ခေတ်မီဒီဇိုင်းဆန်းနှင့် နောက်ဆုံးပေါ်နည်းပညာသုံး OPPO R17 Pro ကို ပြည်တွင်းတွင် ရောင်းချမည်

OPPO R စီးရီးသည် စမတ်ဖုန်းလောကသို့ ထိပ်တန်းဒီဇိုင်းနှင့် အကောင်းဆုံးဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများ သယ်ဆောင်လာပေးခြင်းဖြင့် ကမ္ဘာ့လူကြိုက်အများဆုံး ဖုန်းစီးရီး တစ်ခုအဖြစ် ခံ့ခံ့ထည်ထည် ရပ်တည်လျက်ရှိသည်။ Counterpoint နှင့် Strategy Analytics ကဲ့သို့သော ဈေးကွက် သုတေသနကုမ္ပဏီများ၏ လေ့လာစမ်းစစ်ချက်များအရ OPPO R9 သည် (၂၀၁၆) ခုနှစ်၏ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအမျိုးအစား တစ်ခုဖြစ်ခဲ့ပြီး OPPO R9s သည် (၂၀၁၇) ပထမသုံးလပတ်ကာလအတွင်း စမတ်ဖုန်းအလုံးရေ (၈.၉) သန်းကျော် တင်ပို့ခဲ့သည်။

ထို့အပြင် OPPO R11 သည် (၂၀၁၇) ခုနှစ်၏ ရောင်းအားအကောင်းဆုံး Android ဖုန်းဖြစ်ခဲ့ပြီး R15 စမတ်ဖုန်းသည် (၂၀၁၈) ဒုတိယသုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ လူကြိုက်အများဆုံးစမတ်ဖုန်းဖြစ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ လူငယ် သန်း (၂၀၀) ကျော်က OPPO စမတ်ဖုန်းများကို ကြိုက်နှစ်သက်ကြရာ OPPO Myanmar မှ ပြည်တွင်းပရိသတ်များအကြိုက်တွေ့စေမည့် ဖက်ရှင်ကျလှပပြီး အဆင့်မြင့်နည်းပညာသုံး R စီးရီးစမတ်ဖုန်းသစ်ဖြစ်သည့် R17 Pro ကို ဈေးကွက်တွင် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

OPPO R17 Pro သည် ရေမျက်နှာပြင်မှအလင်းပြန်သည့်အရောင်ကိုယူ၍ ခေတ်ဆန်ကြော့မော့ပြီး ကြည်နူးစရာကောင်းကာ အားအင်အပြည့်ရှိသည့်ဟန်ဖြင့် ဖန်တီးထားသော နောက်ဆုံးပေါ် R စီးရီး High-end စမတ်ဖုန်းဖြစ်သည်။ ကင်မရာဖုန်းများ ၏ ရှေ့ဆောင်ဖြစ်သော OPPO သည် Seize the Night အမည်ဖြင့် R17 Pro တွင် Selfie ပုံလှလှများရိုက်ကူးနိုင်မည့် 25MP F2.0 AI Beauty ရှေ့ဘက်ကင်မရာနှင့် ညဘက်တွင်လည်း အရည်အသွေးကောင်းမွန်ပြီး လှပသောဓာတ်ပုံများ ရိုက်ကူးနိုင်မည့် F1.5/F2.4 Smart Aperture OIS ပါ Ultra Night Mode၊ Portrait Mode များ ပါဝင်သည့် ကျောဘက်ကင်မရာ ၃လုံး ထည့်သွင်းပေးထားသည်။

၁၀ မိနစ်အားသွင်းရုံဖြင့် ၄၀% အားပြည့်သည့် 50W Super VOOC အမြန်အားသွင်း စနစ်တွင် မြန်ဆန်ပြီး လုံခြုံမှုရှိသည့်ဘက်ထရီ ၂ ခု လည်း ပူးတွဲပါရှိမည်ဖြစ်သည်။ R17 Pro ကို ပိုမိုဆန်းသစ်၍ လွယ်ကူ အဆင်ပြေသော မျက်နှာပြင်အောက်လက်ဗွေစနစ်၊ OPPO မှ ပထမဆုံးထုတ်လုပ်သည့် Corning Gorilla Glass 6 ဖြင့် အကာအကွယ်ပေးထားသော ၆.၄ လက်မ အကျယ်ရှိ AMOLED ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းနှင့် တစ်မူထူးခြားသော 3D မြူပုံစံအရောင်ပြေးကိုယ်ထည်ဒီဇိုင်းတို့ဖြင့် ဖန်တီးထားသည်။ စမတ်ဖုန်းစွမ်းဆောင်ရည်ကို အကောင်းဆုံးပံ့ပိုးပေးမည့် 8GB RAM နှင့် 128GB ROM memory နှင့်အတူ Qualcomm Snapdragon 710 CPU ပါဝင်သည့် OPPO R17 Pro ကို OPPO Myanmar မှ မြန်မာပြည်တွင်းဈေးကွက်တွင် မကြာမီ ရောင်းချပေးမည်ဖြစ်သည်။

%d bloggers like this: