ECG ရတော့မယ့် Apple Watch Series 4

Apple က Watch Series 4 မှာ နှလုံးခုန်နှုန်း မူမမှန်ခြင်းကို တိကျစွာ တိုင်းတာပေးနိုင်တဲ့ ECG လုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ်လို့ ပြောထားပေမယ့် သက်ဆိုင်ရာ နိုင်ငံများရဲ့ ခွင့်ပြုချက်ကို ရရှိဖို့ စောင့်ခဲ့ရပါတယ်။ အခုတော့ အမေရိကန် FDA ရဲ့ ခွင့်ပြုချက်ကို ရရှိသွားပြီ ဖြစ်ပြီး အဲဒီ နိုင်ငံမှ Apple Watch Series 4 User များအတွက် ECG လုပ်ဆောင်ချက်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Apple က ယခုနှစ်ကုန်မှာ ထည့်သွင်းပေးမယ်လို့ ပြောထားပါတယ်။

Apple ဟာ အမေရိကန် FDA ကနေ အသိအမှတ်ပြုလက်မှတ် ရရှိဖို့အတွက် သူ့ စမတ်နာရီအသစ်ကို သုတေသန ပြုလုပ်ပြီး ရလဒ်များအား တင်ပြခဲ့ရပါတယ်။ သုတေသန ရလဒ်များအရ စမတ်နာရီရဲ့ ECG Software ဟာ Atrial Fibrillation(AFib) လို အန္တရာယ်ရှိတဲ့ အခြေအနေကို တိုင်းတာရာမှာ ၉၈ ရာခိုင်နှုန်းကျော် မှန်ကန်တယ်လို့ သိရပါတယ်။

Apple Watch 4 ဟာ သူ့ရဲ့ ဆန်ဆာကို သုံးပြီး ဝတ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါတယ်။ သူ့ရဲ့ ECG ဟာ AFib ကို ဖြစ်စေတာနဲ့ ဆက်စပ်နေတဲ့ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း၊ နှေးခြင်းနဲ့ မူမမှန်ခြင်းများကို စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီအရာများကို စစ်ဆေးတွေ့ရှိတာနဲ့ သူက ဝတ်ဆင်သူကို သတိပေးနိုင်ပါတယ်။

ကနေဒါ ကျန်းမာရေး အာဏာပိုင်များနဲ့ Apple က ဆွေးနွေးနေတဲ့ သတင်းများလည်း ယခင်က ထွက်ခဲ့ဖူးပါတယ်။ နာရီရဲ့ ECG ကို ကနေဒါမှ User များ အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ ကနေဒါ FDA ဟာ အမေရိကန်ထက် ပိုမို စည်းကမ်းများ တင်းကြပ်တဲ့အတွက် ECG ကို အနာဂတ်မှာ ကနေဒါတွင် သုံးနိုင်ဖို့က မသေချာသေးပါဘူး။

Ref : gsmarena

ECG ရတော့မယ့် Apple Watch Series 4

%d bloggers like this: