118 Shares 29 Views

အေၾကာေသေနသူမ်ားက စိတ္ျဖင့္ ခုိင္းေစႏုိင္မယ့္ ဂ်ပန္မွ စက္ရုပ္ စားပြဲထိုး

Dec 05, 2018
118 29

စားေသာက္ဆိုင္ နယ္ပယ္မွာ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေပးတဲ့စက္ရုပ္မ်ား၊ အရက္စပ္တဲ့ စက္ရုပ္မ်ား၊ စားပြဲထိုးေပးတဲ့ စက္ရုပ္မ်ားကို ျမင္ခဲ့ၾကၿပီးပါၿပီ။ ဂ်ပန္မွ ေကာ္ဖီဆိုင္ တစ္ခုရဲ႕ စက္ရုပ္ကေတာ့ ထူးျခားပါတယ္။ အေၾကာေသေနသူမ်ား၊ ကိုယ္လက္ အဂၤါ မသန္စြမ္းသူမ်ားက စက္ရုပ္ကို စိတ္ျဖင့္ ထိန္းခ်ဳပ္ၿပီး အစားအစာနဲ႔ ေကာ္ဖီမ်ား ယူေဆာင္လာဖို႔ ခိုင္းေစႏုိင္ပါတယ္။

စက္ရုပ္ဟာ အရပ္ ေလးေပရွိၿပီး သူ႔ရဲ႕ အမည္ဟာ OriHime-D ျဖစ္ပါတယ္။ ကိုယ္လက္အဂၤါ မသန္စြမ္းသူမ်ားကို အကူအညီေပးတဲ့ စက္ရုပ္မ်ားကို ဖန္တီးေနတဲ့ ဂ်ပန္ ကုမၸဏီ Ory က ဖန္တီးထားတာ ျဖစ္ပါတယ္။ စက္ရုပ္က စားသံုးသူမ်ားနဲ႔လည္း စကားေျပာႏုိင္ပါတယ္။ အရာ၀တၳဳမ်ား သယ္ေဆာင္ႏုိင္ပါတယ္။ သူ႔ရဲ႕ မ်က္လံုးကိုေတာင္ စားသံုးသူက ထိန္းခ်ဳပ္ႏုိင္ပါတယ္။

စက္ရုပ္ေၾကာင့္ လူသား ၀န္ထမ္း စားပြဲထိုးမ်ားအတြက္ ေငြကုန္က်မႈမ်ား သက္သာသြားပါတယ္။ ဒါ့အျပင္ ကိုယ္လက္အဂၤါ မသန္စြမ္းသူမ်ားအတြက္လည္း အလြန္ အက်ိဳးရွိေစပါတယ္။ ေကာ္ဖီဆိုင္ရဲ႕ အမည္က Dawn ျဖစ္ၿပီး သူ႔ကို လက္ရွိမွာစမ္းသပ္ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ စားပြဲထိုး စက္ရုပ္မ်ားကို လူေတြ ႏွစ္သက္သလားဆိုတာ စစ္တမ္း ေကာက္ယူေနပါတယ္။ ေအာင္ျမင္ရင္ေတာ့ ၂၀၂၀ ခုႏွစ္မွာ ေကာ္ဖီဆိုင္ကို ပံုေသဖြင့္လွစ္ဖို႔ ရည္ရြယ္ထားပါတယ္။

[Unicode]

အကြောသေနေသူများက စိတ်ဖြင့် ခိုင်းစေနိုင်မယ့် ဂျပန်မှ စက်ရုပ် စားပွဲထိုး

စားသောက်ဆိုင် နယ်ပယ်မှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးတဲ့စက်ရုပ်များ၊ အရက်စပ်တဲ့ စက်ရုပ်များ၊ စားပွဲထိုးပေးတဲ့ စက်ရုပ်များကို မြင်ခဲ့ကြပြီးပါပြီ။ ဂျပန်မှ ကော်ဖီဆိုင် တစ်ခုရဲ့ စက်ရုပ်ကတော့ ထူးခြားပါတယ်။ အကြောသေနေသူများ၊ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူများက စက်ရုပ်ကို စိတ်ဖြင့် ထိန်းချုပ်ပြီး အစားအစာနဲ့ ကော်ဖီများ ယူဆောင်လာဖို့ ခိုင်းစေနိုင်ပါတယ်။

စက်ရုပ်ဟာ အရပ် လေးပေရှိပြီး သူ့ရဲ့ အမည်ဟာ OriHime-D ဖြစ်ပါတယ်။ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများကို အကူအညီပေးတဲ့ စက်ရုပ်များကို ဖန်တီးနေတဲ့ ဂျပန် ကုမ္ပဏီ Ory က ဖန်တီးထားတာ ဖြစ်ပါတယ်။ စက်ရုပ်က စားသုံးသူများနဲ့လည်း စကားပြောနိုင်ပါတယ်။ အရာဝတ္ထုများ သယ်ဆောင်နိုင်ပါတယ်။ သူ့ရဲ့ မျက်လုံးကိုတောင် စားသုံးသူက ထိန်းချုပ်နိုင်ပါတယ်။

စက်ရုပ်ကြောင့် လူသား ဝန်ထမ်း စားပွဲထိုးများအတွက် ငွေကုန်ကျမှုများ သက်သာသွားပါတယ်။ ဒါ့အပြင် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက်လည်း အလွန် အကျိုးရှိစေပါတယ်။ ကော်ဖီဆိုင်ရဲ့ အမည်က Dawn ဖြစ်ပြီး သူ့ကို လက်ရှိမှာစမ်းသပ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ စားပွဲထိုး စက်ရုပ်များကို လူတွေ နှစ်သက်သလားဆိုတာ စစ်တမ်း ကောက်ယူနေပါတယ်။ အောင်မြင်ရင်တော့ ၂၀၂၀ ခုနှစ်မှာ ကော်ဖီဆိုင်ကို ပုံသေဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category