0 Shares 274 Views

ပထမဆုံး Smartwatch ကို ၂၀၁၆ ဒုတိယနှစ်ဝက်မှာ မိတ်ဆက်မည်ဟု Xiaomi ပြော

May 01, 2016
0 274

Xiaomi ဟာ Mi Max စမတ်ဖုန်းသစ်, MIUI 8 ROM နဲ့ Mi Band 2 တို့ကို လာမယ့် မေလ ၁၀ရက်နေ့မှာ ပြုလုပ်မယ့် ပွဲကျရင် မိတ်ဆက်ပြသမယ်လို့ သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ၊ လာမယ့်နှစ်ဝက်လောက်ကျရင် သူတို့ရဲ့ ပထမဆုံး Smartwatch ကို ထုတ်လုပ်မယ်လို့ ဝက်ဘ်ဆိုက်ကနေကြေငြာခဲ့ပါတယ်။

Xiaomi ပူးတွဲတည်ထောင်သူနဲ့ ဒုတိယဥက္ကဌ Di Liu ဟာ စမတ်လက်ပတ်နာရီအတွက် ဘေဂျင်းမြို့မှာပွဲတစ်ခုပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာဆိုရင် Xiaomi ရဲ့ ပထမဆုံးထုတ်လုပ်မယ့် စမတ်လက်ပတ်နာရီပဲဖြစ်တယ်လို့ Gizmo သတင်းမှာဖော်ပြခဲ့တာပါ။ Liu က Xiaomi နေနဲ့ မော်တော်ကားတွေကို အနာဂါတ်မှာထုတ်လုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုပြီးတဲ့နောက်မှာ ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ လျှပ်စစ်စက်ဘီးနဲ့ ဟန်ချက်ထိန်းတဲ့ Hover Board လိုပစ္စည်းတွေကိုတော့ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မှတ်တမ်းတွေအရ ဒါဟာ Xiaomi ရဲ့ Smartwatch အတွက် ပထမဆုံးသတင်းတွေ ထွက်ပေါ်လာတာတော့မဟုတ်ပါဘူး။ ဒီလအစောပိုင်းတုန်းက Xiaomi ရဲ့ စီးပွားဖက် Huami ရဲ့ CEO Wang က Mi အနေနဲ့ နောက်ထပ် Mi လက်ပတ်နာရီအမျိုးအစားသစ်တစ်မျိုးကို ထုတ်လုပ်ဦးမယ်လို့ ဆိုခဲ့ပါတယ်။ Smartwatch အတွက် ခန့်မှန်းထားတဲ့ လုပ်ဆောင်ချက်တွေကတော့ ကြီးမားတဲ့မျက်နှာပြင်နဲ့ ကျန်းမာရေးအထောက်အကူပြုစနစ်တွေ ပါဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။

လတ်တလောမှာတော့ ဈေးနှုန်းအပါအဝင်၊ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ Xiaomi ရဲ့လာမယ့် မေလ၁၀ရက်နေ့မှာ ထုတ်လုပ်မယ့် Mi Band 2 ရဲ့ပုံရိပ်တွေပေါက်ကြားနေတာကိုလည်း တွေ့ရပါတယ်။

Ref: Gadgets360

You may be interested

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Ko Thuya - May 23, 2018

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek

Tha Ra - May 23, 2018

[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Ko Thuya - May 23, 2018

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…

Leave a Comment

Most from this category