ကိုယ်နေဟန်ထား မှန်ကန်အောင် သင်ပေးမယ့် Smart Yoga ဝတ်စုံ

သင့် နေအိမ်မှာ ဆရာ မပါဘဲ ရိုးဂ သင်ကြားချင်သူများအတွက် စမတ် ရိုုးဂ ဝတ်စုံကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Pivot Yoga ဖြစ်ပြီး ကိုယ်နေဟန်ထား မှန်ကန်အောင် သင်ကြားပေးနိုင်ဖို့ ဆန်ဆာများ ထည့်သွင်းထားပါတယ်။

Pivot Yoga ဝတ်စုံဟာ သာမာန် ရိုးဂ ဝတ်စုံများနဲ့ ပုံသဏ္ဍာန် တူညီပြီး လျှော်ဖွပ်၍ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ အင်တာနက်ဆက်သွယ်မှုကနေ ကုမ္ပဏီရဲ့ Mobile App နဲ့ ချိတ်ဆက်နိုင်ပါတယ်။ App ကနေ အွန်လိုင်း ရိုးဂ သင်တန်းများကို သင်ယူနိုင်ပါတယ်။ ဝတ်စုံမှ ဆန်ဆာများက သင့်ရဲ့ Live Avatar ကို ဗီဒီယိုမှာ ပြသပေးတဲ့ အတွက် သင့် ကိုယ်နေဟန်ထား မှန်သလားဆိုတာကို သင်က နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

App ကို အသံဖြင့် ထိန်းချုပ်နိုင်ပြီး ရိုုးဂ ကျင့်စဉ်ကို Pause / Start ပြုလုပ်နိုင်ပါတယ်။ စမတ်ဖုန်းမှ Voice Assistant ကို သူနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ “ Pivot , how’s this look ? “ လို့ မေးရင် Assistant က သင့်ရဲ့ ကိုယ်နေဟန်ထားကို ပြင်ပေးမှာ ဖြစ်ပါတယ်။ Apple TV နဲ့ Google Chromecast များကို သုံး၍ App ကို တီဗီသို့ Cast လုပ်နိုင်ပါတယ်။ ဒါ့အပြင် HDMI သို့လည်း တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။

၀တ်စုံကို Micro USB ကနေ အားသွင်းနိုင်ပြီး သူ့မှာ ဝိုင်ဖိုင် ဆက်သွယ်မှုလည်း ပါပါတယ်။ သူ့ကို အလူမီနီယမ်၊ သားရေ၊ ချည်သားနဲ့ ပလတ်စတစ်များဖြင့် ဖန်တီးထားပါတယ်။ တစ်ခါအားသွင်းထားရင် ငါးနာရီ လေ့ကျင့်နိုင်တဲ့ ဘက်ထရီ ပါပါတယ်။ ဝတ်စုံကို ၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : theverge

ကိုယ်နေဟန်ထား မှန်ကန်အောင် သင်ပေးမယ့် Smart Yoga ဝတ်စုံ

%d bloggers like this: