ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Xiaomi ရဲ့ POCO Launcher

Android စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ရဲ့ ကိုယ်ပိုင် User Interface များကို ထည့်သွင်းထားကြပါတယ်။ အဲဒီ User Interface ကို မနှစ်သက်ရင် Launcher App ဖြင့် ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် Launcher App များမှာ အသေးစိတ်ကို Customize ပြုလုပ်နိုင်တဲ့ အားသာချက်များလည်း ရှိပါတယ်။ Android အတွက် Launcher App များစွာ ရှိတဲ့အထဲကမှ စွမ်းဆောင်ရည်မြင့်မားတဲ့ တစ်ခုက အသစ်ထွက်ရှိလာတဲ့ POCO Launcher ဖြစ်ပါတယ်။

သူ့ကို ဖန်တီးထားတာက နာမည်ကျော် MIUI Software ကို ဖန်တီးထားတဲ့ Xiaomi ဖြစ်ပါတယ်။ အဲဒီအတွက် POCO Launcher ဟာ အလွန် စွဲဆောင်မှု ကောင်းမယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး။ သူ့ကို ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ တစ်နေ့တာလုံး သင့် စိတ်ကျေနပ်အောင် အသုံးတော်ခံမယ့် လောင်ချာ ဖြစ်ပါတယ်။ App Icon များကို ပြောင်းခြင်း၊ App Icon များကို ဖွက်ခြင်း၊ Home Screen Function များကို ပြောင်းလဲခြင်း အပါအဝင် လုပ်ဆောင်ချက်များစွာ ပါပါတယ်။ သူ့ရဲ့ ဒီဇိုင်းက သပ်ရပ်လှပပါတယ်။

App Drawer ပါတဲ့ အတွက် Home Screen ဟာ ရှင်းလင်းနေမှာပါ။ Icon Packs များလည်း သူ့မှာ ပါပါတယ်။ App များကို အကြံပြုပေးခြင်း၊ ကဏ္ဍအလိုက် App များကို အလိုလို ဂရုဖွဲ့ထားခြင်း၊ သင် ကိုယ်တိုင် App များကို ဂရုဖွဲ့ခြင်းများ ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးက သူဟာ အလွန်လျှင်မြန်တဲ့ လောင်ချာဖြစ်ပါတယ်။ သင့် Android Phone ကို နေ့တိုင်း အသုံးပြုနေကြတဲ့အတွက် ကြာလာတဲ့အခါမှာ User Interface ဟာ ရိုးအီလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့် ဖုန်းရဲ့ User Interface ကို ဆန်းသစ်လိုက်ရင် ဖုန်းအသစ်တစ်လုံးလို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲပေးနိုင်ဖို့အတွက် POCO Launcher က ကူညီပေးနိုင်ပါတယ်။ သူ့ရဲ့ အရွယ်အစားက 16MB ဖြစ်ပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Xiaomi ရဲ့ POCO Launcher

%d bloggers like this: