Display အပေါက်နဲ့ Huawei Nova 4 ကို ဒီဇင်ဘာ ၁၇ မိတ်ဆက်မည်

Samsung နဲ့ Huawei တို့ဟာ Display အပေါက်နဲ့ ဖုန်းကို သူ့ထက်ငါ အရင် မိတ်ဆက်နိုင်ဖို့ ပြိုင်ဆိုင်နေကြပါတယ်။ Samsung ရဲ့ ဖုန်းက Galaxy A8s လို့ သတင်းထွက်နေပြီး၊ Huawei ရဲ့ ဖုန်းကတော့ Nova 4 ဖြစ်လာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဒီနေ့မှာတော့ Huawei ကုမ္ပဏီဟာ Nova 4 အကြောင်းကို အတည်ပြုပေးလိုက်ပါပြီ။ ထွက်ရှိမယ့် ရက်ကိုပါ တခါတည်း ကြေညာလိုက်တာပါ။ ဒီဇင်ဘာ ၁၇ ရက်နေ့၊ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမှာပါ။

Huawei က တင်ထားတဲ့ အမြည်းကြော်ငြာပိုစတာကို ကြည့်ရင် Nova 4 ရဲ့ ရှေ့ဘက်မှာ Selfie ကင်မရာအတွက် Display အပေါက် ဖောက်ထားတာကို သိသိသာသာ မြင်တွေ့ရမှာပါ။ Notch လုံးဝ ပါဝင်လာမှာမဟုတ်တဲ့ တကယ့် စခရင်အပြည့်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ben Geskin က လွန်ခဲ့တဲ့ ရက်ပိုင်းက တင်ခဲ့တဲ့ Concept Render (ရှေ့ပြေးဒီဇိုင်းပုံ) အရဆိုရင် Nova 4 ရဲ့ ကျောဘက်မှာ ဒေါင်လိုက် ကင်မရာသုံးလုံး ပါဝင်လာဖို့လည်း ရှိပါတယ်။ ကျောဘက်ကိုယ်ထည်က အရောင်ပြေး Gradient ဒီဇိုင်းနဲ့ပါ။ ခန့်မှန်း Specs တွေကတော့ Kirin 980 Soc ၊ 8GB RAM နဲ့ 128GB Storage ၊ In-Display Fingerprint Sensor တို့ ပါဝင်လာဖွယ် ရှိပါတယ်။ Android 9 Pie နဲ့ ထွက်လာမှာပါ။

Huawei နည်းတူ Samsung ဟာလည်း အလားတူ Display နဲ့ ဖုန်းတလုံး ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ Galaxy A8s လို့ အမည်ရပြီး၊ ဒီလထဲပဲ မိတ်ဆက်သွားဖို့ ရှိပါတယ်။ Samsung က ယခု Display ကို Infinity-O Display လို့ အမည်ပေးထားပြီး၊ Huawei ကတော့ ဘယ်လို အမည်ပေးမလဲ မသိသေးပါဘူး။

Ref: Gadgets NDTV

https://gadgets.ndtv.com/mobiles/news/huawei-nova-4-launch-set-for-december-17-features-display-hole-for-selfie-camera-1957027?pfrom=home-trending

Display အပေါက်နဲ့ Huawei Nova 4 ကို ဒီဇင်ဘာ ၁၇ မိတ်ဆက်မည်

%d bloggers like this: