iMac နဲ့ MacBooks များမှာ Dust Filters မပါလို့ တရားစွဲခံလိုက်ရတဲ့ Apple

Apple ကို တရားစွဲမှု တစ်ခုဖြစ်ပွားလာပါတယ်။ iMacs နဲ့ MacBook များမှာ ဖုန်စစ် ဇကာ မပါတဲ့ အတွက် ဖြစ်ပါတယ်။ အဲဒီအတွက် Display ပြဿနာများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြဿနာဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာတော့ မဟုတ်ပါဘူး။ Apple ကို တမင်ဦးတည်ပြီး တရားစွဲဆိုမှုများ ပြုလုပ်ရာမှာ နာမည်ကျော်တဲ့ Hagens Bermawwn Sobol Shapiro အမည်ရ ဥပဒေ အဖွဲ့အစည်းက တရားစွဲလိုက်တာပါ။

အဲဒီ အဖွဲ့ဟာ Apple ကို အတိတ်မှာ အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့ဖူးပါတယ်။ iBooks Store ရဲ့ ဈေးနှုန်းများကို ပြောင်းလဲခဲ့တဲ့ အတွက် Apple ထံကနေ ဒေါ်လာ သန်း ၄၅၀ ရရှိခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း သူတို့ဟာ Apple ကို မကြာခဏ တရားစွဲခဲ့ဖူးပါတယ်။

ယခုဖြစ်ရပ်မှာတော့ ၂၀၁၃ ခုနှစ်ကစပြီး ရောင်းချခဲ့တဲ့ iMac နဲ့ MacBook များမှာ ဖုန်စစ် ဇကာ မပါဘူးလို့ ပြောပါတယ်။ “ iMac နဲ့ MacBook ပိုင်ရှင်များဟာ စကရင်ရဲ့ အတွင်းပိုင်းမှာ ဖုန်များကြောင့် အမည်းစက်များဖြစ်နေတယ်လို့ တိုင်ကြားထားပါတယ်။ ဒါ့အပြင် စက်ဟာ လေးလံလာပြီး ပိတ် ပိတ်သွားပါတယ်။ “ လို့ တရားရုံးမှာ တိုင်ကြားထားပါတယ်။

Apple က ဒီပြဿနာများအတွက် ပြင်ဆင်စားရိတ်များကို ပေးဖို့ တောင်းဆိုထားကြပါတယ်။ “ Apple ဟာ ဒီလို တန်ဖိုးကြီး စွမ်းရည်မြင့် ကွန်ပြူတာများကို ဝယ်ယူထားသူများအတွက် ပြင်ဆင်စားရိတ်ကို ပေးသင့်တယ်လို့ ထင်ပါတယ်။ “ လို့ ဥပဒေ အဖွဲ့က ပြောပါတယ်။

Ref : techradar

iMac နဲ့ MacBooks များမှာ Dust Filters မပါလို့ တရားစွဲခံလိုက်ရတဲ့ Apple

%d bloggers like this: