သုတေသန အဖွဲ့အစည်း 2thinknow က အမေရိကန်မှ နည်းပညာ အမြင့်ဆုံး မြို့တော်များကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ သူက မြို့တော်တစ်ခုချင်းစီရဲ့ မှတ်ပုံတင်ထားတဲ့ နည်းပညာ Patent များ၊ Startup များ၊ စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်များ၊ စမတ်ဖုန်း အသုံးပြုမှုများကို အခြေပြု၍ နည်းပညာ အမြင့်ဆုံး မြို့တော်များကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
၁။ San Francisco , California
San Francisco ဟာ 2thinknow ရဲ့ စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ အဲဒီ မြို့မှာ အဆင့်အတန်းမြင့်မားတဲ့ Startup များ၊ စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်များ၊ ဒီဇိုင်နာနဲ့ ပရိုဂရမ်မာများစွာ ရှိပါတယ်။ သူ့ကို ဆီလီကွန် တောင်ကြားလို့လည်း ခေါ်ကြပြီး ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးများစွာလည်း အဲဒီမှာ ရုံးစိုက်ထားပါတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ ကဏ္ဍပေါင်းစုံမှာ သူက အနိုင်ရထားပါတယ်။ နည်းပညာမြင့် ထုတ်ကုန်များအတွက် ကုန်ကြမ်းများလည်း အဲဒီမှာ ရှိနေပါတယ်။
၂။ New York, New York
လက်ဝှေ့ စကားနဲ့ ပြောရရင် နယူးယောက်ဟာ နည်းပညာကဏ္ဍမှာ ဟဲဗီးဝိတ်တန်း ဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာ အခြေခံ အဆောက်အဦးများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့ပါတယ်။ ဒါ့အပြင် နယူးယောက်ဟာ မယုံနိုင်အောင် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ သူ့မှာ နည်းပညာမြင့် ကုမ္ပဏီပေါင်း ၇၀၀၀ နီးပါးရှိပြီး ၂၀၁၃ ခုနှစ် တတိယကွာတားမှာ အလုပ်သမား ၁၀၀ ၀၀၀ ကို နည်းပညာ နယ်ပယ်မှာ အလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အခမဲ့ ဝိုင်ဖိုင် ဝန်ဆောင်မှု LinkNYC ကို မန်ဟက်တန်ရဲ့ တည်နေရာ ၅၀၀ မှာ ပံ့ပိုးပေးထားပါတယ်။
၃။ Los Angeles , California
LA မှာ အဓိက လုပ်ငန်းဟာ ရုပ်ရှင်လုပ်ငန်း တစ်ခုထဲ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်စစ်တမ်းအရ LA မှ နည်းပညာ အလုပ်များဟာ အမေရိကန်ရဲ့ အခြား မြို့များထက် များပြားပါတယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၅၈ ဘီလီယမ်ခန့် ရှိပါတယ်။ သူ့ရဲ့ Startups နဲ့ စွန့်ဦးတီထွင် နည်းပညာ လုပ်ငန်းရှင်များဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
၄။ Boston, Massachusetts
ဘော့စတွန်မှာ အထူးသဖြင့် MIT, Harvard, Tufts, Northeastern တို့လို ကျောင်းများကနေ ဇီဝနည်းပညာနဲ့ စက်ရုပ် နည်းပညာများဟာ လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ဖွံ့ဖြိုးတိုးတက်လာပါတယ်။ Battery Ventures, Atlas Venture, Bessemer Venture Partners , Matrix Venture Partners တို့လို စီးပွားရေး အဖွဲ့အစည်းများစွာလည်း ရှိပါတယ်။ Facebook , Amazon တို့လို နာမည်ကျော် ကုမ္ပဏီများကလည်း အဲဒီမှာ သုတေသနဲ့ ဖွံ့ဖြိုးရေး ဌာနများကို ဖွင့်ထားပါတယ်။
၅။ Chicago, Illinois
ချီကာဂိုဟာ Startups များအတွက် အလွန် ကောင်းတဲ့ မြို့ဖြစ်ပါတယ်။ နည်းပညာမြင့် အလုပ်အကိုင်များစွာလည်း အဲဒီမှာ ရှိပါတယ်။ Brookings Institution က ချီကာဂိုဟာ မြို့ပြဖွံ့ဖြိုးရေး ကဏ္ဍမှာ အလွန် အားကောင်းတယ်လို့ ပြောထားပြီး City Digital က ပဲ့ကိုင်ထားပါတယ်။ City Digital ဟာ စွမ်းအင်၊ ရေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍများရဲ့ အခြေခံ အဆောက်အဦး ပြဿနာများကို ဖြေရှင်းပေးတဲ့ စီမံကိန်း ဖြစ်ပါတယ်။
၆။ Dallas-Fort Worth, Texas
Dallas ဟာ လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ Startup များစုဖွဲ့ရာ အထင်ကရ မြို့တော် ဖြစ်လာပါတယ်။ 2thinknow က ဒဲလ်လက်စ်ဟာ သူ့ရဲ့ မြို့တော်မှာ နည်းပညာများ ထည့်သွင်းလာခြင်းနဲ့ ရင်းနှီးမြှပ်နှံတဲ့ အဖွဲ့အစည်းများစွာ လျှင်မြန်စွာ များပြားလာခြင်းကြောင့် ၂၀၁၆ ခုနှစ်မှာ နံပါတ် ၂၈ နေရာကနေ ၂၀၁၇ ခုနှစ်မှာ ထိပ်ဆုံး ၁၀ ခု စာရင်းထဲ ပါဝင်လာတယ်လို့ ပြောပါတယ်။
၇။ Washington , DC
အမေရိကန်ရဲ့ မြို့တော်ကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နည်းပညာ ကဏ္ဍမှာ လျှင်မြန်စွာ တိုးတက်လာပါတယ်။ နည်းပညာ အလုပ်ပေါင်း ၅၀ ရာခိုင်နှုန်း တိုးပွားလာပါတယ်။ ဒါ့အပြင် ဝါရှင်တန် ဒီစီမှာ Startups ပေါင်း ၁၀၀၀ ကျော် ပေါ်ပေါက်လာပါတယ်။
ref : businessinsider
နည်းပညာ အမြင့်မားဆုံး အမေရိကန် မြို့တော် ခုနစ်ခု