Notch ၂ ခု ပါတဲ့ ဖုန်းကို Sharp မိတ်ဆက်

လွန်ခဲ့တဲ့ နှစ်က Sharp က ထိပ်မှာ အရွယ်သေး Notch နဲ့ အောက်ခြေမှာ လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားတဲ့ Bezel ပါတဲ့ Aquos R Compact ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း စကရင် နေရာလွတ်များ ပိုရစေသလို Fingerprint Sensor ကိုလည်း ထိန်းသိမ်းထားတဲ့ Aquos R2 Compact ကို ပြသလိုက်ပါတယ်။ သူ့မှာ အထက်နဲ့ အောက်မှာ Notch ၁ ခုစီ ပါတာက ထူးခြားပါတယ်။ ယခင်နှစ် မော်ဒယ်ထက် ဒီဇိုင်း ပိုကောင်းလာပါတယ်။

သူ့မှာ ၅.၂ လက်မ 2280×1080 IGZO LCD ထည့်သွင်းထားပါတယ်။ Snapdragon 845 Chipset, 4GB RAM များ ပါပါတယ်။ Android 9 Pie မောင်းနှင်ထားပါတယ်။ အနောက်ကင်မရာက 22.6MP ဖြစ်ပါတယ်။ ဘက်ထရီက 2500mAh ဖြစ်ပါတယ်။

Notch ၂ ခု ပါတာကို လူတွေ ကြိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဖုန်းအတွင်းပိုင်း အစိတ်အပိုင်းများက အရည်အသွေး မြင့်မားပါတယ်။ အရွယ်သေး ကျစ်လစ်ပြီး Full Screen Design ကို နှစ်သက်သူများအတွက် သူက သင့်တော်ပါတယ်။ ယခင်မော်ဒယ်မှာ စွမ်းရည်သင့် Snapdragon 660 Processor ကိုသာ သုံးထားပါတယ်။ R2 ကို လာမယ့်နှစ်မှာ ဂျပန်တွင်သာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : theverge

Notch ၂ ခု ပါတဲ့ ဖုန်းကို Sharp မိတ်ဆက်

%d bloggers like this: