အသည်းပြိုလောက်စရာ Selfie ပုံတွေအတွက် 20 MP အရှေ့ကင်မရာနဲ့ ပွဲထွက်လာတော့မယ် Vivo Y95

လူငယ်တွေရဲ့ တစ်ကိုယ်ရည် ဖက်ရှင် Trend တွေထဲမှာ ယခုနောက်ပိုင်း ခေတ်စားလာတဲ့ Accessory တစ်ခုက စမတ်ကျတဲ့ ဖုန်းတစ်လုံးပါ။ ဒါ့အပြင် Facebook လိုမျိုး Social Network တွေပေါ်မှာ အပေါင်းအသင်းတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့အတွက် Selfie Camera ကောင်းတဲ့ ဖုန်းတစ်လုံးရှိဖို့ကလည်း အရေးကြီးပါတယ်။

ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် Mid-Range ဖုန်းတွေကြားမှာ အလွန်နှစ်ရာ ရှားပါးလှတဲ့ 20 MP Front Camera ပါဝင်တဲ့ Y95 ဟာ ဆောင်းခိုးငှက်တွေနဲ့အတူ ပြည်တွင်းစမတ်ဖုန်း လေထုထဲကို မကြာခင် နားခိုလာပါတော့မယ်။

နောက်ထပ်သူ့ရဲ့အရည်အသွေးတွေကို ဖော်ထုတ်ပြရဦးမယ်ဆိုရင်…

  • RAM အနေနဲ့က 4 GB RAM ဆိုတော့ ဖုန်းလောကမှာ ခေသူမဟုတ်။
  • Battery ဟာ 4030 mAh ဆိုတော့ စိတ်ကြိုက်ဖြစ်မယ့် အနေအထားတစ်ရပ်ပါ။
  • Display ပိုင်းမှာဆိုရင်လည်း အခုခေတ်စားနေတဲ့ Halo FullViewTM Display နဲ့ အထာကျကျပါပဲ။
  • Internal Storage ပိုင်းကတော့ 64 GB ဖြစ်လို့ အမှတ်အသားမှာတော့ လောက်လောက်ငှငှပါပဲ။
  • အနောက်ဖက် ကင်မရာကတော့ Duel Lens ကိုမှာ ဒေါင်လိုက်ကလေးဖြစ်ပြီး 13 MP +2 MP ပါတဲ့။
  • 9GHz 64-bit Snapdragon 439 octa-core Chipset ကိုသုံးထားပါတယ်

ဒါ့အပြင် Vivo ရဲ့ အားသာချက်တစ်ခုအဖြစ် AI Framing Lines, AI Portrait Framing, AI Scene Identification တွေကို ဖြည့်စွက်ထားတာဖြစ်လို့ ကျေနပ်လောက်စရာ အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။

ကဲ… ဒီလောက်ဆိုရင်တော့ ဘာလိုသေးလဲ ဦးကြီးရယ်လို့ မေးရမယ့် ဒီဇိုင်းကာလာမှာ ရှိနေပါတယ်။ ဒီလို အချက်အလက်တွေနဲ့အတူ Y95 ဟာ မနည်းလွန်း၊ မများလွန်းတဲ့ အလယ်အလတ်ဈေးနှုန်းတစ်ခုနဲ့အတူ မကြာခင် ထွက်ရှိလာပါတော့မယ်။

လူငယ်တွေရဲ့ အိတ်ကပ်ထဲမှာ နေရာယူမယ့် Y95 ဟာ ပရိသတ်ရဲ့လက်ခုပ်သံတွေနဲ့အတူ ပွဲထွက်လာခဲ့မယ်ဆိုရင်တော့ Vivo အတွက် ဂုဏ်ယူစရာပါပဲ။

%d bloggers like this: