Programming သင်ချင်လား ? ဒီ ဂိမ်းတွေကို ကစားပါ။

ဒီနေ့ခေတ်မှာ သင် ဝါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ဝက်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင် သင်ကြားပေးနိုင်ခြင်း မရှိပေမယ့် ကုဒ်ရေးသားနည်းများကို ဂိမ်းများဖြင့် လေ့ကျင့်ရတာ ပျော်စရာကောင်းပါတယ်။

၁။ CodeMonkey


CodeMonkey က တကယ့် ကွန်ပြူတာ ဘာသာစကား CoffeeScript ကို အသုံးပြု၍ HTML5 ဖြင့် သင့်ကိုယ်ပိုင် ဂိမ်းများ ဖန်တီးတတ်အောင် သင်ကြားပေးပါတယ်။ သူ့ကို ကလေးများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားပေမယ့် လူကြီးများအတွက်လည်း ပျော်စရာကောင်းပါတယ်။

၂။ CodinGame

CodinGame က JavaScript, Ruby နဲ့ PHP အပါအဝင် ကွန်ပြူတာ ဘာသာစကား ၂၅ ခုကျော်ကို သင်ကြားပေးပါတယ်။ သူ့ရဲ့ ကောင်းတဲ့အချက်တစ်ခုက သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတကွ ကစားနိုင်ပြီး နိုင်ငံတကာ ကုဒ်ရေးသားတဲ့ ပြိုင်ပွဲများကိုလည်း ပါဝင်နိုင်ပါတယ်။

၃။ CSS Diner

CSS Diner က CSS ကို ရိုးရှင်းစွာ သင်ကြားပေးတဲ့ ဂိမ်း ဖြစ်ပါတယ်။ CSS Selectors တွေရဲ့ အလုပ်လုပ်ပုံကို သင်ကြားပေးတဲ့ အဆင့် ၃၂ ခု ပါပါတယ်။ အဆင့်တိုင်းမှာ ယခင်အဆင့်မှာ သင်ကြားခဲ့တဲ့ အရာများအပေါ် အခြေခံ၍ ပိုမိုရှုပ်ထွေးတဲ့ ကုဒ်များကို ရေးသားရမှာပါ။

၄။ Flexbox Froggy

CSS Flexbox ရဲ့ အလုပ်လုပ်ပုံကို သင်ကြားချင်ရင် Flexbox Froggy ကို ကစားပါ။ Froggy နဲ့ သူ့သူငယ်ချင်းများကို ကူညီရင်းနဲ့ Flexbox မှ အရာများကို Align လုပ်ရတဲ့ အခြေခံ သင်ခန်းစာများကို သူက ရိုးရှင်းတဲ့ Interface ဖြင့် သင်ပေးမှာပါ။

ref : businessinsider

Programming သင်ချင်လား ? ဒီ ဂိမ်းတွေကို ကစားပါ။

%d bloggers like this: