3.5mm Audio Jack ဖယ်ထားမယ့် Samsung Galaxy A8s

Samsung က Infinity-O Display ပါတဲ့ Galaxy A8s ကို ဖန်တီးနေပါတယ်။ အခုလည်း တွစ်တာမှာသူ့ရဲ့ ဓါတ်ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူဟာ 3.5mm Audio Jack ကို ဖယ်ရှားထားမယ့် ဆမ်ဆောင်းရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ Galaxy S နဲ့ Galaxy Notes Series များမှာလို ÜSB-C Audio ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းကို တရုတ်မှာ အရင်ဆုံး ကြေညာနိုင်ပါတယ်။ စားသုံးသူများက သဘောကျရင် ဒီဒီဇိုင်းကို ၂၀၁၉ ခုနှစ်ထုတ် Galaxy S10 Series များမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါတယ်။ A8s ရဲ့ မျက်နှာပြင်ကို ကွေးညွှတ် ဖုန်းများ ဖန်တီးနေတဲ့ BOE က ဖန်တီးပေးထားနိုင်ပါတယ်။

ဆမ်ဆောင်းက Galaxy A9s နဲ့ A6s မိတ်ဆက်ပွဲမှာ Galaxy A8s မှာ ပါမယ့် နည်းပညာ အသစ်ကို အရိပ်အမြွက် ပြသခဲ့ဖူးပါတယ်။ အဲဒီကတည်းက A8s မှာ စကရင်ရဲ့ အထက်တွင် အပေါက်ဖောက်ထားပြီး အရှေ့ကင်မရာ မြှပ်နှံထားတာကို သိခဲ့ရပါတယ်။ သူဟာ ဒီနည်းပညာကို သုံးထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ အရှေ့ ကင်မရာ အပြင် Proximity နဲ့ Ambient Light Sensors များကိုလည်း ထည့်သွင်းထားနိုင်ပါတယ်။

Full Screen Smartphone များကို ဖန်တီးဖို့အတွက် Notch နဲ့ Pop Up Camera များကို ဖန်တီးလာကြပါတယ်။ ယခု ဆမ်ဆောင်းရဲ့ ဒီဇိုင်း အသစ်က အဲဒါတွေ မလိုအပ်တော့ပါဘူး။ A8s ရဲ့ Specs နဲ့ ဈေးနှုန်းများကို မသိရသေးပါဘူး။ မကြာခင်မှာ သိရတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena

3.5mm Audio Jack ဖယ်ထားမယ့် Samsung Galaxy A8s

%d bloggers like this: