0 Shares 208 Views

ကလေးတွေအတွက် ပထမဆုံး Mi Bunny စမတ်နာရီကိုထုတ်ဖော်ပြသခဲ့တဲ့ Xiaomi

May 02, 2016
0 208

Xiaomi ဟာ ပြီးခဲ့တဲ့ အပတ်က Mi Bunny လိုခေါ်တဲ့ ကလေးတွေကို ရည်ရွယ်ထုတ်လုပ်ထားတဲ့ Smartwatch နာရီတစ်မျိုးကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၂၉၉ (ကျပ် ၅၅၀၀၀ ခန့်) ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Mi Bunny Smartwatch ဟာ Mi.com ကနေတစ်ဆင့်သာ မှာယူဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ ပထမဆုံး Xiaomi ရဲ့ Smartwatch မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေဟာ မိဘတွေအနေနဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ကူညီပေးမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လကလည်း Xiaomi ဟာ သူတို့ရဲ့ ပထမဆုံး တရားဝင် Smartwatch ကိုဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ထုတ်လုပ်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Mi Bunny ရဲ့ အဓိကပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့ GPS လို့ခေါ်တဲ့ ကမ္ဘာ့တည်နေရာပြစနစ်၊ ရေကြောင်းသွားလာမှုနေရာပြစနစ်နဲ့ Wifi စနစ်တွေတပ်ဆင်ထားတာပါ။ စမတ်လက်ပတ်နာရီအနေနဲ့ ဖုန်းကဒ်ထည့်ပြီး Voice Call ခေါ်တာတွေပါပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ပစ္စည်းဟာ မိသားစုခြောက်ယောက်ရဲ့ ဖုန်းနံပါတ်တွေကိုသိမ်းဆည်းပြီး Free အနေနဲ့ သူတို့ကို ဆက်သွယ်နိုင်မှာပါ။ ကလေးတွေနားမှာ မိသားစုတွေမရှိတဲ့အခါ ဘယ်နေရာမှာရှိတယ်ဆိုတာကို သိနိုင်တယ်လို့ Xiaomi ကဆိုပါတယ်။

အဓိကထားပြောနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ ဒီစမတ်လက်ပတ်နာရီဟာ မိဘတွေကို ကလေးတွေအတွက် အိမ်နဲ့အနီးတစ်ဝိုက်၊ ကျောင်းနဲ့တဝိုက်အပြင် တခြားသွားတတ်တဲ့နေရာတွေအတွက် လုံခြုံစေနိုင်တဲ့ ဧရိယာပမာဏကို စမတ်ဖုန်းတွေကနေ သတ်မှတ်ပေးထားနိုင်တာပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီဧရိယာထဲကနေ ကလေးငယ်ထွက်သွားရင် မိဘတွေဆီ Notification လှမ်းပို့ပေးမှာပါ။

Mi Bunny Smartwatch ဟာ LED မျက်နှာပြင်နဲ့ Liquid Silicon လက်ပတ်တို့တပ်ဆင်ထားပြီး ဘက်ထရီအနေနဲ့ 300mAh ရှိတဲ့ ဘက်ထရီကိုထည့်သွင်းထားတာဖြစ်ကာ အားအပြည့်သွင်းပြီးရင် ခြောက်ရက်လောက်ထိဆက်တိုက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ Mi Bunny ဟာ Android Version 4.2 နဲ့အထက်၊ iOS8 နဲ့ အထက်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ အပြာရောင်နဲ့ ပန်းရောင်ဆိုပြီးနှစ်မျိုးရရှိနိုင်မှာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

Leave a Comment

Most from this category