Mytel မှ အနုပညာရှင်များနှင့်အတူ My Ga Ya Wa အစီအစဉ်အား မိတ်ဆက်

နိုဝင်ဘာ ၂၀ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန်၊ မြန်မာ။     ။ အနုပညာရှင်များ ဖြစ်ကြသော အောင်လေး၊ ညိမ်းသော်နှင့် ခင်ဝင့်ဝါတို့မှ ပရိသတ်နှင့် သုံးစွဲသူများအား “My Ga Ya Wa” အစီအစဉ်အကြောင်း မျှဝေရန် ၂၀ ရက်နေ့၊ နိုဝင်ဘာလ၊ ၂၀၁၈ ခုနှစ် နေ့လည်တွင် အနော်ရထာလမ်းရှိ Mytel အမှတ်တံဆိပ် အရောင်းပြခန်းသို့ သွားရောက်တွေ့ဆုံခဲ့သည်။ မြန်မာနိုုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံးဖြစ်သော ဆက်သွယ်ရေးအော်ပရေတာ Mytel သည် တန်ဆောင်တိုင် အခါသမယတွင် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် ပျော်ရွှင်စရာများ တိုးပွားစေရန် စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်များ ပေးသွားမည့် “My Ga Ya Wa” အစီအစဉ်အား မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။

My Ga Ya Wa အစီအစဉ်အကြောင်း

“My Ga Ya Wa” အစီအစဉ်တွင် Mytel ကို ယခုမှစတင်သုံးစွဲသူများ ပါဝင်နိုင်မည်ဖြစ်ပြီး ‘Welcome ဘောနပ်(စ်)’ အဖြစ် 1024MB ဒေတာ နှင့် Mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု ၅၀မိနစ်အား စာရင်းပေးသွင်းသောနေ့မှစ၍ ရက် ၃၀ အသုံးပြုနိုင်မည်ဖြစ်သည်။ Mytel စတင်သုံးစွဲမည့်သူများ အတွက် ပထမအကြိမ် အနည်းဆုံးငွေဖြည့်ပမာဏ ၁၀၀၀ကျပ် ဖြည့်သွင်းပါက ဘောနပ်(စ်)ဒေတာ 1024MB ရရှိမည်ဖြစ်ပြီး ငွေဖြည့်သွင်းသောနေ့မှစ၍ ရက် ၃၀ အတွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး လေးစားသမှုဖြင့် အပြန်အလှန် ပေးကမ်းမျှဝေသော တန်ဆောင်တိုင်အချိန်အခါတွင် Mytel မှ သုံးစွဲသူများ၏ လိုအင်နှင့် ထပ်တူကျစေရန် telecom လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ‘Welcome ဘောနပ်(စ်)’ 1GB ဒေတာ နှင့် Mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု ၅၀မိနစ်၊ စတင်ငွေဖြည့် ခြင်းအတွက် 1GB ဒေတာထပ်မံရရှိမည်ဖြစ်ပြီး ဖြည့်ပြီးငွေ ၁၀၀၀ကျပ် နှင့် အင်တာနက်ဒေတာ ဝယ်ယူပါက 1GB ဒေတာနှင့်အတူ ၁၀၂၄ စာတိုပေးပို့ဝန်ဆောင်မှုရရှိသောကြောင့် စုစုပေါင်း 3GB ဒေတာ၊ Mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု ၅၀မိနစ် နှင့် ၁၀၂၄ စာတိုပေးပို့ဝန်ဆောင်မှုရရှိမည်ဖြစ်သည်။ ထို့နောက် ပရိုမိုးရှင်းကာလဖြစ်သော ၁၁ရက် မှ ၃၀ရက် နိုဝင်ဘာလ အတွင်း စာရင်းပေးသွင်းပြီးငွေဖြည့်ပါက ‘Lucky ကုဒ်’ တစ်ခုရရှိမည်ဖြစ်ကာ နေ့စဉ် ၁၀၀၀ကျပ် ငွေဖြည့်လက်ဆောင် နှင့် လက်ဆောင်ခြင်းများအပြင် အပတ်စဉ် တစ်ပတ်လျှင် iPhone Xs – Max တစ်လုံးအား ကံထူးနိုင်မည် ဖြစ်သည်။

%d bloggers like this: