AR နည်းပညာနဲ့ သင့်ကို ပုံဆွဲသင်ပေးမယ့် SketchAR

ပန်းချီဆွဲခြင်း ၊ပုံဆွဲခြင်းလို အနုပညာလက်ရာများ ဖန်တီးဖို့အတွက် သင်တန်းများ တက်ရောက်ကြရပါတယ်။ အခုတော့ ပုံဆွဲသင်ပေးတဲ့ Android Apps များစွာ ထွက်ပေါ်လာပါပြီ။ အဲဒီအထဲမှ ထူးခြားဆန်းသစ်တဲ့ App ကတော့ SketchAR ဖြစ်ပါတယ်။ သူက Augmented Reality နည်းပညာကို အသုံးပြု၍ သင့်ကို ပန်းချီဆွဲ သင်ကြားပေးနိုင်ပါတယ်။

App ကို အမှီပြု၍ သင်က စက္ကူပေါ်မှာ ပန်းချီများ ရေးဆွဲရမှာ ဖြစ်ပါတယ်။ သူ့ကို SketchAR, UAB က ဖန်တီးထားခြင်းဖြစ်ပြီး Google Play Store ကနေ အခမဲ့ ရယူနိုင်ပါတယ်။ သူ့ကို အခုမှ ပန်းချီဆွဲ သင်ကြားမယ့် လူများသာမက ပရော်ဖက်ရှင်နယ် ပန်းချီဆရာများပါ အသုံးပြုနိုင်ပါတယ်။ ပန်းချီဆွဲတဲ့ စက္ကူနဲ့ သာမာန် စက္ကူများမှာ လေ့ကျင့်နိုင်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ App ကနေ သင်ဆွဲချင်တဲ့ ရုပ်ပုံကို ရွေးချယ်ရမှာပါ။ ပြီးရင် ဖုန်းကင်မရာကနေ စက္ကူပေါ်ကို ချိန်ရွယ်လိုက်တာနဲ့ အဲဒီ ပုံရိပ်ယောင်ကို စက္ကူပေါ်မှာ ပြသပေးမှာ ဖြစ်ပါတယ်။ သင်က ခဲတံ သို့မဟုတ် ပန်းချီဆွဲတဲ့ စုပ်တံဖြင့် စက္ကူသို့မဟုတ် ပန်းချီဆွဲတဲ့ စက္ကူ၊ ပိတ်စအပေါ်မှာ ပုံရိပ်ယောင်အတိုင်း ရေးဆွဲပေးရမှာ ဖြစ်ပါတယ်။

နံရံနဲ့ ကြီးမားတဲ့ Canvas များပေါ်မှာ ရေးဆွဲချင်ရင်တေ့ Lenovo Phab2Pro , Asus ZenFone AR တို့လို တန်ဂို နည်းပညာပါတဲ့ စမတ်ဖုန်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခြား စမတ်ဖုန်းများမှာတော့ SketchAR က A4/A5 အရွယ်အစား စက္ကူများကို မှန်ကန်စွာ ထောက်ပံ့ပါတယ်။ ကောင်းမွန်တဲ့ပန်းချီကားတစ်ချပ်ရဖို့အတွက် အလင်းရောင်ကောင်းတဲ့ နေရာများကို အသုံးပြုပါ။ သင့် စက္ကူကို မရွေ့လျားအောင် ကလစ်များဖြင့်ညှပ်ထားပါ။ SketchAR ဟာ Android Devices မျိုးစုံကို ထောက်ပံ့ပါတယ်။ သူဟာ Beta အဆင့်သာ ရှိသေးတဲ့အတွက် Error အနည်းငယ် ပါလာနိုင်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံအသေးစိတ်ကို YouTube မှ ဗီဒီယိုမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။


Augmented Reality နဲ့ Virtual Reality နည်းပညာများဟာ ယနေ့ခေတ်မှာ တွင်ကျယ်လာကြပါပြီ။ Apple ရဲ့ နောက်ဆုံးထုတ် iPhone X မှာလည်း Augmented Reality နည်းပညာထည့်သွင်းပေးထားပါတယ်။ ပရိဘောဂပစ္စည်းများ ထုတ်လုပ်ရောင်းချတဲ့ IKEA ကုမ္ပဏီကလည်း သူ့ရဲ့ ပရိဘောဂများကို စားသုံးသူများ မဝယ်ယူခင်မှာ သူတို့ရဲ့ နေအိမ်များတွင် ကောင်းမွန်စွာ နေရာချနိုင်အောင် Aumented Reality နည်း ပညာပါတဲ့ App ကို ထုတ်လုပ်ပေးထားပါတယ်။

Download

AR နည်းပညာနဲ့ သင့်ကို ပုံဆွဲသင်ပေးမယ့် SketchAR

%d bloggers like this: