အနီရောင် Honor 8X ကို အိန္ဒိယမှာ ရောင်းပြီ

Honor 8X အတွက် အနက်နဲ့ အပြာရောင်များနဲ့ အတူ အနီရောင်ကိုပါ ကြေညာထားပါတယ်။ အခုတော့ အိန္ဒိယမှာ အနီရောင်ကို ရောင်းချပေးလိုက်ပါတယ်။ Amazon India ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး ဈေးနှုန်းများက ယခင်မော်ဒယ်များနဲ့ တူညီပြီး ရူပီး ၁၄ ၉၉၉ ( ၁၉၀ ယူရို) သတ်မှတ်ထားပါတယ်။ အနီရောင် မော်ဒယ်အတွက် 4GB RAM, 64GB Storage သာ ထည့်သွင်းထားပါတယ်။ 6GB RAM , 128GB Storage ကို လိုချင်ရင် အနက်နဲ့ အပြာရောင်များကို ဝယ်ရမှာ ဖြစ်ပါတယ်။

Honor 8X မှာ ၆.၅ လက်မ Full HD LCD Display ထည့်သွင်းထားပါတယ်။ HiSilicon Kirin 710 Chipset မောင်းနှင်ထားပါတယ်။ 4GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 20MP f/1.8 + 2MP Rear Camera , 16MP f/2.0 Front Camera များ ပါဝင်ပါတယ်။ လျှင်မြန်စွာ အားသွင်း နည်းပညာ ပါတဲ့ 3750mAh Battery ထည့်သွင်းထားပါတယ်။

Honor 8X ဟာ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး စက်တင်ဘာလ အစောပိုင်းမှာ သူနဲ့ အတူ Honor 8X Max ကိုပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 8X Max မှာ ၇.၁၂ လက်မ 2240x1080p Display , 5000mAh Battery များ ထည့်သွင်းထားပါတယ်။ Snapdragon 636 Chipset + 4GB RAM နဲ့ Snapdragon 660 Chipset+ 6GB RAM များ ထုတ်လုပ်ပေးထားပါတယ်။ 16MP f/2.0 + 2MP Main Camera , 8MP f/2.0 Selfie Camera များ ထည့်သွင်းထားပါတယ်။

Ref : gsmarena

အနီရောင် Honor 8X ကို အိန္ဒိယမှာ ရောင်းပြီ

%d bloggers like this: