တင့်ကားလို မာကျောတဲ့ စမတ်ဖုန်း

ဂျပန် စမတ်ဖုန်း ကုမ္ပဏီ Kyocera ကိုတော့ လူသိပ်မသိကြပါဘူး။ သူ့ရဲ့ ဖုန်းများဟာ အလွန် မာကျောကြံ့ခိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးထုတ် DuraForce Pro 2 ရဲ့ Specs များက သိပ်စိတ်ဝင်စားစရာ မကောင်းပါဘူး။ စိတ်ဝင်စားစရာ ကောင်းတာက သူဟာ တင့်ကားလို မာကျောတာပါ။

အခုတော့ သူ့ကို Jerryrigeverything က စမ်းသပ်လိုက်ပါတယ်။ Mohs Hardness Scale နဲ့ ခြစ်ရာထင်အောင် စမ်းသပ်ကြည့်တဲ့ အခါမှာ Level 9 ကျမှသာ ခြစ်ရာများ ထင်ကျန်တာကို မြင်ရပါတယ်။ အခြား ထိပ်တန်း စမတ်ဖုန်းများမှာ ဆိုရင် Level 6 , 7, 8 လောက်မှာ စပြီး ခြစ်ရာများ ထင်ကျန်သွားတာပါ။ သူ့ရဲ့ ဗီဒီယိုကို အောက်မှာ လေ့လာပါ။

Kyocera DuraForce Pro 2 ကို အမေရိကန်မှာ Verizon ကနေ ရောင်းချနေပါတယ်။ သူဟာ IP68 စံနှုန်းရှိတဲ့ အတွက် ရေစိုခံပါတယ်။ Drop , Dust , Shock နဲ့ Temperature ပိုင်းအတွက် Military Standard 810G စံနှုန်းရှိပါတယ်။ Snapdragon 630 Chipset , 4GB RAM , Android 8 Oreo များ ထည့်သွင်းထားပါတယ်။

တင့်ကားလို မာကျောတဲ့ စမတ်ဖုန်း

%d bloggers like this: