တီထွင်ဖန်တီးမှုအကောင်းဆုံး Best of Android စာရင်းမှာ ထည့်သွင်းခြင်း ခံလိုက်ရတဲ့ Vivo ရဲ့ In-Display Fingerprint နည်းပညာ

စမတ်ဖုန်းတွေရဲ့ နည်းပညာတိုးတက်မှုတွေဟာ ဒီဘက်ခေတ်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး စမတ်ဖုန်း ကုမ္ပဏီတွေဟာ တစ်ခုနဲ့တစ်ခု မတူညီအောင် အပြိုင်အဆိုင် တီထွင်ဆန်းသစ်နေကြတာပါ။ ဒီထဲမှာ Vivo စမတ်ဖုန်းကုမ္ပဏီဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး သူဟာ ကမ္ဘာ့ပထမဆုံး နည်းပညာရှင်အဖြစ် မျက်နှာပြင်အောက်လက်ဗွေစနစ် In-Display Fingerprint နည်းပညာကို အသုံးပြုသူတွေအတွက် စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။

ဒီအတွက်ကြောင့် Vivo ဟာ ကမ္ဘာ့နာမည်ကြီး Tech Media တစ်ခုဖြစ်တဲ့ Android Authority မှပေးအပ်တဲ့ The Best Innovations for Android Phones in 2018 (၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံး ဆန်းသစ်တီထွင်နိုင်ဆုံး Android Phone) ဆုကို ရရှိခဲ့တာပါ။ Vivo နဲ့အတူ တခြားစမတ်ဖုန်းကုမ္ပဏီ၂ ခုရဲ့ ခေါက်ချိုးနိုင်တဲ့မျက်နှာပြင် နည်းပညာများ၊ AI Assistant နည်းပညာများလည်း ပါဝင်ခဲ့ပါတယ်။ မူရင်းသတင်းကိုတော့ ဒီနေရာ https://www.androidauthority.com/best-of-android-2018-the-best-innovations-928063/ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ စမတ်ဖုန်းများစွာထဲကမှ ဒီလိုမျိုးရွေးချယ် အသိအမှတ်ပြုခံရခြင်းအတွက် Vivo မှများစွာဂုဏ်ယူရပြီး ယခုထက်ပိုမိုဆန်းသစ်သော ခေတ်ရှေ့ပြေးနည်းပညာများကိုလည်း ထပ်မံပြသသွားနိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။

%d bloggers like this: