သင့် စမတ်ဖုန်းမှ Google Maps App က သင်သွားတဲ့ နေရာများ၊ လမ်းကြောင်းများ အားလုံးကို မှတ်ထားပါတယ်။ ဒီလင့်မှာ Google Maps Location Hisstory ကို ကြည့်နိုင်ပါတယ်။ သင်သွားဖူးတဲ့ နေရာများကို နောက်ပိုင်းမှာ ပြန်လည် ကြည့်ရှုနိုင်ဖို့ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း သင် သွားဖူးတဲ့ နေရာများကို သူများ သိမှာ စိုးရိမ်ရင်တော့ ဖျက်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။
Location History ကို ပိတ်နည်း
Google.com/maps/timeline ကို သွားပါ။ Manage Location History ကို နှိပ်ပါ။ Activity Page မှ Location History ကို ပိတ်ပါ။
နောက်တစ်နည်းက Settings Icon ရဲ့ အောက်မှ Pause Location History ကို နှိပ်နိုင်ပါတယ်။
သင့်ဖုန်းမှ Google Maps App ကို ဖွင့်ပါ။ Menu ကို ဖွင့်ပြီး Your Timeline ကို ရွေးပေးပါ။ နောက်အဆင့်မှာ Menu Button ကို နှိပ်ပြီး Settings ထဲသွားပါ။ Location Settings ကဏ္ဍထဲသွားပြီး Delete all Location History ကို နှိပ်ပါ။
ဒတ်စတော့မှာ ဆိုရင် Google Maps Timeline ထဲသွားပြီး Delete Icon ကို နှိပ်ရင် Location History အားလုံးကို ဖျက်ပေးမှာပါ။
Ref : tnw
သင့်ရဲ့ Google Maps Location History ကို ဘယ်လို ဖျက်မလဲ ?