0 Shares 127 Views

Apple ရုံးချုပ်မှာ အလုပ်သမားတစ်ယောက်သေဆုံး

May 02, 2016
0 127

ဆီလီကွန်တောင်ကြားမှာရှိတဲ့ Apple ရဲ့ ရုံးချုပ်ထဲက အစည်းအဝေးခန်းမထဲမှာ လူတစ်ယောက်သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့၊ ရဲတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိတဲ့ Edward Mackowiak လို့ခေါ်တဲ့ Software Developer ဟာ Campus မှာရှိတဲ့ အစည်းအဝေးခန်းထဲမှာ သေဆုံးနေတာကို ဗုဒ္ဓဟူးနေ့ကတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သူဟာ သေဆုံးချိန်မှာ ခေါင်းမှာဒဏ်ရာကြီးကြီးမားမား ရထားတာကို တွေ့ရတာဖြစ်ပြီး အဲ့ဒီနေရာမှာပဲ သေနတ်တစ်လက်ကိုလည်းတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ မနေ့က Santa Clara ကောင်တီ ကထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေ အရ “မတော်တဆဖြစ်ရပ်ကြောင့်” သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုသေဆုံးမှုဖြစ်ရပ်ကြောင့် Apple အနေနဲ့ နာကျင်ခံစားရကြောင်း ဖော်ပြခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီလိုငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ အလုပ်သမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကို ဝမ်းနည်းမဆုံးဖြစ်ရပါတယ်” လို့ ဖော်ပြထားတာပါ။

Ref: Mirror

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category