Galaxy A Series မ်ားမွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာမ်ား သံုးမယ့္ Samsung

မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာမ်ားဟာ Smartphone Trend တစ္ခု ျဖစ္လာပါၿပီ။ ကုမၸဏီမ်ားက သူတို႔ရဲ႕ စြမ္းရည္ျမင့္ တန္ဖိုးႀကီး စမတ္ဖုန္းမ်ားမွာ အဲဒီ နည္းပညာကို ထည့္သြင္းေပးေနၾကပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက သူ႔ရဲ႕ စြမ္းရည္သင့္ A Series မ်ားမွာပါ ဒီနည္းပညာ ထည့္သြင္းေပးေတာ့မယ္လို႔ သတင္းထြက္လာပါတယ္။

ဆမ္ေဆာင္းက တန္ဖိုးနည္း တရုတ္ စမတ္ဖုန္းမ်ားကို ယွဥ္ၿပိဳင္ဖို႔ အတြက္ ဒီလို ျပဳလုပ္တာလည္း ျဖစ္ႏုိင္ပါတယ္။ စြမ္းရည္ျမင့္ Galaxy S10 Series မ်ားမွာ ထည့္သြင္းမယ့္ Qualcomm ရဲ႕ Ultrasonic Under-display Sensors ကိုေတာ့ A Series Phone မ်ားမွာ ထည့္သြင္းမွာ မဟုတ္ပါဘူး။ အဲဒီအစား Ultrasonic Sensors မ်ားနဲ႔ ယွဥ္ရင္ သိပ္ၿပီး မတိက်တဲ့ Optical Sensors မ်ားကိုသာ A Series မ်ားမွာ ထည့္သြင္းထားမွာ ျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။

A Series မ်ားမွာသံုးမယ့္ ဆန္ဆာမ်ားကို ထုတ္လုပ္ေပးဖို႔ ဆမ္ေဆာင္းက တရုတ္ရဲ႕ Aegis Technology ကို အလုပ္အပ္ထားတယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာပါတဲ့ A Series Smartphone မ်ားကို လာမယ့္ႏွစ္မွာ ဆမ္ေဆာင္းက ေရာင္းခ်မွာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းက မၾကာခင္ကမွ Ultrasonic in-display Fingerprint Sensors မ်ားကို ထုတ္္လုပ္ေပးဖို႔ Qualcomm အား အလုပ္အပ္ခဲ့တယ္ဆိုတဲ့ သတင္းထြက္ေပၚလာၿပီး ရက္ပိုင္းအတြင္းမွာ ဒီသတင္းထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ Ultrasonic Sensor မ်ားဟာ လက္ရွိ Optical Sensors မ်ားထက္ ပိုျမန္ၿပီး Recognition Area ကလည္း ပိုႀကီးမားပါတယ္။

Ref : ndtv

[Unicode]

Galaxy A Series များမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာများ သုံးမယ့် Samsung

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာများဟာ Smartphone Trend တစ်ခု ဖြစ်လာပါပြီ။ ကုမ္ပဏီများက သူတို့ရဲ့ စွမ်းရည်မြင့် တန်ဖိုးကြီး စမတ်ဖုန်းများမှာ အဲဒီ နည်းပညာကို ထည့်သွင်းပေးနေကြပါတယ်။ အခုတော့ ဆမ်ဆောင်းက သူ့ရဲ့ စွမ်းရည်သင့် A Series များမှာပါ ဒီနည်းပညာ ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

ဆမ်ဆောင်းက တန်ဖိုးနည်း တရုတ် စမတ်ဖုန်းများကို ယှဉ်ပြိုင်ဖို့ အတွက် ဒီလို ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ စွမ်းရည်မြင့် Galaxy S10 Series များမှာ ထည့်သွင်းမယ့် Qualcomm ရဲ့ Ultrasonic Under-display Sensors ကိုတော့ A Series Phone များမှာ ထည့်သွင်းမှာ မဟုတ်ပါဘူး။ အဲဒီအစား Ultrasonic Sensors များနဲ့ ယှဉ်ရင် သိပ်ပြီး မတိကျတဲ့ Optical Sensors များကိုသာ A Series များမှာ ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။

A Series များမှာသုံးမယ့် ဆန်ဆာများကို ထုတ်လုပ်ပေးဖို့ ဆမ်ဆောင်းက တရုတ်ရဲ့ Aegis Technology ကို အလုပ်အပ်ထားတယ်လို့ သိရပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ A Series Smartphone များကို လာမယ့်နှစ်မှာ ဆမ်ဆောင်းက ရောင်းချမှာ ဖြစ်ပါတယ်။

ဆမ်ဆောင်းက မကြာခင်ကမှ Ultrasonic in-display Fingerprint Sensors များကို ထုတ်လုပ်ပေးဖို့ Qualcomm အား အလုပ်အပ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာ ဒီသတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Ultrasonic Sensor များဟာ လက်ရှိ Optical Sensors များထက် ပိုမြန်ပြီး Recognition Area ကလည်း ပိုကြီးမားပါတယ်။

Ref : ndtv

%d bloggers like this: