Apple ရဲ့ ထုတ်ကုန် ဈေးကွက် ဖြန့်ချီရေး ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Greg Joswiak က Cnet နဲ့ အင်တာဗျူး တစ်ခုမှာ iPhone XR ဟာ ရောင်းအား အကောင်းဆုံး အိုင်ဖုန်း ဖြစ်တယ်လို့ ပြောပါတယ်။ ယခုတစ်ပတ် အစောပိုင်းမှာ iPhone XR ဟာ Apple မျှော်လင့်ထားသလောက် ရောင်းအား မကောင်းဘူးလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
အခုသတင်းက အိုင်ဖုန်း အသစ်များရဲ့ ရောင်းအားနဲ့ ပတ်သက်တဲ့ Apple ရဲ့ ပထမဆုံး တရားဝင် ပြောကြားချက် ဖြစ်ပါတယ်။ ကုမ္ပဏီက ရောင်းချရတဲ့ အလုံးရေကိုတော့ မပြောပါဘူး။ ဒေါ်လာ ၇၅၀ တန် iPhone XR ဟာ ထွက်ရှိပြီးသမျှ တန်ဖိုးအနည်းဆုံး အိုင်ဖုန်းများထက်တောင် ဈေးကြီးမြင့်ပါတယ်။ ယခုလ အစောပိုင်းမှာလည်း အိုင်ဖုန်းများ လျှော့ချထုတ်လုပ်တဲ့ သတင်းများထွက်လာတဲ့ အတွက် အိုင်ဖုန်း အသစ်များရဲ့ ရောင်းအားကို စိုးရိမ်ခဲ့ကြပါသေးတယ်။
iPhone XR ရဲ့ ရောင်းအားကို မပြောတဲ့ အတွက် သူဟာ ထွက်ရှိပြီး သမျှ အိုင်ဖုန်း အားလုံးထဲမှာ ရောင်းအား အကောင်းဆုံးလား ၊ iPhone XS , XS Max များထက် ရောင်းအား ကောင်းတာလား ဆိုတာ မသိရသေးပါဘူး။ XS နဲ့ XS Max များဟာ ယခင်နှစ်ထုတ် iPhone X ရဲ့ မျိုးဆက်များ ဖြစ်ပြီး တန်ဖိုးကြီးမားတဲ့ အတွက် iPhone XR က သူတို့ထက် ရောင်းအား ကောင်းတာလို့ ထင်ရပါတယ်။
ref : theverge
Apple က iPhone XR ဟာ ရောင်အား အကောင်းဆုံး iPhone လို့ ပြော
You must log in to post a comment.