MWC 2019 မှာ ခေါက်ချိုး ဖုန်းကို ပြသမယ့် OPPO

OPPO က လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ထုုတ်ကုန် မန်နေဂျာ ဖြစ်သူ Chuck Wang က ဒီသတင်းကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူက ခေါက်ချိုး ဖုန်းရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မပြောကြားသေးပါဘူး။ သူက ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်မှာ 5G Smartphone ကို ရောင်းချမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခေါက်ချိုး ဖုန်းများဟာ ရေပန်းစားလာတော့မှာပါ။ LG ကလည်း ဇန်နဝါရီလမှာ ကျင်းပမယ့် Consumer Electronics Show မှာ ခေါက်ချိုး ဖုန်းကို ပြသမှာပါ။ ဟွာဝေးကလည်း MWC မှာ မိတ်ဆက်တော့မှာပါ။ ရှောင်မီကလည်း အဲဒီ ဖုန်းကို ဖန်တီးနေပါတယ်။

ဆမ်ဆောင်းက မကြာခင်က ကျင်းပခဲ့တဲ့ သူ့ရဲ့ Developer Conference (SDC) မှာ ကွေးညွှတ် စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ သူဟာ ဖုန်းလိုရော တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ သူ့မှာ Infinity Flex Display ထည့်သွင်းထားပြီး ကွေးညွှတ် ခေါက်ချိုးနိုင်ပါတယ်။ Pixel Density , Screen Size , Aspect Ratio များ အပါအဝင် ကွေးညွှတ် ဖုန်းရဲ့ အဓိက Specs များကို ဆမ်ဆောင်းက ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ Pixel Density က ၄၂၀ ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် Resolution မှာ 840×1960 ဖြစ်ပြီး ဖြန့်ထားရင် 1536×2152 ဖြစ်ပါတယ်။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်နဲ့ မျက်နှာပြင် အချိုးမှာ 21:9 ဖြစ်ပြီး ဈေးကွက်ထဲမှာ အရှည်ဆုံး ဖုန်း ဖြစ်လာပါတယ်။ ဂိမ်း ကစားခြင်း၊ ဗီဒီယို ကြည့်ခြင်းလို အလုပ်များအတွက်တော့ သိပ်မကောင်းနိုင်ပါဘူး။ တက်ဘလက်လိုသုံးရင် ၇.၃ လက်မ မျက်နှာပြင်နဲ့ မျက်နှာပြင် အချိုးမှာ 4.2:3 ဖြစ်ပြီး တက်ဘလက်တစ်လုံးရဲ့ ပုံမှန် စံနှုန်းနဲ့ တူပါတယ်။

MWC 2019 မှာ ခေါက်ချိုး ဖုန်းကို ပြသမယ့် OPPO

%d bloggers like this: