Bend Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPad Pro 2018

Apple က နောက်ဆုံးထုတ် iPad Pro အသစ်များမှာ ဒီဇိုင်းကို အသားပေး ဖန်တီးထားပါတယ်။ တက်ဘလက် ၂ လုံးဟာ ၅.၉ မီလီမီတာသာ အထူ ရှိပြီး အလွန် ပါးလွှာပါတယ်။ ၁၂.၉ လက်မ မော်ဒယ်ဟာ ယခင်မျိုးဆက်ထက် ၁၅ ရာခိုင်နှုန်း ပိုပါးလွှာပါတယ်။ အဲဒီအတွက်ကြောင့်လည်း သူဟာ သိပ်ပြီး အကြမ်းမခံတာ ဖြစ်နိုင်ပါတယ်။

စမတ်ဖုန်း၊ တက်ဘလက်များရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုများကို မျှဝေနေတဲ့ JerryRigEverything က သူတို့ကို စမ်းသပ်ထားတဲ့ ဗီဒီယိုကို YouTube မှာ တင်လိုက်ပါတယ်။ တင်ဆက်သူ Zack Nelson က တက်ဘလက်ကို အားသိပ်မစိုက်ရဘဲ လက်ဖြင့် နှစ်ပိုင်းချိုးုချလိုက်တာကို မြင်ရပါတယ်။ JerryRigEverything ရဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Nelson က တန်ဖိုးကြီး ကိရိယာများကို ဖျက်ဆီးပြပြီး ဖျော်ဖြေနေတာ သက်သက် မဟုတ်ဘဲ iPad Pro ဟာ ဘယ်လောက် အကြမ်းခံနိုင်တယ်ဆိုတာကို သိနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ မတော်တဆ သူ့အပေါ် ထိုင်မိရင် ကျိုးပျက်သွားမလား ဆိုတာကိုပါ တွက်ဆနိုင်ပါတယ်လို့ သူက ပြောပါတယ်။

iPad Pro အသစ်များကို အလူမီနီယမ်နဲ့ ဖန် ပေါင်းစပ်၍ တည်ဆောက်ထားပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ၇၉၉ ဒေါ်လာ ရှိတဲ့ အတွက် ဈေးကြီးပေးဝယ်ပြီး ဒီလောက်မှ အကြမ်းမခံရင် ဝယ်သင့်ရဲ့လားဆိုတာ စဉ်းစားစရာပါ။

ref : slashgear

Bend Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPad Pro 2018

%d bloggers like this: