Cisco နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် နည်းဗျူဟာပိုင်း ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ မြန်မာ။

မြန်မာနိုင်ငံ ဆက်သွယ်ရေးဝန်ဆောင်မှူများတွင် ဦးဆောင်လျက်ရှိသည့် အူရီဒူးမြန်မာနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်းတွင် ဦးဆောင်နေသည့် Cisco တို့သည် မြန်မာနိုင်ငံရှိ ကုမ္ဗဏီများ၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် မဟာဗျူဟာပိုင်း  ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤကုမ္ဗဏီ ၂ခု ပူးပေါင်း၍ အထူးသဖြင့် ကွန်ရက် ချိတ်ဆက်ခြင်း၊ နည်းပညာ ပေါင်းစည်းဆောင်ရွက်ခြင်း၊ ဆိုက်ဘာလုံခြုံရေး၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် လုပ်ဆောင်နိုင်စွမ်းကို ထောက်ပံ့ခြင်း စသည့် ကဏ္ဍများတွင် ပူပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ပြောင်းလဲခြင်း အစီအစဉ်ကို ပိုမိုအရှိန်မြင့်စေမည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည့် ဒီဂျစ်တယ်စီးပွားရေးတစ်ရပ် ဖွံဖြိုးလာစေရန် ပံပိုးပေးနိုင်မည်ဖြစ်သည်။ ယနေ့စတင်ခဲ့သည့် သဘောတူညီချက်အရ Cisco နှင့် အူရီဒူးတို့ အတူတကွလက်တွဲ၍ မြန်မာနိုင်ငံရှိ ကဏ္ဍအားလုံးတွင်  ဒီဂျစ်တယ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှု ပိုမိုတိုးတက်လာစေရန်အတွက် အလားအလာရှိသော ဈေးကွက်ပိုင်းဆိုင်ရာ အခွင့်အလမ်းများကို စူးစမ်းလေ့လာဖော်ထုတ်သွားမည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Executive Officer ဖြစ်သူ Mr. Vikram Sinha မှ “စီးပွားရေးလုပ်ငန်းဆိုင်ရာပတ်ဝန်းကျင်မှာ နည်းပညာ တစ်စတစ်စပြောင်းလဲတိုးတက်လာမှု၊  ဆန်းသစ်တီထွင်မှု နဲ့ လုံခြုံရေးတွေဟာ အဓိကသော့ချက်တွေဖြစ်တယ်ဆိုတာ အူရီဒူးအနေနဲ့ အပြည့်အဝနားလည်ပါတယ်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုက လုပ်ငန်းလုပ်ကိုင်နေတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူမိဘပြည်သူတွေကို ၎င်းတို့၏စီးပွားရေးလုပ်ငန်းနယ်ပယ် ပြည့်စုံကောင်းမွန်စေရန်အတွက် ဒီဂျစ်တယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ကွန်ရက်နှင့် မြန်ဆန်ထိရောက်လွယ်ကူစွာနှင့် လုံခြုံစွာချိတ်ဆက် ဆောင်ရွက်နိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အူရီဒူးအနေနဲ့ သေချာစွာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လုံခြုံရေးစနစ်တွေပါဝင်တဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေက ကျွန်တော်တို့ရဲ့ မိတ်ဖက်လုပ်ငန်းတွေအတွက် ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေပေးအပ်နိုင်မယ့် စီးပွားရေးမိတ်ဖက်အဖြစ် ဆောင်ရွက်ပေးနိုင်မယ်လို့  ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Cisco အရှေ့တောင်အာရှ၏ President ဖြစ်သူ Naveen Menon မှ “မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ပြောင်လဲဖော်ဆောင်မှုရဲ့ ထိပ်ဆုံးအနေအထားမှာ ရပ်တည်နေပါတယ်။ နည်းပညာကို အသုံးပြုပြီး   ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းနှင့် ပူပေါင်းဆောင်ရွက်နိုင်စွမ်းတွေက စီးပွားရေးပုံစံသစ်တွေကို ဖန်းတီးပေးနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်စေမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အူရီဒူးနဲ့  လက်တွဲလုပ်ကိုင်ရတာကြောင့် မြန်မာနိုင်ငံအတွက် ချမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ချက်တွေကို  ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အတူတကွ လက်တွဲပြီး ကုမ္ပဏီတွေရဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်၊ နိုင်ငံအနှံ့မှာ နည်းပညာအသုံးပြုမှု ပိုမိုမြင့်တက်လာအောင်၊ အနာဂတ် မျိုးဆက်သစ်တွေရဲ့ ကျွမ်းကျင်မှုတွေ ပိုမို တိုးတက်လာအောင်နဲ့ ကဏ္ဍစုံပါဝင်တဲ့ ဒီဂျစ်တယ်စီးပွားရေးဖော်ဆောင်သွားနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ “ ဟု ပြောကြားလိုက်ပါသည်။

            Cisco နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်းမှုသည် ကွန်ရက်ချိတ်ဆက်ခြင်း၊ နည်းပညာ ပေါင်းစည်းဆောင်ရွက်ခြင်း၊ ဆိုက်ဘာလုံခြုံရေးစနစ်၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် လုပ်ဆောင်နိုင်စွမ်းအား ထောက်ပံ့ပေးခြင်း အစရှိသည့် ကဏ္ဍများတွင် ပူပေါင်းဆောင်ရွက်မည် ဖြစ်သည်။

ကွန်ရက် ချိတ်ဆက်ခြင်း ။      ။ ပိုမိုတိုးတက်ဖွံ့ဖြိုးလာပြီး ထိရောက်ကောင်းမွန်သည့် ကွန်ရက်သည် အိုင်တီ နှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံတိုင်း အတွက်မဆို အခြေခံ လိုအပ်ချက်တစ်ခုဖြစ်သည်။ Ooredoo နှင့် Cisco တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် စွမ်းဆောင်ရည်ကောင်းများ ပိုင်ဆိုင်ထားသည့် လုံခြုံရေးစနစ် ပါဝင်သည့် အားကောင်းသော၊ လုပ်ဆောင်နိုင်စွမ်း ပိုမိုမြင့်မားသော ကွန်ရက်များအား ပေးအပ်သွားနိုင်မည် ဖြစ်သည့်အတွက် အဖွဲ့အစည်းနှစ်ခုစလုံး၏ အကောင်းဆုံးတွေကို ပူးတွဲဝန်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဤ ပူးပေါင်းဆောင်ရွက်မှုသည် အူရီဒူး ၏ Network as a Service (Naas) အစရှိသည့် ဝန်ဆောင်မှုများမှတဆင့် ဗဟိုထိန်းချုပ်မှုနှင့် အဝေးထိန်းစီမံခန့်ခွဲမှု လုပ်ဆောင်နိုင်စွမ်းများကို ပေးအပ်သွားနိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုကြီးများအပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်ပါ သင့်တော်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် ပိုမို မြင့်မားသော အကျိုးကျေးဇူးများ ရရှိစေမည့် ကွန်ရက်များအား အသုံးပြုနိုင်ရန် ကူညီပေးသွားနိုင်မည် ဖြစ်သည်။

နည်းပညာ ပေါင်းစည်းဆောင်ရွက်ခြင်း ။       ။လက်ဖြင့်ကိုင်တွယ် အသုံးပြုနိုင်သည့် စက်ကိရိယာများ အား အသုံးပြုမှု ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ လူသားများ၏ အလုပ်လုပ်ကိုင်မှု၊ နေထိုင်မှု၊ အပန်းဖြေမှုနှင့် လေ့လာသင်ကြားမှု အစရှိသည့်အရာများကို ပြောင်းလဲတိုးတက်လာခဲ့သည်။ ပြတ်တောက်မှုမရှိသည့် မြန်ဆန်ကောင်းမွန်သော ချိတ်ဆက်နိုင်စွမ်းနှင့် ပေါင်းစည်းထားသည့် အတွေ့အကြုံများသည် ယနေ့ခေတ်အတွက် မရှိမဖြစ်ပင်ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှု မှတဆင့် အူရီဒူးအနေဖြင့်  Cisco ၏ များပြားစုံလင်သည့် လုပ်ဆောင်ချက်များနှင့် သင့်လျော်ကောင်းမွန်သည့် ပေါင်းစည်းဆောင်ရွက်ခြင်း နည်းပညာများဖြစ်သည့် (Audio, Video Conferencing, အစည်းအဝေးများ၊ Webex Teams, TPaaS နှင့် UCaas) တို့မှာ သတ်မှတ်ဧရိယာအတွင်း သို့မဟုတ် Cloud ပေါ်တွင် လိုက်လျောညီထွေမှုရှိစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည့်အတွက် အူရီဒူး၏ မြန်မာနိုင်ငံတဝန်းရှိ အသုံးပြုသူ အသီးသီးကို ထောက်ပံ့ပေးအပ်နေသည့် multi-platform ထောက်ပံ့နိုင်စွမ်းတို့ ပူးပေါင်း၍ ဝန်ဆောင်မှုများ ပေးအပ်မည်ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေး ။   ။ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအား ပိုမိုအသုံးပြုလာ ကြသည်နှင့်အမျှ ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံတွေ့ရနိုင်သည့် အလားအလာများလည်း ပိုမိုများပြားလာခဲ့သည်။ ကုမ္ပဏီများ အနေဖြင့် မိမိတို့ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် အန္တရာယ်ရှိသော တိုက်ခိုက်မှုများထက် ဦးစွာ ရှေ့တစ်လှမ်းရောက်ရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် အရည်အချင်းမှန်ကန်ပြည့်ဝသော ဝန်ထမ်းများ၊ လုပ်ငန်းစဉ်များနှင့် နည်းပညာများကို ပိုင်ဆိုင်ထားရန် လိုအပ်မည် ဖြစ်သည်။ Cisco နှင့် အူရီဒူးမြန်မာတို့ပူးပေါင်း၍ ထိုကုမ္ပဏီများအား အန္တရာယ်ရှိသော တိုက်ခိုက်မှုများ၏ရန်မှ ကာကွယ်ပေးနိုင်မည့် မှန်ကန်သော လုံခြုံရေးစနစ်များအား ရရှိအသုံးပြုနိုင်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်သည်။ အဆိုပါ စနစ်များတွင် Cisco ၏ လုံခြုံရေးဆိုင်ရာ တားဆီးကာကွယ်ရေးနှင့် တန်ပြန်တိုက်ခိုက်ရေး ဝန်ဆောင်မှုများဖြစ်သည့် Firewalls, Cisco’s Intrusion Prevention Systems, Cisco Stealthwatch  နှင့် Cisco Umbrella အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

လေ့ကျင့်သင်ကြားပေးခြင်းနှင့် လုပ်ဆောင်နိုင်စွမ်းကို ထောက်ပံ့ပေးခြင်း ။      ။ လုံလောက်သော ကျွမ်းကျင်မှုများအား ပိုင်ဆိုင်ထားသည့် လုပ်သားအင်အားစုအား ပိုင်ဆိုင်ထားခြင်းသည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုရရှိနိုင်စေရန် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ဒေသတွင်း လုပ်ငန်းကျွမ်းကျင်မှုရှိသူများ နည်းပါးနေသေးသဖြင့် မြန်မာနိုင်ငံအနေနှင့် ပြည်တွင်းမှ ကျွမ်းကျင်သူများ ပိုမို မွေးထုတ်ပေးနိုင်ရန် အရေးကြီးလာခဲ့သည်။ Cisco နှင့် အူရီဒူးမြန်မာတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကောင်းမွန်ဆုံးသော လေ့ကျင့်သင်ကြားရေး အရင်းအမြစ်များအား အပြန်အလှန် မျှဝေသွားကြမည့်အပြင် Cisco ၏ Black Belt program အား အသုံးပြု၍ ရေရှည်တည်တံ့၍ ဖွံ့ဖြိုးတိုးတက်သော ဒီဂျစ်တယ် စီးပွားရေးစနစ်ဖော်ဆောင်နိုင်စေရန် ပြည်တွင်းမှ အလားအလာရှိသူများအား မွေးထုတ်ပေးနိုင်ရန် လုပ်ဆောင်သွားပါမည် ။

ရန်ကုန်၊ မြန်မာ။

%d bloggers like this: