10GB RAM ပါလာမယ့္ OnePlus 6T McLaren Edition

OnePlus က ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ McLaren နဲ႔ ပူးေပါင္း ဖန္တီးထားတဲ့ အထူးထုတ္ 6T ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ယခုထြက္ေပၚလာတဲ့ သတင္းမ်ားအရ အဲဒီ စမတ္ဖုန္းမွာ 10GB RAM , 256GB Storage မ်ား ပါလာမယ္လို႔ သိရပါတယ္။ အေနာက္ဘက္မွာ McLaren Logo လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ လန္ဒန္မွာ မိတ္ဆက္ၿပီးေနာက္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ အိႏၵိယတြင္ ေၾကညာမယ္လို႔ သိရပါတယ္။ အကန္႔အသတ္ျဖင့္သာ ေရာင္းခ်မွာပါ။

အျခား Specs မ်ားကေတာ့ သာမာန္ ေမာ္ဒယ္မ်ားနဲ႔ တူညီမွာပါ။ OnePlus 6T ရဲ႕ Specs မ်ားကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ Waterdrop စတုိင္ Notch နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ၊ အရြယ္ႀကီး ဘက္ထရီမ်ား ထည့္သြင္းထားပါတယ္။ သူဟာ ယခင္မ်ိဳးဆက္ထက္ စကရင္ရဲ႕ အထက္နဲ႔ ေအာက္မွ ေဘာင္မ်ားဟာ ပါးလႊာပါတယ္။ လက္ေဗြရာ ကိရိယာကို စကရင္ရဲ႕ ေအာက္ဘက္ျခမ္းမွာ ျမွပ္ႏွံထားပါတယ္။

သူ႔မွာ ၆.၄ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ယခင္မ်ိဳးဆက္ရဲ႕ ၆.၂၈ လက္မထက္ အနည္းငယ္ ႀကီးမားပါတယ္။ OnePlus 6 ရဲ႕ 3300mAh ထက္ပိုႀကီးတဲ့ 3700mAh Battery ထည့္သြင္းထားပါတယ္။ ကင္မရာ ဟာ့ဒ္၀ဲမ်ားဟာ OnePlus 6 နဲ႔ တူညီပါတယ္။ ဒါေပမယ့္ ေဆာ့ဖ္၀ဲ အပိုင္းမွာ ကြာျခားပါတယ္။ အေနာက္ဘက္မွာ 16MP f/1.7 OIS Camera နဲ႔ 20MP f/1.7 Camera မ်ား ထည့္သြင္းထားၿပီး 2x Telephoto Shot ကို ေထာက္ပံ့ပါတယ္။ အေရွ႕ဘက္မွာ 16MP f/2.0 Camera ပါပါတယ္။ Snapdragon 845 Chipset , Android 9 Pie အေျချပဳ OxygenOS ပါပါတယ္။

[Unicode]

10GB RAM ပါလာမယ့် OnePlus 6T McLaren Edition

OnePlus က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ McLaren နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ အထူးထုတ် 6T ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းများအရ အဲဒီ စမတ်ဖုန်းမှာ 10GB RAM , 256GB Storage များ ပါလာမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ McLaren Logo လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လန်ဒန်မှာ မိတ်ဆက်ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယတွင် ကြေညာမယ်လို့ သိရပါတယ်။ အကန့်အသတ်ဖြင့်သာ ရောင်းချမှာပါ။

အခြား Specs များကတော့ သာမာန် မော်ဒယ်များနဲ့ တူညီမှာပါ။ OnePlus 6T ရဲ့ Specs များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ သူ့မှာ Waterdrop စတိုင် Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ၊ အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းထားပါတယ်။ သူဟာ ယခင်မျိုးဆက်ထက် စကရင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ပါးလွှာပါတယ်။ လက်ဗွေရာ ကိရိယာကို စကရင်ရဲ့ အောက်ဘက်ခြမ်းမှာ မြှပ်နှံထားပါတယ်။

သူ့မှာ ၆.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ရဲ့ ၆.၂၈ လက်မထက် အနည်းငယ် ကြီးမားပါတယ်။ OnePlus 6 ရဲ့ 3300mAh ထက်ပိုကြီးတဲ့ 3700mAh Battery ထည့်သွင်းထားပါတယ်။ ကင်မရာ ဟာ့ဒ်ဝဲများဟာ OnePlus 6 နဲ့ တူညီပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲ အပိုင်းမှာ ကွာခြားပါတယ်။ အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။ Snapdragon 845 Chipset , Android 9 Pie အခြေပြု OxygenOS ပါပါတယ်။

%d bloggers like this: