားပါတယ်။ Vivo က တရုတ်မှ တီဗီလိုင်းများနဲ့ လူမှုကွန်ယက်မှာ Nex 2 ရဲ့ Teaser Video ကို မျှဝေထားပါတယ်။

အနောက်ဘက်မှာ မျက်နှာပြင် ထည့်သွင်းထားခြင်းဖြင့် အရှေ့ ကင်မရာများ မလိုတော့ဘဲ ဆဲလ်ဖီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အနောက်ကင်မရာဖြင့် Video Call များ ပြုလုပ်ခြင်း၊ Selfie Photo များ ရိုက်ကူးခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ အရှေ့ဘက် မျက်နှာပြင်မှာတော့ ရုပ်ရှင်၊ ဗီဒီယိုများကို ကြည့်ရှုနိုင်မှာပါ။

Vivo Nex 2 ရဲ့ Specs များကိုတော့ မသိရသေးပါဘူး။ သူ့မှာ Snapdragon 845 Chipset ထည့်သွင်းထားနိုင်ပါတယ်။ 8GB RAM နဲ့ များပြားတဲ့ Storage များ ပါလာနိုင်ပါတယ်။ ပင်မ မျက်နှာပြင်ဟာ Vivo Nex S မှာလို ၆.၅၉ လက်မ AMOLED Display ဖြစ်နိုင်ပါတယ်။ အပို မျက်နှာပြင်ရဲ့ အချိုးဟာ 16:9 လောက်ပဲ ဖြစ်နိုင်ပါတယ်။

You may be interested

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares0 views

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ

Ko Thuya - May 23, 2019

OPPO က စြမ္းေဆာင္ရည္သင့္ K3 စမတ္ဖုန္းကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ၆.၅ လက္မ Full HD+ AMOLED Display တပ္ဆင္ထားၿပီး Notch မပါပါဘူး။ Screen-to-body Ratio မွာ ၉၁.၁ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္…

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search

Nigma - May 23, 2019

Google က Mobile Devices ေတြအတြက္ Search Result ေဖာ္ျပတဲ့ စာမ်က္ႏွာကို ဒီဇိုင္းအနည္းငယ္ ေျပာင္းလဲလိုက္ပါတယ္။ အခုဆိုရင္ Search Result တခုခ်င္းစီရဲ႕ ေခါင္းစီးစာသား (Title) ေပၚမွာ website ရဲ႕ icon နဲ႔ နာမည္တို႔ကို…

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares43 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Leave a Comment

Most from this category