Huawei Mate 20 Pro အတွက် အကောင်းဆုံး Tips များ (အပိုင်း ၁)

Huawei Mate 20 Pro ဟာ အလန်းစား လုပ်ဆောင်ချက်များစွာ ပါတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ သူ့ကို ဝယ်ထားတဲ့ လူများ သို့မဟုတ် သူ့ကို ဝယ်ဖို့ စဉ်းစားနေသူများ အတွက် အကောင်းဆုံး Tips များကို ဖော်ပြပေးလိုက်ပါတယ်။

Gesture Controls များကို Activate လုပ်နည်း

Huawei က Mate 20 Pro ရဲ့ Android 9.0 အခြေပြု EMUI 9.0 မှာ Gesture Controls များကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် Default အနေနဲ့ ထည့်သွင်းပေးထားတာ မဟုတ်ပါဘူး။ Settings> System > System Navigation ထဲသွားပြီး Gestures ကို ရွေးပေးပါ။ ဒါဆိုရင် စကရင်ရဲ့ အောက်ခြေက Navigation Button များ ပျောက်သွားပြီး Gesture များကို သုံးနိုင်မှာပါ။

Gesture Contorls များကို ဒီနည်းလမ်းများ အတိုင်း အသုံးပြုပါ။ Home ကို သွားဖို့ စကရင်ရဲ့ အထက်ကို ပွတ်ဆွဲရမှာပါ။ ဘေးဘက်ကို ပွတ်ဆွဲရင် Back ကို သွားမှာပါ။ အထက်ကို ပွတ်ဆွဲပြီး ဖိထားရင် App Menu ကို ဖွင့်ပေးမှာပါ။

App Drawer ကို သုံးပါ။

ဟွာဝေး ဖုန်း ကိုင်သူ အချို့က Home Screen မှာ App များ ပြန့်ကြဲနေတာကို မနှစ်သက်ဘဲ App Drawer ကို ပြန်သုံးချင်ကြပါတယ်။ ဒီလို လုပ်နိုင်ဖို့ Mate 20 Pro မှာ ပံ့ပိုးပေးထားပါတယ်။ Settings > Home Screen & Wallpaper > Home Screen Style ကို သွားပါ။ Drawer Option ကို ရွေးပါ။

Digital Balance ကို အသုံးပြုနည်း

EMUI 9.0 မှာ Google Pixel 3 များမှာ ပါတဲ့ Digital Wellbeing လို လုပ်ဆောင်ချက် ပါပါတယ်။ သူက သင့်ရဲ့ ဖုန်းနဲ့ App အသုံးပြုမှုကို စောင့်ကြည့်ပေးပါတယ်။ ဖုန်းကို အလွန်အကျွံ မသုံးမိအောင် ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ဟွာဝေးရဲ့ Digital Balance က Google ရဲ့ Digital Wellbeing ထက် အချိန်ပိုကြာစွာ စောင့်ကြည့်ပေးတဲ့ အားသာချက် ရှိပါတယ်။

Settings > Digital Balance ထဲသွားပြီး App အသုံးပြုချိန်၊ တစ်နေ့တာအတွင်း ဖုန်း အသုံးပြုချိန်များကို ကန့်သတ်နိုင်ပါတယ်။ ညဘက်ရောက်ရင် မျက်လုံးထိခိုက်မှု သက်သာစေတဲ့ Night Mode ကို ပြောင်းရမယ့် အချိန်ကိုလည်း သတ်မှတ်ပါ။

AptX HD ပါတဲ့ Bluetooth Headset ကို ဝယ်ပါ။

Mate 20 Pro မှာ နားကြပ်ပေါက် မပါပါဘူး။ သူ့အတွက် ဘလူးတု နားကြပ် ဝယ်မယ်ဆိုရင် AptX HD ပါတာကို ရွေးပါ။ဒီနည်းပညာက Hi-Res Audio Files များကနေ စီဒီ အရည်အသွေးထက် ကောင်းတဲ့ အသံများကို ပံ့ပိုးပေးပါတယ်။ AptX.com မှာ ဒီနည်းပညာပါတဲ့ နားကြပ်များကို ပြသထားပါတယ်။

Super Macro Mode ကို အသုံးပြုနည်း

Mate 20 Pro ကို ဝယ်သင့်တဲ့ အချက်များထဲမှာ မြင်ကွင်းကျယ် ကင်မရာ အသစ် အပြင် Super Macro Mode လည်း ပါပါတယ်။ သူက အလွန်အသေးစိတ်ကျတဲ့ Close-up Shot များကို ဖမ်းယူပေးပါတယ်။ သူ့ကို သုံးဖို့ သီးခြား Settings မရှိပါဘူး။ အောက်ပါ နည်းအတိုင်း ပြုလုပ်ပါ။

Camera App ကို ဖွင့်ပါ။ Zoom Settings ကို နှိပ်ပြီး 0.6x Wide-angle Mode ကို ပြောင်းပေးပါ။ သင် ရိုက်မယ့် အရာဝတ္တုနဲ့ ၂.၅ စင်တီမီတာ အကွာအဝေးလောက်အထိ ကင်မရာကို တိုးလိုက်ပါ။ AI က သင်ရိုက်မယ့် အရာဝတ္ထုကို သိနားလည်သွားရင် Super Macro Mode ကို Activate လုပ်ပေးမှာပါ။ Mode Name မှာ Super Macro Mode ကို ပြောင်းသွားမှာပါ။

သာမာန် Mode နဲ့ ရိုက်ထားတဲ့ပုံကို အောက်မှာ ကြည့်ပါ။

Super Macro Mode နဲ့ ရိုက်ထားရင် အောက်ကပုံမှာလို အသေးစိတ်ကို မြင်ရမှာပါ။

Ref : digitaltrends

Huawei Mate 20 Pro အတွက် အကောင်းဆုံး Tips များ (အပိုင်း ၁)

%d bloggers like this: