0 Shares 101 Views

Qualcomm က 7nm Snapdragon 855 ကို ေၾကညာၿပီ

Dec 05, 2018
0 101

Qualcomm က 7nm Snapdragon 855 ကို ေၾကညာလိုက္ပါတယ္။ ယခင္တုန္းကေတာ့သူ႔ကို Snapdragon 8150 လို႔ ေခၚမယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ 7nm Process က ဘက္ထရီ သက္တမ္းကို သိသာစြာ တိုးျမွင့္ေပးသလို စြမ္းေဆာင္ရည္ကိုလည္း တိုးတက္ေစပါတယ္။ AI စြမ္းေဆာင္ရည္ဟာလည္း ပိုေကာင္းလာတယ္လို႔ ေၾကညာပါတယ္။ ယခင္မ်ိဳးဆက္ Mobile Chip ထက္ ၃ ဆေလာက္ AI စြမ္းေဆာင္ရည္ ပိုေကာင္းလာတယ္လို႔ ေျပာပါတယ္။

60fps ျဖင့္ Depth Mapping ကို လုပ္ေဆာင္ႏုိင္တဲ့ သီးျခား Vision Processor အသစ္ ပါလာပါတယ္။ သူက AR စြမ္းရည္ကို ပိုမို ေကာင္းလာေစပါတယ္။ Image Processor အသစ္က 60fps ျဖင့္ 4K HDR ကို ဖမ္းယူေပးပါတယ္။ ယခင္ စြမ္းအင္ သံုးစြဲမႈရဲ႕ ၂၅ ရာခိုင္ႏႈန္းကိုသာ စားသံုးပါတယ္။

855 ကို ေၾကညာတဲ့ ပြဲမွာ အျခား ထုတ္ကုန္ ႏွစ္ခုကိုပါ ေၾကညာခဲ့ပါတယ္။ Qualcomm က 3D Sonic Sensor လို႔ အမည္ေပးထားတဲ့ Ultrasonic in-display Fingerprint ကို မိတ္ဆက္လိုက္ပါတယ္။ သင့္လက္ေခ်ာင္း ေရစိုေနရင္ေတာင္၊ ဖုန္ကပ္ေနရင္ေတာင္ Fingerprint Scanner က အာရံုခံႏုိင္ပါတယ္။

5G နဲ႔ ပတ္သက္ၿပီးလည္း Qualcomm က သီးျခား ေၾကညာခဲ့ပါတယ္။ ကုမၸဏီက X50 Modem ကို Snapdragon 855 Chip တိုင္းမွာ ထည့္သြင္းမွာ မဟုတ္ပါဘူး။ အဲဒီအစား Qualcomm X24 LTE Modem သာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ သူရဲ႕ Download Speed ဟာ 2Gbps အထိ ရွိပါတယ္။ လာမယ့္ႏွစ္ထုတ္ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားမွာ 855 ကို ထည့္သြင္းထားၾကမွာ ျဖစ္ပါတယ္။

[Unicode]

Qualcomm က 7nm Snapdragon 855 ကို ကြေညာပြီ

Qualcomm က 7nm Snapdragon 855 ကို ကြေညာလိုက်ပါတယ်။ ယခင်တုန်းကတော့သူ့ကို Snapdragon 8150 လို့ ခေါ်မယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ 7nm Process က ဘက်ထရီ သက်တမ်းကို သိသာစွာ တိုးမြှင့်ပေးသလို စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ AI စွမ်းဆောင်ရည်ဟာလည်း ပိုကောင်းလာတယ်လို့ ကြေညာပါတယ်။ ယခင်မျိုးဆက် Mobile Chip ထက် ၃ ဆလောက် AI စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ပြောပါတယ်။

60fps ဖြင့် Depth Mapping ကို လုပ်ဆောင်နိုင်တဲ့ သီးခြား Vision Processor အသစ် ပါလာပါတယ်။ သူက AR စွမ်းရည်ကို ပိုမို ကောင်းလာစေပါတယ်။ Image Processor အသစ်က 60fps ဖြင့် 4K HDR ကို ဖမ်းယူပေးပါတယ်။ ယခင် စွမ်းအင် သုံးစွဲမှုရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ စားသုံးပါတယ်။

855 ကို ကြေညာတဲ့ ပွဲမှာ အခြား ထုတ်ကုန် နှစ်ခုကိုပါ ကြေညာခဲ့ပါတယ်။ Qualcomm က 3D Sonic Sensor လို့ အမည်ပေးထားတဲ့ Ultrasonic in-display Fingerprint ကို မိတ်ဆက်လိုက်ပါတယ်။ သင့်လက်ချောင်း ရေစိုနေရင်တောင်၊ ဖုန်ကပ်နေရင်တောင် Fingerprint Scanner က အာရုံခံနိုင်ပါတယ်။

5G နဲ့ ပတ်သက်ပြီးလည်း Qualcomm က သီးခြား ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက X50 Modem ကို Snapdragon 855 Chip တိုင်းမှာ ထည့်သွင်းမှာ မဟုတ်ပါဘူး။ အဲဒီအစား Qualcomm X24 LTE Modem သာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ သူရဲ့ Download Speed ဟာ 2Gbps အထိ ရှိပါတယ်။ လာမယ့်နှစ်ထုတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာ 855 ကို ထည့်သွင်းထားကြမှာ ဖြစ်ပါတယ်။

You may be interested

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares0 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Caviar က Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares81 views

Caviar က Samsung Galaxy Fold ရဲ႕ Game of Thrones Edition ကို ေရာင္းမည္

Ko Thuya - May 23, 2019

Samsung Galaxy Fold ရဲ႕ တန္ေၾကးဟာ ေဒၚလာ ၁၉၈၀ ရွိတဲ့ အတြက္ တန္ဖိုးက မေသးပါဘူး။ အခုေတာ့ သူ႔ထက္ ေလးဆ ပိုေစ်းမ်ားတဲ့ Model ထြက္လာေတာ့မွာပါ။ ရုရွား ကုမၸဏီ Caviar က Samsung Galaxy…

ZTE က တန္ဖိုးနည္း Blade A5 2019 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares14 views

ZTE က တန္ဖိုးနည္း Blade A5 2019 ကို ေၾကညာ

Ko Thuya - May 23, 2019

ZTE က တန္ဖိုးနည္း Blade A7 ကို ယခုလ အေစာပိုင္းက ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ထက္ ေစ်းသက္သာတဲ့ ZTE Blade A5 2019 ကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ 18:9 Screen ထည့္သြင္းထားပါတယ္။ Octa-core…

Leave a Comment

Most from this category