သိန်း ၆၅၀ ဝန်းကျင် တန်တဲ့ Apple Watch Series 4 Caviar

Caviar က နာမည်ကြီး စမတ်ဖုန်းနဲ့ ထုတ်ကုန်များကို စိန်၊ ရွှေများဖြင့် အလှဆင်ပြီး ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ အခုလည်း Apple Watch Series 4 Caviar ကို ထုတ်လုပ်ရောင်းချပေးလိုက်ပါတယ်။ အနီ၊ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။

နာရီကို ရွှေဖြင့် သွန်းလောင်းထားပြီး ကျောက်သံပတ္တမြား ၆၃၃ လုံးဖြင့် အလှဆင်ထားပါတယ်။ တစ်လုံးစီရဲ့ အရွယ်အစားဟာ ၁.၅ မီလီမီတာ ဖြစ်ပါတယ်။ အနီရောင်မော်ဒယ်မှာ ပတ္တမြား၊ အနက်ရောင်မှာ စိန်အနက်များဖြင့် ဖန်တီးထားပါတယ်။

အဖြူရောင် မော်ဒယ်ကတော့ တန်ဖိုး အကြီးဆုံး မော်ဒယ် ဖြစ်ပြီး အဖြူရောင် စိန်များဖြင့် အလှဆင်ထားပါတယ်။ သူ့ကို ဒေါ်လာ ၄၃ ၈၅၀ သတ်မှတ်ထားပြီး လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ သိန်း ၆၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ အနီရောင် မော်ဒယ်ကို ဒေါ်လာ ၃၇ ၆၅၀ သတ်မှတ်ထားပါတယ်။ ဒီလင့်မှာ အဲဒီ စမတ်နာရီများရဲ့ သတင်းအချက်အလက်များကို ပိုမို သိရမှာ ဖြစ်ပါတယ်။

Ref : gsmarena

သိန်း ၆၅၀ ဝန်းကျင် တန်တဲ့ Apple Watch Series 4 Caviar

%d bloggers like this: