PUBG ၊ Fortnite အသင်းတွေ ထောင်တော့မယ့် အမေရိကန်ကြည်းတပ်

အမေရိကန်လူငယ်တွေနဲ့ ပိုမိုအဆက်အသွယ်ရှိစေဖို့အတွက် အမေရိကန်ကြည်းတပ် (U.S Army) ဟာ esports အသင်းတခု တည်ထောင်သွားဖို့ ရှိပါတယ်။

အမေရိကန်ကာကွယ်ရေးဌာနရဲ့ သတင်းမီဒီယာတခုဖြစ်တဲ့ Stars and Stripes က ဖော်ပြထားချက်အရ အမေရိကန်ကြည်းတပ်ဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမှုထမ်းတွေနဲ့ Army esports အသင်းတခု တည်ထောင်ဖို့ လျှောက်လွှာတွေ လက်ခံနေပြီဖြစ်တယ်လို့ သိရပါတယ်။ ကြည်းတပ်အတွင်းက လက်ရှိစစ်အမှုထမ်းတွေ၊ အရန်တပ်သားတွေ နဲ့ စစ်မှုထမ်းဟောင်း အကုန်လုံး ယခု (https://docs.google.com/forms/d/e/1FAIpQLSe0hKBSDTG4cTfnxNMQRVQZ0n6PC09cqwkJiAkAkLMyVTHypw/viewform) အွန်လိုင်းဖောင်ကနေ တဆင့် လျှောက်ထားနိုင်ပါတယ်။

အွန်လိုင်းဖောင်မှာ ဖော်ပြထားချက်အရဆိုရင် Fortnite, Call of Duty, Tekken, LoL, PUBG, Overwatch နဲ့ FIFA စတဲ့ ဂိမ်းတွေကို စိတ်ဝင်စားမှုအများဆုံး ရထားတာ တွေ့ရမှာပါ။

Louisiana ပြည်နယ်၊ Slidell က တပ်သားသစ်စုဆောင်းစခန်းတခုမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဆာဂျင် Ryan Meaux က အခုအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ esports ကို အသုံးချကာ Army ကို လူတွေကြားထဲ ပိုရောက်အောင်နဲ့ တပ်သားသစ်ပိုမို ရရှိဖို့အတွက် ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဂိမ်းပြိုင်ပွဲတွေ သွားပြိုင်ရင်း လူငယ်လူရွယ်တွေနဲ့ ပိုရင်းနှီးမှုရပြီး စစ်တပ်ထဲ ဝင်ဖို့ စိတ်ပါလာအောင် ဆွယ်မယ့်သဘောပါ။

ဒီဇင်ဘာလအတွင်း စစ်တပ်အတွင်းမှာ Tekken 7 ပြိုင်ပွဲတခုလုပ်သွားပြီး၊ အနိုင်ရတဲ့သူကို ၂၀၁၉၊ ဇန်နဝါရီလမှာ ကျင်းပမယ့် PAX South arcade ဂိမ်းပြိုင်ပွဲကို သွားပြိုင်ခိုင်းမှာ ဖြစ်တယ်လို့ ဆာဂျင် Meaux က ဆိုပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ တပ်သားသစ်ခေါ်ဖို့ ဗီဒီယိုဂိမ်းတွေကို အသုံးချတာက ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းကလည်း အမေရိကန်ကြည်းတပ်ဟာ Street Fighter 5 esports qualifier ပွဲတခုကို စီစဉ်ကျင်းပ၊ Livestream လွှင့်ပေးခဲ့ပါသေးတယ်။

ဒါ့အပြင် အမေရိကန်ကြည်းတပ်ဟာ America’s Army လို့ ခေါ်တဲ့ ကိုယ်ပိုင်ဂိမ်းတခုလည်း ထုုတ်ထားသေးပါတယ်။ အမေရိကန်စစ်တပ်ရဲ့ America’s Army: Proving Grounds ကို Steam မှာ အခမဲ့ ရယူကစားနိုင်ပါတယ်။

https://store.steampowered.com/app/203290/Americas_Army_Proving_Grounds/

Ref: Polygon

PUBG ၊ Fortnite အသင်းတွေ ထောင်တော့မယ့် အမေရိကန်ကြည်းတပ်

%d bloggers like this: